မိန်းကလေးတစ်ယောက်ကို သူငယ်ချင်းနှစ်ယောက်ပြိုင်တူချစ်မိရင်…

Two men fight for the favour of a pretty woman

သင့်အိပ်မက်ထဲက သင့်စိတ်ကူးထဲက မိန်းကလေးတစ်ယောက်….။သူမက လှပပြီးချစ်စရာကောင်းတယ်။ အချစ် ဇာတ် လမ်း (Drama Film)တွေထဲကလို ထက်မြက်ပြီး ကိုယ်ပိုင်တီထွင်ဥာဏ်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။သူမဟာ လူ တိုင်း အတွက် ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်နေပြန်ပါတယ်။ အခုတော့ သင့်ရဲ့ ဖူးစာဖက် မိန်းကလေးကို တွေ့ပြီပေါ့။

ဒါပေမယ့် ပြသနာ တစ်ခုရှိနေတယ်။အဲဒါက သင့်လိုပဲ သင့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းကလည်း သူမနဲ့ပတ်သက်ပြီး ထပ်တူညီတဲ့ ခံစားချက်မျိုးရှိနေလို့ပါပဲ။ကဲ  သင်တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဘယ်လိုဆုံးဖြတ်ကြမလဲ။

အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေကြားမှာ ဒီလို ဆုံးဖြတ်ရခက်၊ ရွေးချယ်ရခက်တဲ့ ကိစ္စမျိုးတွေကို လူ့ဘ၀သက်တမ်း တစ်လျှောက်မှာ မလွှဲသာမရှောင်သာ ကြုံတွေ့ရတတ်ပါတယ်။အထူးသဖြင့် အခုလို ချစ်ရေးချစ်ရာ ကိစ္စဆိုရင် တစ်ဖက် ဖက်က နစ်နာမှုမရှိအောင် ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးပါတယ်။

သင့်သူငယ်ချင်းကလည်း သင့် မိန်းကလေး(crush)ကို ချစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အတွက်သင့်အနေနဲ့ ရုတ်တရက် အံ့သြသွားနိုင်ပါတယ်။သူငယ်ချင်းကလည်း မိန်းကလေးကို အလွန်ချစ်မိနေပါပြီ။သင့်သူငယ်ချင်းနဲ့ ဆက်ဆံရေး ကို အပြတ်ခံမှာလား ဒါမှမဟုတ် သင့်ဘက်က နောက်ဆုံးပေးမှာလား။အခု သင့်အရင်းနှီးဆုံးသူငယ်ချင်းနဲ့ သင်အလွန်ချစ် ရတဲ့ဖူးစာဖက်မိန်းကလေးကြားမှာ အကောင်းဆုံးဖြေရှင်း ရပါတော့မယ်။သင့်ဖြေရှင်းနည်းကို အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်။

  • သင့်အနေနဲ့ စဉ်းစားသင့်တာက မိန်းကလေးကို ပိုင်ဆိုင်ရဖို့ သင့်သူငယ်ချင်းနဲ့ သင်ရဲ့ ပြိုင်ပွဲမှာ တစ်ဖက်နဲ့တစ်ဖက် ၀မ်းနည်း နာကျင်မှုတွေနဲ့ ဖြစ်လာနိုင်တဲ့ ပြသနာတွေကိုရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ဆိုတာပါပဲ။ဒ့ါအပြင် သူငယ်ချင်း နှစ်ယောက်ပွင့်ပွင့်လင်းလင်းဖွင့်ဟဆွေးနွေးတာမျိုးလုပ်သင့်သလားဆိုတာစဉ်းစားရပါတယ်။တကယ်လို့  မိန်းကလေးအတွက်ကြောင့် သင်တို့သူငယ်ချင်းနှစ်ယောက်ကြားကဆက်ဆံရေးကိုအပျက်ခံမယ်ဆိုရင်တော့ သိပ် ကိုဝမ်း နည်းစရာကောင်းပါတယ်။
  •  မိန်းကလေးက သင့်သူငယ်ချင်းကို ပိုပြီး မျက်နှာသာပေးတယ်လို့ခံစားရရင် သင့်အနေနဲ့ သင်နှစ်သက်တဲ့ အသုံးအဆောင်လေးတွေထဲက သူမလည်းသဘောကျနိုင်မယ့် အရာမျိုးကိုရွေးချယ် လက်ဆောင်ပေးတာမျိုးလုပ်နိုင်ပါ တယ်။ပုံမှန်အားဖြင့် ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ကို သဘောကျပြီဆိုရင် အဲဒီမိန်းကလေးနှစ်သက် သ ဘောကျတဲ့အသုံးအဆောင်မျိုးကို လက်ဆောင်ပေးတတ်ကြပါတယ်။ဒါဟာ သမာရိုးကျနည်းလမ်းဖြစ်သလို အခုလို သင်အနေနဲ့သင်ချစ်ရတဲ့ မိန်းကလေးကို သူငယ်ချင်းနဲ့အပြိုင် ပိုးပန်းရတဲ့အခါမှာတော့ ပိုးကြေးပန်းကြေးပေးတာက သိသာလို့မဖြစ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့များ သင့်သူငယ်ချင်းကမပြည့်စုံတဲ့သူတစ်ယောက်ဖြစ်နေရင် သူ့အနေနဲ့ သင့်လို ပိုးကြေးပန်းကြေးမပေးနိုင်တဲ့အတွက် သင့်အပေါ်မှာ စိတ်ကွက်သွားနိုင်လို့ပါ။
  • မိန်းကလေးတွေက လေးစားမှုကိုတန်ဖိုးထားတတ်ကြပါတယ်။ဒါကြောင့် သင့်အနေနဲ့ သူမကို သဘောကျနေတယ်ဆို တာအရင်ပြောပြတာထက် သင့်သူငယ်ချင်းက သူမကို သဘောကျနေတယ်ဆိုတာ ဦးစားပေးပြောပြပေးပါ။သင့်သူငယ် ချင်းကလည်း သူ့အပေါ် သင့်ရဲ့ဦးစားပေးမှုကို သဘောကျကျေးဇူးတင်နေမှာပါ။
  • ဒီလို သူငယ်ချင်းအတွက် ဦးစားပေးပြောပြပေးတာဟာ သင့်အတွက် အန္တရာယ်များတယ်ဆိုပေမယ့် သူငယ်ချင်းနဲ့သင့် ရဲ့အချစ်ကို သူမကိုယ်တိုင်ရွေးချယ်ပါစေ။အခုချိန်က ၁၉၈၀အစောပိုင်းမဟုတ်ပါဘူး။အမျိုးသမီးတွေမှာလည်း သူတို့ရဲ့ ကိုယ် ပိုင်ဆုံးဖြတ်ချက်နဲ့ သူတို့နှစ်သက်သဘောကျတဲ့သူကို ရွေးချယ်ခွင့်ရှိနေပါပြီ။သူမအနေနဲ့ သင့်သူငယ်ချင်းကို သဘောကျတဲ့ အခြေအနေမျိုးတွေ့ရရင် သင့်အတွက် သတင်းကောင်းပါပဲ။သူမ ဘာဖြစ်ချင်နေတယ်ဆိုတာ သူမရဲ့ သဘောထားကို  အလေးအနက်ထား နားထောင်ပေးလိုက်ပါ။
READ
ချစ်သူကောင်မလေး သင့်ကို ကိုက်တာ ဒီအချက်တွေ ကြောင့်ပါ

83360314

  • သင့် သူငယ်ချင်းကလည်း သူချစ်ရတဲ့သူကို ပိုင်ဆိုင်ရဖို့ မရိုးမသားနည်းလမ်းတွေသုံးနိုင်ပါတယ်။အဲဒီလိုအခြေအနေနဲ့ ကြုံလာခဲ့ရင် အရှုံးမပေးလိုက်ပါနဲ့။သူမအတွက်  သင်ဟာ ရိုးသားဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်နိုင်လို့ပါပဲ။
  • ရလဒ်အနေနဲ့ သင်က သူမကို ပိုင်ဆိုင်ခွင့်ရသွားလို့ သင့် အပေါ် တစ်ခုခုတုန့်ပြန်တာမျိုးရှိခဲ့ရင် သင့်ဘက်က ခွင့် လွှတ် ပေးလိုက်ပါ။သင်တို့နှစ်ယောက်က အလွန်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သလို သင့်အနေနဲ့လည်း သင်ချစ် ရတဲ့ သူကို ပိုင်ဆိုင်ခွင့်ရပြီဖြစ်လို့ပါပဲ။
  • ကံကြမ္မာက သင့်ကို မျက်နှာသာမပေးခဲ့လို့ သူမက သူငယ်ချင်းကိုရွေးချယ်ခဲ့ရင် သင့်ဘက်က  ကျေနပ်စွာလက် ခံပေး လိုက် ပါ။သင်ချစ်ရတဲ့မိန်းကလေးက သင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကိုရွေးချယ်သွားလို့ပါပဲ။သင့်ကိုယ်သင် ၀မ်းနည်း စိတ်မကောင်းဖြစ်နိုင်ပါတယ်။ဒီရလဒ်ဟာ သင်ချစ်ရတဲ့မိန်းကလေးရဲ့ ဆန္ဒဖြစ်လို့ သင့်အနေနဲ့ အသိအမှတ်ပြု လက် ခံပေးသင့်ပါတယ်။

တစ်ချိန်ချိန်မှာ အားလုံးထဲကမှ သင့်တစ်ယောက်ကိုပဲ ရွေးချယ်မယ့်  အသင့်တော်ဆုံး လက်တွဲဖော် မိန်းကလေးကိုသင် ရှာတွေ့နိုင်မှာပါ။

READ
သင့်ကောင်လေးက သင့်ကို သ၀န်တိုစေချင်ရင် ဒါတွေလုပ်ပါ

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE