(၇)ရက်သားသမီးတို့အတွက် ယခုတစ်ပတ်စာ ဟောစာတမ်း

ယခုတစ်ပတ်အတွက် ကံကြမ္မာအဆိုးအကောင်းတွေကို သိလိုကြတဲ့ တစ်ပတ်စာ နေ့အလိုက် ကံကြမ္မာစေဟာစာတမ်းလေးကို Shwemom ကနေ ဖော်ပြထားပါတယ်။ အောက်မှာ ဆက်လက်လေ့လာကြည့်ပါဦး။

# တနင်္ဂနွေ

တနင်္ဂနွေနေ့ဖွား သားသမီးတွေအနေနဲ့ ယခုတစ်ပတ်မှာ စီးပွားရေး၊ ပညာရေး၊ အချစ်ရေး၊ လူမှုရေး အစစအရာရာ ပြေလည်ဖို့ရှိပါတယ်။ အပြီးမသတ်နိုင်တဲ့ အလုပ်ကြွေးတွေကြောင့် စိတ်ပူပင်မှုတွေ ခံစားရတတ်ပြီး၊ သူတစ်ပါးရဲ့ အချစ်ရေးကြားကို ဝင်မိလို့ အထင်လွဲအပြစ်တင်ခံရကိန်း ကြုံရနိုင်ပါတယ်။ အထူးသဖြင့် စာချုပ်စာတမ်း လက်မှတ်ထိုးတဲ့ကိစ္စရပ်တွေမှာ ဆင်ခြင်ဖို့လိုပြီး၊ အစုအစပ်လုပ်ငန်းတွေဆီက အကျိုးအမြတ်ပေါ်နိုင်ပါတယ်။ လက်ရှိချစ်သူကိုပဲ အသည်းစွဲ ချစ်နေရဖို့ရှိပါတယ်။ ကံကောင်းစေမယ့် အရောင်- မိုးပြာရောင်၊ ကြက်သွေး၊ အနက်။ ကံကောင်းစေမယ့် ဂဏန်း- ၁/၅/၉။

# တနင်္လာ

တင်္လာသားသမီးတွေအတွက်တော့ ယခုတစ်ပတ်မှာ ထီအကျိုးပေးဖို့ ရှိပါတယ်။ ကံကြမ္မာကောင်းကို လက်မလွှတ်ပါနဲ့။ ထင်မှတ်မထားတဲ့ ငွေကုန်ပေါက်လည်း ကြုံရကိန်းရှိပါတယ်။ မများပါဘူး။ နှာစေး၊ အအေးမိ၊ ချောင်းဆိုးစတဲ့ အာဂန္ဓုရောဂါလေးတွေ ဂရုစိုက်ဖို့လိုပါတယ်။ ပညာရေး(သင့်)၊ အချစ်ရေး(သင့်) စီးပွားရေးနဲ့ လုပ်ငန်းကိုင်ငန်း(ကောင်း)လို့ ဆိုရမှာပါ။ ရေကြောင်းသွားလာမှုကို ဆင်ခြင်ပါဦး။ ကံကောင်းစေမယ့်အရောင်- အဝါ၊ ပတ္တမြားရောင်၊ အနက်။ ကံကောင်းစေမယ့် ဂဏန်း ၂/၆/၈။

# အင်္ဂါ

အင်္ဂါသားသမီးတို့အတွက်တော့ အချစ်ရေးက လိုက်လေဝေးလေ ရပ်တန့်နေပြန်တော့လည်း ဘာသိဘာသာ ဖြစ်နေမယ့် အချိန်ကာလပါဘဲ။ စိတ်ရှည်သည်းခံခြင်းက သင့်ကို စမ်းသပ်ပါလိမ့်မယ်။ လုပ်ငန်းကိုင်ငန်း အပြောင်းအလဲ ရှိနိုင်ပြီး၊ လက်ရှိအလုပ်မှာ ရာထူးတိုးတာတို့၊ အခြားလစာကောင်းတဲ့အလုပ်အသစ်ကို ပြောင်းရတာတို့ ဖြစ်နိုင်မယ့် ရက်သတ္တပတ်ပါဘဲ။ ဒါပေမယ့် လက်လွန်နေတဲ့ ရမယ့်ပိုက်ဆံတွေ ပြန်မရလို့ စိတ်ပူပင်သောကများရဖို့ ရှိပါတယ်။ ကံကောင်းစေမယ့် အရောင် အစိမ်း၊ အဝါ၊ အဖြူ၊ မီးခိုး။ ကံကောင်းစေမယ့် ဂဏန်း- ၁/၃/၅။

READ
(၁၂)ရာသီခွင်တွေထဲမှာ အထူးခြားဆုံးဖြစ်နေတဲ့ မိန်ရာသီဖွားတွေအကြောင်း

# ဗုဒ္ဓဟူး/ရာဟု

ဗုဒ္ဓဟူး/ရာဟုဖွားတွေကတော့ ပညာရေးနဲ့ အချစ်ရေး အလွန်ကောင်းမယ့် ရသတ္တပတ်ပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့် အသီးအပွင့်တွေ ခံစားရမှာပါ။ လုပ်ငန်းကိုင်ငန်းနဲ့ စီးပွားရေးကတော့ အသင့်အတင့်ဖြစ်ပြီး၊ အိမ်ရောင်းအိမ်ဝယ်လုပ်တဲ့သူတွေ သတိထား ရောင်းဝယ်ရမယ့် ရက်သတ္တပတ်ဖြစ်ပါတယ်။ ရောင်းမှားဝယ်မှား ဖြစ်တတ်လို့ပါ။ မလိုသူတွေရဲ့ ချောက်ချအကောက်ကြံခြင်းကိုလည်း ဂရုစိုက်ပါ။ ကံကောင်းစေမယ့် အရောင်- အဖြူ၊ အညို။ ကံကောင်းစေမယ့် ဂဏန်း- ၅/၆/၈။

# ကြာသပတေး

ကြာသပတေးသားသမီးတွေကတော့ ယခုတစ်ပတ်မှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အလုပ်တွေ အပြီးရပ်ဖို့ ဆုံးဖြတ်ရမယ့် အချိန်ပါဘဲ။ ပညာရေး အထူးကောင်း၊ အချစ်ရေး(သင့်) ဖြစ်ပါတယ်။ အချစ်ရေးမှာတာ့ စန်းအလွန်ပွင့်တယ်လို့ အထင်ခံရပေမယ့် လက်ဆုပ်လက်ကိုင် ပြစရာမရှိလို့ စိတ်ညစ်နေရမယ့်အချိန်ပါဘဲ။ ဒါပေမယ့် စိတ်မပူပါနဲ့ သင်နဲ့ထိုက်တန်သူက ရှိပြီးသားပါ။ အိမ်ထောင်ရေးကတော့ ကတောက်ကဆလေးတွေ ဖြစ်ဖို့ရှိပါတယ်။ ပြေလည်သွားမှာပါ။ စီးပွားရေးမှာ စပ်တူလုပ်ငန်းသမားတွေ အမြတ်ပေါ်ဖို့ရှိပါတယ်။ လုပ်ငန်းခွင်မှာ သူဌေးရဲ့ အထူးယုံကြည်ခံရဖို့ ရှိပါတယ်။ ကံကောင်းစေမယ့် အရောင် – အပြာ၊ အနက်၊ အဖြူ၊ ငှက်ပျောစိမ်း။ ကံကောင်းစေမယ့် ဂဏန်း – ၀/၆/၇။

READ
Aries(မိဿရာသီဖွား) ကောင်မလေးကို ချစ်မိရင်.......

# သောကြာ

သောကြာသားတွေအတွက် ထီနဲ့၊ ငွေကံအကျိုးပေမယ့် အချိန်ပါ။ ထင်မှတ်မထားတဲ့ ပမာဏကိုတောင် ပိုင်ဆိုင်ရဖို့ရှိပါတယ်။ အချစ်ရေး အသင့်အတင့်၊ အိမ်ထောင်ရေး အသင့်အတင့်ပါ။ ပညာရေးလည်း ကောင်းမွန်ပြီး၊ အများရဲ့အလယ်မှာ ထင်ပေါ်ကျော်ကြားမယ့် အချိန်ကာလဖြစ်ပါတယ်။ လုပ်ငန်းလည်း အဆင်ပြေမှာဖြစ်ပြီး၊ ရာထူးတိုးခြင်း၊ လစာတိုးခြင်းတွေရှိလို့ ယခုတစ်ပတ်ကတော့ သောကြာတို့ ကံပေါ်မယ့် ရက်သတ္တပတ်လို့တောင် ပြောလို့ရပါတယ်။ ကံကောင်းစေမယ့် အရောင် – အဖြူ၊ အညို- အနီ၊ အနက်။ ကံကောင်းစေမယ့် ဂဏန်း – ၁/၄/၇။

# စနေ

စနေသားသမီးတွေအတွက် ထင်မှတ်မထားတဲ့ဆီက ငွေအလုံးအရင်းနဲ့ ဝင်တာပဲဖြစ်ဖြစ်၊ ဆုံးပြီလို့ထင်တဲ့ ငွေတွေ ပြန်ရတာပဲဖြစ်ဖြစ်၊ လုပ်ငန်းတွေကနေ ငွေတွေပြန်ပေါ်ပြီး အမြတ်အစွန်းတွေ ရတာပဲဖြစ်ဖြစ် အကျိုးပေးမှာပါ။ လုပ်ငန်းကြီးလုပ်သူတွေအတွက်တော့ စာချုပ်မှား၊ လူပေါင်းမှား သတိထားရမယ့် ရသတ္တပတ်ဖြစ်ပါတယ်။ သားသမီးရတနာ သန္ဓေသွန်းခနိုင်တဲ့ ရက်သတ္တပတ်ဖြစ်ပြီး၊ အချစ်ရေးမပြေလည်သူတွေအတွက်တော့ သည်းခံစောင့်စားရဦးမယ့် အချိန်ပါ။ အကျိုးပေး အရောင် – အနီ၊ အပြာ၊ အနက်။ ကံကောင်းစေမယ့် ဂဏန်း -၀/၁/၇။

နတ်စည်တော် (Shwemom)

SHARE