အမျိုးသားတွေအနေနဲ့ ဘယ်လိုမိန်းကလေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်သလဲ ..

Pixabay-scottwebb

လူတိုင်းအတွက် ဘဝလက်တွဲဖော်ဆိုတာ အရမ်းအရေးကြီးပါတယ်။ အပျိုကြီးတွေ၊ လူပျိုကြီးတွေ လုပ်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတွေကတော့ ခြွင်းချက်ပေါ့နော်။ ဘဝရဲ့ လက်တွဲဖော်ဆိုတာ အဓိကက ကိုယ့်ရဲ့ အဆိုးအကောင်းမှန်သမျှကို ဝေမျှခံစားနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါ။ လူ့ဘဝကြီးမှာ နေထိုင်ရတဲ့ ကာလပတ်လုံး ကောင်းတဲ့ ကိစ္စတွေပဲ တောက်လျှောက် မကြုံကြိုက်နိုင်သလို ဆိုးတဲ့ ကိစ္စတွေချည်းပဲ တစ်ချိန်လုံး မဖြစ်တတ်ပါဘူး။ ဒီလို အဆိုးအကောင်းမှန်သမျှကို ကိုယ်နဲ့အတူတူ ရင်ဆိုင်ကျော်ဖြတ်ရင်း ကိုယ့်အနားမှာ တစ်ချိန်လုံးရှိနေပေးနိုင်တဲ့ လူကိုမှ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်နိုင်တာပါ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို အမျိုးသားတွေအနေနဲ့ ရွေးချယ်သင့်တဲ့ ဘဝလက်တွဲဖော် မိန်းကလေး ၅ မျိုးကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-panajiotis

၁။ ကိုယ့်အတွက် အစစအရာရာ လိုက်လံစိတ်ပူပေးတတ်တဲ့ မိန်းကလေး

ကိယ့်အတွက် အစစအရာရာ စိတ်ပူပြီး အမြဲဂရုစိုက်တဲ့ မိန်းကလေးမျိုးကို ရထားရင် သင်တော်တော်ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေရဲ့ သဘာဝအရ သူတို့စိတ်ထဲမှာ မရှိတဲ့ လူကို အဲဒီလောက် ဂရုမစိုက်တတ်တာကြောင့်ပါ။ ဒါ့ကြောင့် ဒီလိုမိန်းကလေးမျိုးသာ ရထားရင် သေသေချာချာ တန်ဖိုးထားသင့်ပါတယ်။

READ
သင့်မှာဒီအချက်တွေရှိနေသရွေ့ မိန်းကလေးတွေကသင်နဲ့တွဲချင်ကြမှာမဟုတ်ပါဘူး

၂။ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်တဲ့ မိန်းကလေး

ကိုယ်ရဲ့ physical appearance တွေဖြစ်တဲ့ ဝတယ၊ ပိန်တာ၊ အသားဖြူတာ၊ မည်းတာတွေကို အကုန်လုံး လက်ခံပေးနိုင်ပြီး ကိုယ်တစ်ယောက်တည်းကို ချစ်နိုင်တဲ့ မိန်းကလေးမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို မိန်းကလေးတွေဟာ သူ့ရဲ့ပတ်ဝန်းကျင်က ကိုယနဲ့ပတ်သတ်ပြီး ဘာတွေပဲပြောနေပါစေ၊ ကိုယ်မှကိုယ်ပဲ ဖြစ်နေတတ်တဲ့ မိန်းကလေးမျိုးတွေပါ။

Pixabay-JillWellington

၃။ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေး

အရာရာမှာ မှီခိုချင်တဲ့ စိတ်ကင်းပြီးတော့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမျိုးတွေ၊ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေးမျိုးပုံစံတော်တော်များများကိုတော့ ယောကျာ်းလေးတိုင်း ကြိုက်ကြမှာပါ။ ကိုယ့်မှာအဲဒီလို မိန်းကလေးမျိုးရှိနေရင်တော့ ဂုဏ်ယူလိုက်ပါ။

၎။ ပိုက်ဆံထက် အရည်အချင်းကို ကြည့်တဲ့ မိန်းကလေး

READ
မိန်းကလေးတိုင်း သဘောကျကြတဲ့ ယောကျာ်းလေး အမျိုးအစား (၅)မျိုး

မိန်းကလေးတော်တော်များများဟာ သူတို့ရဲ့ ဘဝလက်တွဲဖော်ကို ရွေးချယ်ရတော့မယ်ဆိုရင် များသောအားဖြင့် အဲဒီယောကျာ်းလေးရဲ့ background ကို ကြည့်တတ်ကြပါတယ်။ ဒီလိုကြည့်တာကလည်း သူတို့အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ မိန်းကလေးတွေကျတော့ ပိုက်ဆံထက် ကိုယ်ရွေးချယ်တဲ့ လူရဲ့ အရည်အချင်းကို ကြည့်လေ့ရှိပါတယ်။ အဲဒီလိုမိန်းကလေးမျိုးကို လိုချင်တယ်ဆိရင်တော့ ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ်ကိုယ်တိုင် အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်အောင် အရင်ကြိုးစားသင့်ပါတယ်။

Pixabay-Pexels

၅။ နားလည်နိုင်စွမ်းရှိတဲ့ မိန်းကလေး

ကိုယ်အပြင်သွားတဲ့အချိန်တွေ၊ အလုပ်ကိစ္စတွေနဲ့ တစ်ယောက်တည်း ခရီးသွားနေရတဲ့ အချိန်တွေ၊ ဘော်ဒါတွေနဲ့ hangout လုပ်နေတဲ့ အချိန်တွေ အစရှိတဲ့ အချိန်တွေမှာ မိန်းကလေးတော်တော်များများက သူတို့ချစ်သူကောင်လေးတွေကို အဲဒီလို ဖုန်းဆက်ပြီး checking လုပ်နေတတ်တာတွေ ရှိပါတယ်။ နားလည်မှုရှိတဲ့ မိန်းကလေးတွေကျတော့ အဲဒီလို အချိန်မျိုးတွေမှာ သူတို့ချစ်သူကောင်လေးတွေကို ယုံကြည်တဲ့အတွက်ကြောင့် ဘာမှလိုက်မပြောနေပဲ အိမ်ပြန်လာမှသာ အေးအေးဆေးဆေး ဖုန်းပြောလေ့ရှိပါတယ်။

Pyi Hein Kyaw

SHARE