ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ စာသင်ခန်းတွေထဲက ကျောင်းသားများ

ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံတွေဟာ နိုင်ငံရဲ့ ကြွယ်ဝမှုနဲ့ အသိဥာဏ်ပေါ်မူတည်ပြီး ကလေးတွေကို အသိပညာဖြန့်ဖြူးပုံတွေ ကွာခြားကြပါတယ်။ အသိပညာ ဖြန့်ဖြူးပုံကွာခြားမှုကြောင့်လည်း ကလေးဘ၀ကနေ လူကြီးအရွယ် ရောက်လာချိန်မှာ အတွေးအခေါ်၊ အယူအဆနဲ့ ပညာရေးတွေမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီပဲ ကွားပြားနေရတာပဲ ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ နိုင်ငံအသီးသီးက စာသင်ခန်းတွေကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ၾသစေတးလ်

David Gray ၊ Sydney Grammar School က ဓာတုဗေဒကျောင်းသားများ

ဘရာဇီး

Paulo Whitaker ၊ အနုပညာသင်တန်းမှာ လက်လုပ်စက္ကူတွေကို ဆေးခြယ်နေတဲ့ ကလေးများ

တရုတ်

China Daily ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းနေတဲ့ နေ့တစ်နေ့မှာ ကျောင်းမတက်နိုင်ပဲ အိမ်မှာရှိနေတဲ့ ကလေးတွေကို စာသင်ခန်းထဲမှာပဲ စာသင်ပေးနေတဲ့ ဇီဝဗေဒဆရာမ

ကျူးဘား

Alexandre Meneghini ၊ ကျောင်းတွင်းဝင်ဖို့ တန်းစီနေကြတဲ့ ဘဲလေးကျောင်းသူများ

အင်္ဂလန်

Suzanne Plunkett ၊ (၁၂)တန်းမှ ကျောင်းသားတွေရဲ့ ကျောင်းနောက်ဆုံးနေ့

ပြင်သစ်

Jean-Paul Pelissier ၊ ကျောင်းပထမနေ့မှာ ဆရာမပြောစကား နားစိုက်ထောင်နေကြတဲ့ ကလေးများ

ဂျော်ဂျီယာ

David Mdzinarishvili ၊ (၅)တန်းကျောင်းသားကျောင်းသူတွေနဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ ဆရာမ

ဂျာမနီ

Michaela Rehle ၊ မြူးနစ်မြို့နားက မူလတန်းကျောင်းမှာ မနက်စာစားနေတဲ့ ကလေးများ

အိန္ဒိယ

Amit Dave ၊ မိဘကန်တော့ပွဲမှာ မိဘတွေကို ကျောင်းတွင်းခေါ်ပြီး အရိုအသေပေးနေကြတဲ့ ကျောင်းသူကျောင်းသားများ

ဂျပန်

Toru Hanai ၊ တိုကျိုက မူလတန်းကျောင်းမှာ ကျောင်းပြီးလို့ ဆရာမနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြတဲ့ ပထမတန်းကျောင်းသူကျောင်းသားများ

တူနီးရှား

Anis Mili ၊ ဆရာစာသင်နေတာကို တလေးတစားနဲ့ အာရုံစိုက်ပြီး နားထောင်နေကြတဲ့ မူလတန်း ကျောင်းသားကျောင်းသူများ

ယူကရိန်း

Gleb Garanich ၊ အသက်(၁၆-၁၇)အတွင်းရှိကြတဲ့ နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူတွေနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ အနုပညာဆရာမ

အမေရိကန်

Brian Snyder ၊ (၇)တန်းနှစ် လက်တင်ကျောင်းသားတွေနဲ့ အတူတွေ့ရတဲ့ ဆရာမ

ဗီယက်နမ်

Kham ၊ တရုတ်-ဗီယက်နမ်နယ်စပ်က လျှပ်စစ်မီးမရှိ၊ စာအုပ်မရှိပဲ စာသင်နေရတဲ့ တတိယတန်း

လင်းလင်း (ShweMom)

Ref: 9gag

SHARE