အာရှမှာ သာမက ဗြိတိန်မှာပါ နာမည်ကြီးလာတဲ့ Meitu Selfie app

Instagram posts တွေကို သတိထားကြည့်လိုက်မယ်ဆိုရင် လှုပ်ရှား သက် ၀င်နေတဲ့ Anime-style ဓါတ်ပုံတွေကို တွေ့မြင်နေရမှာပါ။ဒါဟာ Meitu app ကြောင့်ဖြစ်မှာပါ။Meitu ဟာ တရုတ်ရဲ့ဓါတ်ပုံ Edit App တစ်ခုဖြစ်ပါ တယ်။အာရှမှာနာမည်ကြီးနေတာ နှစ်နဲ့ချီကြာမြင့်နေပေမယ့် ဗြိတိန်မှာတော့ ဇန် န၀ါရီလကမှနာမည်ကြီးလာတာပါ။ Instagram တို့လို App အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ selfies ဓါတ် ပုံတွေမှာ အလှအပတွေ ထပ်ဖြည့်ပေးနိုင်မှာဖြစ် ပါတယ်။မျက်နှာပေါ်က အဖုအပိန့်၊အမည်းစက်တွေကို ဖျောက်ပြီး အသားအရေ ကို ချောမွတ်လှပသွားအောင် လုပ်ပေးနိုင်ပါတယ်။

Meitu-2

လက်နဲ့ရေးဆွဲထားတဲ့ “hand-drawn” mode မျိုးကိုအသုံးပြုထားပြီး မျက်လုံး ကိုကျယ်တာ၊မေးရိုးကိုကျဉ်းတာနဲ့ဓါတ်ပုံမှာကြယ်၊ပူဖောင်း၊ပွင့်ချပ်အစရှိတာတွေကိုပါ ထပ်ဖြည့်လို့ရပါတယ်။ Meitu ဟာ လက်ရှိမြန်မာနိုင်ငံမှာ နာမည် ကြီးနေ တဲ့ Prisma App နဲ့ဆင်တူ ပါတယ်။Meitu ဆိုတဲ့အဓိပ္ပါယ်ကတော့ “beautiful picture”  လို့အဓိပ္ပါယ်ရပါတယ်။ retouch options (ဓါတ်ပုံ ခဲထိုး)ပါရှိပြီးမျက်လုံးကိုကြီးအောင်၊မျက်နှာကိုသေးအောင် လုပ်လို့ရသလို အသားအရေကို လည်း စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။add frames (ဘောင် ထည့်)တဲ့ Features နဲ့ stickers တွေကိုပါ ထည့်လို့ရပါတယ်။ဓါတ်ပုံမှာ ကိုယ့်စိတ် ကြိုက် Effect ထည့်လို့ရပြီး အလို အလျောက်မိတ်ကပ်ပြင်ပြီးသား မျက်နှာအဖြစ် App ကပြောင်းလဲပေးမှာဖြစ်ပါတယ်။အသုံးပြုသူအနေနဲ့ဓါတ်ပုံကို ကိုယ့်ရဲ့ Picture Gallery ထဲကနေ upload  လုပ်ယူရုံပါပဲ။အဲ့လိုမလုပ်ပဲ ဒီApp နဲ့ပဲ တခါတည်း Selfie ရိုက်ပြီး ဓါတ်ပုံကို ထည့်ချင်ရင်လည်းရပါတယ်။

READ
Energizer က ထုတ်လိုက်တဲ့ ရက် ၅၀ အထိ တာရှည်ခံတဲ့ ဘက်ထရီနဲ့ စမတ်ဖုန်းအထူ

IMG_1094JPG

filters (၇)မျိုးပါရှိပါတယ်။အဲ့ဒါတွေကတော့ ချစ်စရာကောင်း၊ ပန်းတွေပွင့် ဖူးဝေ ဆာ၊ဒဏ္ဍရီနတ်သမီး၊တရုတ်နှစ်ကူး၊ပွင့်ချပ်တွေ၊ရေသူမနဲ့မြို့စားကတော်ဆိုပြီး စိတ်ကြိုက်ရွေးချယ်ပြီး ပြင်လို့ရပါတယ်။Meitu မှာ မျက်နှာကို မှတ်မိတဲ့ နည်း ပညာပါရှိပြီး points(၁၇၁)ခုကိုသုံးကာ မျက်နှာကိုမြေပုံထုတ်တာပါ။ပြီးရင်ေ တာ့ တကယ့်အစစ် Reality technology  ကိုသုံးပြီး မျက်နှာကို မိတ်ကပ်နဲ့ တခြား effects တွေကိုထည့်ပေးတာဖြစ်ပါတယ်။ကိုယ့်Selfie ပုံကို စိတ် ကြိုက်ပြင်ပြီးပြီ edit လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲမှာ Save ရင် Save (ဒါမှ မဟုတ်) ဆိုရှယ်မီဒီယာ App မှတစ်ဆင့် Share လို့ရပါတယ်။ဒီ App ကိုအသုံးချပြီး ကိုယ့်ပုံကိုကိုယ်ပြင်ကြတဲ့ သူတွေရှိသလို နာမည်ကျော်ေ တွ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်၊ဟီလာရီကလင်တန်အစရှိတဲ့လူတွေရဲ့ ဓါတ်ပုံတွေကို အပျော်သဘောနဲ့ပြင်ပြီး တွစ်တာစာမျက်နှာပေါ်မှာ ရှယ်ကြတာတွေလည်း ရှိပါတယ်။

READ
ကောလဟာလတွေ ထွက်နေတဲ့အတိုင်း Huawei ရဲ့ OS အသစ် တကယ်ဖြစ်လာခဲ့ပြီ

38f9d3a323f6eac218375221f9378030

Meitu app ကို iOS နဲ့Android နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပြီး App Stores မှတစ်ဆင့် အခမဲ့ download လုပ်ယူနိုင်ပါတယ်။ကုမ္ပဏီ ကနေ ပြီး ဓါတ်ပုံ Edit လုပ်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုတည်းသာမက Selfies အတွက် အထူးဒီဇိုင်း ဖန်တီးပေးထားတဲ့ ဖုန်းတွေအတွက် ရည်ရွယ်က livestreaming video service ကိုပါ ရောင်းချပေးနေတယ်လို့သိရပါတယ်။Meitu ကုမ္ပဏီ ကို ဟောင်ကောင်ဒေါ်လာ(၄.၉) ဘီလီယံ ခန့်နဲ့တန်ဖိုးဖြတ်ကာ (၂၀၁၆) ဒီဇင်ဘာမှစပြီး ဟောင်ကောင် စတော့အိတ်ချိန်းမှာ ထည့်သွင်းဖော်ပြ ထား တယ်လို့သိရပါတယ်။

Ref;themirror

SHARE