အရုပ်အဖြစ်ဖန်တီးထားတဲ့ အလောင်းကောင်နဲ့ နှစ်ပေါင်းများစွာ အတူအိပ်စက်ခဲ့တဲ့ အမျိုးသား

ဘ၀မှာ အချစ်စစ်နဲ့ တွေ့ကြုံခဲ့ရပေမယ့် ခွဲခွာချိန် ရောက်တဲ့မှာတော့ အမှတ်တရဖြစ်ရပ်တွေဟာ မှတ်ဥာဏ်တွေအဖြစ်နဲ့သာ ကျန်ရှိပါတော့တယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း အချစ်ကြီးသူ အမျိုးသားတစ်ဦးကတော့ မှတ်ဥာဏ်တွေအဖြစ်နဲ့တင် မကျေနပ်နိုင်ပဲ ကွယ်လွန်သွားတဲ့ ချစ်သူကို အရုပ်တစ်ရုပ်အသွင် ပြောင်းကာ ကိုယ်နဲ့မကွာထားရှိခဲ့ပါတယ်။ ယင်းအမျိုးသားကတော့ ကားလ်တန်ဇလာ တဖြစ်လဲ ဒေါက်တာကားလ်ဗွန်ကိုဆဲလ် ဆိုသူဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ (၁၉၃၀)ပြည့်နှစ် ၀န်းကျင်လောက်က ဖြစ်ပွားခဲ့ပါတာပါ။

elitereaders

ဒေါက်တာကားလ်ဟာ ဖလော်ရီဒါပြည်နယ် အမေရိကန်ရေတပ်ဆေးရုံက ဓာတ်မှန်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဒေါက်တာကားလ်ဟာ သူ့ဆီကို ဓာတ်မှန်ရိုက်ဖို့ ရောက်လာတဲ့ တီဘီလူနာ အယ်လီနာ မီလာဂရိုဒဟိုရိုစ်ဆိုသူ အမျိုးသမီးကို တွေ့တွေ့ချင်းပဲ ချစ်ခင်နှစ်သက်ခဲ့ပါတယ်။ အယ်လီနာဟာ ကျူးဘား-အမေရိကန်စပ် မိန်းမပျိုလေးတစ်ဦးဖြစ်ပါတယ်။ ထိုအချိန်မှာ ဒေါက်တာကားလ်ဟာ အသက်(၅၀)အရွယ်ရှိနေပြီဖြစ်ပြီး ဇနီးနဲ့ သမီးလေးနှစ်ယောက်တောင် ရှိနေပါပြီ။

elitereaders

ဒေါက်တာကားလ်ဟာ အယ်လီနာကို အဖိုးတန်ဆေးရည်တွေတိုက်ကျွေးပြီး ရွှေငွေလက်ဝတ်ရတနာတွေနဲ့ အ၀တ်အစားတွေ အမျိုးမျိုးဝယ်ပေးကာ ပိုးပန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လီနာက သူမရဲ့ ရောဂါနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ (၁၉၃၀)ခုနှစ်က ဖြစ်ပျက်ခဲ့တာကြောင့် အယ်လီနာရဲ့ တီဘီအဆုပ်နာ ရောဂါဟာ ယနေ့ခေတ်လို အလွယ်တကူ ကုသလို့ မရနိုင်ခဲ့ပါဘူး။

READ
သမန်းကုန်း ဘုန်းကြီးကျောင်းမှ နှစ်ရှည်သရဲကြီးတစ်ကောင် အကြောင်း
Florida Keys Public Library

ဝမ်းနည်းကြေကွဲစွာနဲ့ပဲ ဒေါက်တာကားလ်ဟာ အယ်လီနာရဲ့ မိသားစု သဘောတူညီချက်ကို ရယူပြီး အသုဘ ကုန်ကျစရိတ်တွေ အားလုံးအကုန်ကျခံကာ သူမအတွက် သီးသန့်ဂူဗိမာန်လေး တစ်လုံးကို ကီးဝက်စ်သင်္ချိုင်းမှာ ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဒေါက်တာကားလ်ဟာ ညတိုင်းလိုလို အယ်လီနာရှိရာ သင်္ချိုင်းဂူထဲသွားကာ အချိန်ဖြုန်းလေ့ရှိပါတယ်။ ကားလ်က အယ်လီနာဟာ သူ့ကိုတစ္ဆေအဖြစ်နဲ့ တွေ့ဆုံပြီး စပိန်ဘာသာစကားနဲ့ သီချင်းဆိုပြလေ့ရှိကြောင်းနဲ့ သူမကို ခေါ်သွားဖို့တောင်းပန်ကြောင်း ပြောပြခဲ့ပါတယ်။

Wikimedia

ဒီလိုနဲ့ တစ်နှစ်ခွဲလောက်ကြာတဲ့အခါမှာတော့ ဒေါက်တာကားလ်ဟာ မကြံစည်အပ်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လိုက်ပါတယ်။ ကားလ်ဟာ အယ်လီနာရဲ့ ယိုယွင်းနေတဲ့အလောင်းကို တိတ်တဆိတ်တူးဖော်ပြီး သူ့အိမ်ကို ယူသွားပါတယ်။ သူတတ်မှတ်သလောက် ဆေးပညာနဲ့ အလောင်းကို ရေရှည်ခံအောင် ထိန်းသိမ်းဖို့ သူ့နည်းသူ့ဟန်နဲ့ စီမံပါတော့တယ်။ ကားလ်ဟာ အယ်လီနာရဲ့ အရိုးတွေကို ချိတ်တွေ၊ ၀ါယာကြိုးတွေသုံးပြီး စုစည်းချည်နှောင်ကာ ပုပ်ပွနေတဲ့အသားတွေကိုတော့ ပဲ့မကြွေကျအောင် ဖယောင်းနဲ့ရောထားတဲ့ ပလတ်စတာရည်ထဲမှာ နှစ်စိမ်ထားတဲ့ ပိုးဖဲစနဲ့ ဖိကပ်ချလိုက်ပါတယ်။

Florida Keys Public Library

အယ်လီနာရဲ့ ၀မ်းဗိုက်နဲ့ လစ်လပ်နေတဲ့ နေရာတွေထဲကိုတော့ အ၀တ်စတွေနဲ့ အစာသွပ်ခဲ့ပါတယ်။ အလောင်းကို တာရှည်ခံအောင် ဖော်မယ်ဒီဟိုက်နဲ့ ထိန်းသိမ်းပြီး ရေမွှေးပုလင်းတွေပါ ပက်ဖြန်းခဲ့ပါသေးတယ်။ ဒါ့အပြင် ဒေါက်တာကားလ်ဟာ အလောင်းကောင် ၀တ်ဆင်ဖို့ အ၀တ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကိုလည်း ၀ယ်ပေးခဲ့ပါတယ်။ အလောင်းောင်ရဲ့ခေါင်းမှာတော့ သူမရဲ့ ဆံပင်ကိုဖြတ်ပြီး ဆံပင်တုလုပ်ကာ ပြန်စွပ်ထားခဲ့ပါတယ်။

READ
Warren စုံတွဲ ဖြေရှင်းခဲ့တဲ့ပရလောကဖြစ်စဉ်တွေထဲက (၃)ခု
Florida Keys Public Library

အယ်လီနာကို အရုပ်အဖြစ်အစာသွပ်ပြီးတဲ့အခါမှာလည်း ဒေါက်တာကားလ်က ဒီအတိုင်းပစ်မထားပါဘူး။ သူ့ရဲ့ အချိန်တော်တော်များများကို အရုပ်မနဲ့အတူကုန်ဆုံးခဲ့ပါတယ်။ အရုပ်မနဲ့ ကလေ့ရှိသလို ညဘက်တွေမှာလည်း အတူတူအိပ်လေ့ရှိပါတယ်။ ဒီလိုနဲ့ (၇)နှစ်တာကြာပြီးနောက်မှာတော့ ကားလ်နဲ့ပတ်သက်လို့ သတိထားမိတဲ့သူတွေ များလာပါတယ်။ မကြာခဏဆိုသလို မိန်းမအ၀တ်အစားတွေနဲ့ ရေမွှေးတွေအများကြီးဝယ်တတ်တာ၊ တစ်ခါတစ်လေ အရုပ်ကြီးတစ်ရုပ်နဲ့ ကနေတာကို ပြတင်းပေါက်ကနေ လှမ်းတွေ့လိုက်တဲ့သူတွေလည်း ရှိလာပါတယ်။ ထိုကနေတဆင့် ကောလဟာလတွေပြန့်လာပြီးနောက်ပိုင်း ဒေါက်တာကားလ်ကို စစ်ဆေးမေးမြန်းရာမှာ အခုလိုခြောက်ခြားစရာ အဖြစ်အပျက်ကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒေါက်တာကားလ်အနေနဲ့ အလောင်းကောင်းကို ဖော်ပြီး မသတီစရာအလုပ်ကို လုပ်ခဲ့ပေမယ့် ဥပဒေပြဌာန်းချက်ထဲက သတ်မှတ်ချက်တွေနဲ့ အကျုံးမ၀င်တာကြောင့် အမှုကလွတ်ကင်းခဲ့ရပါတယ်။ ယင်းအဖြစ်ကတော့ ဖလော်ရီဒါပြည်နယ်တလွှားမှာ ထင်ရှားခဲ့တဲ့ဖြစ်ရပ်ဖြစ်ပြီး အယ်လီနာရဲ့ ရုပ်ကြွင်းကိုတော့ သင်္ချိုင်းထဲမှာပဲ ပြန်လည်မြှုပ်နှံခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE