ယောက်ျားလေးတွေ သဘောကျကြတဲ့ မိန်းကလေးတွေရဲ့ပုံစံများ

မိန်းကလေးတွေမှာ သူတို့ရဲ့ စိတ်ကူးထဲက ယောကျာ်းလေးပုံစံတွေရှိသလို ယောကျာ်းလေးတွေမှာလည်း သူတို့ရဲ့ စိတ်ကူးထဲက မိန်းကလေးပုံစံတွေရှိကြပါတယ်။ ယောကျာ်းလေးတွေ သဘောကျကြတဲ့ စိတ်ကူးထဲက မိန်းကလေးပုံစံတွေကို မျှဝေပေးလိုက်ပါတယ်နော်။

(၁) စိတ်ထားဖြူစင်တဲ့ မိန်းကလေးမျိုး

တချို့ယောကျာ်းလေးတွေက ရုပ်ရှည်ထက် စိတ်ထားအလှကို ပိုကြိုက်ကြတယ်။ မိန်းကလေးတစ်ယောက် စိတ်ထားလှရင် မျက်နှာလေးက ၀င်းလာတယ်။ ဘာမှမလိမ်းထား၊ မပြင်ထားရင်တောင် မျက်နှာလေးက ကြည်နေတဲ့ မိန်းကလေးမျိုးကို သဘောကျကြတယ်။ အဲ့ဒါကြောင့် စိတ်ထားကောင်းဖို့က အဓိကပါပဲ။

(၂) ပျော်ပျော်နေတတ်တဲ့ မိန်းကလေးမျိုး

ပျော်ပျော်နေတတ်ပြီးအမြဲပြုံးနေတဲ့ မိန်းကလေးပုံစံမျိုးကို သဘောကျကြတယ်။ အပြုံးက လူတိုင်းကို အေးချမ်းသွားစေပါတယ်။ ယောက်ျားလေးအများစုက အမြဲပျော်ရွင်နေတတ်ပြီး တစ်ခုခုဆို စိတ်ထဲအရမ်းမထားတတ်တဲ့ မိန်းကလေးမျိုးတွေဆို ကြွေတတ်ကြပါတယ်။

(၃) ယုံကြည်မှုရှိနေတဲ့ မိန်းကလေးမျိုး

ကိုယ့်ကိုယ်ကို ယုံကြည်မူရှိနေတဲ့ မိန်းကလေးတွေက ဆွဲဆောင်မှုရှိကြတယ်။ အဲ့လိုမိန်းကလေးမျိုးရဲ့ မျက်နှာက အမြဲ ယုံကြည်မူရှိနေတဲ့ မျက်နှာမျိုးပါ။ ဆုံးဖြတ်ချက် တစ်ခုခုဆို တွေးဝေမနေဘဲ ရဲရဲဝံ့ဝံ့ ဆုံဖြတ်ချချက်နိုင်တယ်။ ယောက်ျားလေးတွေက သူတို့ဘေးမှာ အဲ့လို မိန်းကလေးမျိုးကိုခေါ်ထားချင်ကြတယ်။ ယုံကြည်မူအမြဲရှိနေတဲ့ မိန်းကလေးတွေဟာ တိုင်ပင်ရ အကောင်းဆုံးမိန်းကလေးမျိုးထဲမှာပါပါတယ်။ အဲ့ဒါကြောင့် အဲ့လိုပုံစံမျိုးရှိတဲ့ မိန်းကလေးတွေက သူတို့အတွက် အမြဲ ဆွဲဆောင်မှုရှိနေတာပါ။

READ
ရေသန့်ဗူးခွံ၊အချိုရည်ဗူးခွံတွေကို ပြန်လည်အသုံးချနည်းများ

(၄) ဟာသဥာဏ်ရွှင်တဲ့ မိန်းကလေးမျိုး

အပေါင်းအသင်းတွေကြားမှာဆို ဟာသဥာဏ်ရွင်တဲ့ မိန်းကလေးတွေက ထင်ပေါ်ပါတယ်။ ဟာသဥာဏ်ရွင်တဲ့မိန်းကလေးတွေက သူများကို ပျော်စေချင်တဲ့ စိတ်ကြောင့် ဟာသတွေ ပြောပြတတ်တာပါ။ သူတို့ရဲ့ စိတ်ထဲမှာတစ်ခုခုဖြစ်နေရင် တောင်ဖုံးကွယ်ထားတတ်ကြတယ်။ ယောက်ျားလေးတွေက  အဲ့လိုပုံစံမိန်းကလေးမျိုးတွေကို သဘောကျကြတာများပါတယ်။

(၅) ခန္ဓာကိုယ်လှတဲ့ မိန်းကလေးမျိုး

ဒါကတော့ ယောကျာ်းမှန်ရင်တော့ သဘောကျကြတာချည်းပါပဲ။ မိန်းကလေးတစ်ယောက် ရုပ်ရည်အရမ်းမရှိရင်တောင် ခန္ဓာကိုယ်လှရင် ဆွဲဆောင်မူရှိလာတာမျိုးပါ။ သူတို့တွေက အဲ့လို ခန္ဓာကိုယ်လှတဲ့ မိန်းကလေးမျိုးကိုတော့ အသေကိုကြွေကြတာပါ။ အဲ့ဒါက သူတို့သဘောကျတဲ့ မိန်းကလေးပုံစံမျိုးပေါ့။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE