လင်မယားကိစ္စကိုကလေးတွေတွေ့သွားရင် လုပ်သင့်သည့်အရာများ

ဒီလိုမျိုးအခြေအနေက ဘယ်လိုလင်မယားမှ ကြုံတွေ့ချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ့်တကယ်တမ်း မတော်တဆ
ကြုံတွေ့ခဲ့ရင်ဘယ်လိုလုပ်မလဲ။ ကလေးဆိုတာ နုနယ်သေးတယ်အရွယ်မလို့ ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်ဖို့လိုပါတယ်။
Shawnနဲ့သူ့ရဲ့ဇနီးတို့ဟာ တစ်နေ့မှာတော့ ဒီအဖြစ်အပျက်ဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ ကုတင်ခြေရင်းမှာ သူတို့ရဲ့
၉ နှစ်အရွယ်သားငယ်လေးက မတ်တတ်ရပ်နေခဲ့ပါတယ်။ သူကဒေါသတကြီးနဲ့ သားငယ်ကို အော်ဟစ်ခဲ့ပါတယ်။

ဒါဟာအကောင်းဆုံးနည်းလမ်းမဟုတ်မှန်းနောက်ပိုင်းမှာ Shawnက ဝန်ခံခဲ့ပါတယ်။ ဒါဟာ Shawnတို့မိသားစုမှာပဲ ဖြစ်
ပျက်ခဲ့တာမဟုတ်ပါဘူး။ တစ်ခါတုန်းက ကျွန်တော့်ဇနီးနဲ့အတူနေနေစဉ်မှာ ကျွန်တော့်ရဲ့သမီးငယ်လေးက အခန်းထဲကို
ဝင်လာခဲ့ပါတယ် ကျွန်တော်တို့လင်မယား၂ယောက်က ရှက်ရှက်နဲ့ နပမ်းလုံးနေကြောင်း သမီးငယ်လေးကို ညာခဲ့ကြပါ
တယ်။ တော်သေးတယ် အဲ့ဒိတစ်ကြိမ်ပဲ ဖြစ်ခဲ့လို့ပါ။ ကျွန်တော်တို့တွေ ဒီလိုမိရင် ဘယ်လိုလုပ်ကြမလဲ။ ကလေးရဲ့စိတ်ခံ
စားချက်ကိုလည်း မထိခိုက်ဖို့လိုပါတယ်။အောက်မှာတော့ လိမ်မာပါးနပ်တဲ့နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။

(၁) တည်ငြိမ်ပါ။

ရုတ်ရုတ်သဲသဲ ဖြစ်ပြီးဒေါသထွက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ အကယ်၍ သင်ကကြောက်လန့်နေရင် သင့်ကလေးကလည်း
သင်မဟုတ်တာ တစ်ခုခုလုပ်နေပြီလို့ထင်တတ်ပါတယ်။ ခန္ဓာကိုယ်ပေါ်ကိုတော့ စောင်များနဲ့ ကာထားပါ။ ပြီးရင် ကလေးကိုပြုံးပြပါ။

READ
လိင်အင်္ဂါအမွေးအမျှင်နဲ့ပက်သက်ပြီး လူတွေအထင်မှားနေတဲ့အချက်များ

(၂) သူတို့ဘာလုပ်မလဲ စောင့်ကြည့်ပါ။

တစ်ခါတစ်လေ ကလေးကအရမ်းငယ်နေရင် သင်တို့ဘာလုပ်နေမှန်းတောင်သိမှာ မဟုတ်ပါဘူး။ သူ့ဘာသာလှည့်ထွက်
သွားပါလိမ့်မယ်။ ဒါ့ကြောင့် တစ်စုံတစ်ခု မတုံ့ပြန်မီ ကလေးဘယ်လိုတုန့်ပြန်တယ်ဆိုတာကို အရင်ကြည့်ပါ။ တစ်ခါတစ်ရံ
ကလေးက ဗိုက်ဆာလို့တစ်ခုခုလာတောင်းတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

(၃) တစ်ခုခုကြံဖန်ပြောပါ။

Sexဆိုတာ မသိသူကလေးရဲ့မျက်စိထဲမှာ ကြမ်းတမ်းမှု၊ရန်လိုမှုလို့ထင်တတ်ပါတယ်။ ဒါ့ကြောင့်ကလေးကို သင်တို့လင်
မယား၂ယောက် တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြတာဖြစ်ကြောင်း ရှင်းပြပါ။ ရန်ဖြစ်နေတာမဟုတ်ဘူးဆိုတာ
ကလေးသိပါစေ။ အဖေဖြစ်သူက အမေဖြစ်သူကို ကလိထိုးပြီးစနောက်နေကြောင်းလည်း ပြောလို့ရပါတယ်။

 

(၄) ဘာ့ကြောင့်အဝတ်မပါဖြစ်နေလဲ ရှင်းပြပါ(အကယ်၍ ကလေးမြင်သွားခဲ့ရင်)

ကလေးဝင်လာတဲ့အချိန်မှာ ကလေးက သင်တို့ကို အဝတ်မပါပဲမြင်သွားတယ်ဆိုရင် ကလေးက အမြဲစပ်စုတတ်ပါတယ်။
ဒါ့ကြောင့် ကလေးကို ပါးပါးနပ်နပ်နဲ့ အဖြေပြန်ပေးပါ။ ဥပမာ “သားဖေဖေက ကလိထိုးပြီးတော့ ရေချိုးတော့မယ်လုပ်နေ
တာလေ”ဆိုပြီး ပြုံးပြီးပြောပါ။

READ
အမျိုးသားအင်္ဂါမှာ ကြုံရလေ့ရှိတဲ့ သဘာဝနဲ့အကြောင်းပြချက်များ

(၅) စောင့်ကြည့်ပါ။

အကယ်၍ သင့်ကလေးက အရွယ်ရောက်ပြီးသားဆိုရင် သင်တို့ဘာလုပ်နေလဲ သူသိပါတယ်။ သင်ရှက်သလို၊သူလည်း
ရှက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ ညာဖို့ မကြိုးစားပါနဲ့။ နောက်တစ်နေ့မှာ အေးအေးဆေးဆေးထိုင်ပြီး တိုတို
တုတ်တုတ်ရှင်းပြပါ။ Sexဆိုတာ အချင်းချင်းချစ်တဲ့ အရွယ်ရောက်ပြီးသားလူ၂ယောက်လုပ်လေ့ရှိတဲ့အရာဖြစ်ကြောင်း
ရှင်းပပြါတယ်။ ပြီးရင်တော့ အခြားအကြောင်းအရာကို စကားလမ်းကြောင်းလွှဲလိုက်ပါ။

(၆) တံခါးသေချာပိတ်ပါ။

ဒီိလိုအဖြစ်အပျက်မျိုးဟာ မဖြစ်တာအကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ကလေးတွေရှေ့မှာ မဖြစ်အောင် အမြဲဂရုပြုပါ။

Corey Levitan၏ဆောင်းပါးကို Shwemom မှဘာသာပြန်ဖော်ပြသည်။ Source: mensheatlh

shwemom

 

SHARE