ယောကျာ်းလေးတွေအနေနဲ့ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ ချစ်သူမိန်းကလေးဆိုတာ …

Pixabay-Takmeomeo

ဒီခေတ်ကြီးထဲမှာ Relationship တစ်ခုကို အလွယ်တကူတည်ဆောက်နိုင်သလို ရှိနေပြီးသား Relationship တစ်ခုဟာလည်း အလွယ်တကူ ပြိုကွဲသွားနိုင်ပါတယ်။ ချစ်သူနှစ်ဦး လမ်းခွဲတဲ့ ကိစ္စမှာ နှစ်ဖက်စလုံး အနည်းနဲ့ အများခံစားကြေကွဲတတ်တာတွေ ချည်းပါပဲ။ ဒါပေမယ့် တစ်ချို့ ချစ်သူပုံစံတွေဟာ ဘဝမှာ ၂ ခါ ပြန်မရနိုင်တဲ့ ချစ်သူပုံစံမျိုးတွေပါ။ ဒါ့ကြောင့် အဲဒီလို နောက်တစ်ခါ ပြန်မတွေ့နိုင်တဲ့ ချစ်သူမျိုး ရှိတယ်ဆိုရင်တော့ ဘယ်လိုအကြောင်းကိစ္စမျိုးဖြစ်ဖြစ်၊ အလွယ်တကူလမ်းမခွဲစေချင်ပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ အမျိုးသားတွေအတွက် ဘယိလ်ုချစ်သူမိန်းကလေးမျိုးကို လုံးဝလက်လွှတ်မခံသင့်ဘူးလဲဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ပြောပြပေးချင်ပါတယ်။

Pixabay-Up-Free

ပထမဦးဆုံး မိန်းကလေးပုံစံမျိုးကတော့ နားလည်မှုတော်တော်လေးကို ရှိတဲ့ မိန်းကလေးပုံစံမျိုးပါ။ နားလည်မှုဆိုတဲ့ အရာကလည်း လုပ်ယူလို့ ရနိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ ဥပမာ- ကိုယ်အပြင်သွားတဲ့ အချိန်မျိုးဆိုရင် ဘယ်သူနဲ့သွားတာလဲ၊ ဘယ်အချိန်ပြန်ရောက်မှာလဲဆိုတဲ့ မေးခွန်း ၂ ခုကလွဲပြီး မမေးတတ်တဲ့ မိန်းကလေးမျိုးတွေပါ။ တစ်ချို့ချစ်သူမိန်းကလေးတွေကျတော့ အပြင်သွားတိုင်း သူတို့ပါလိုက်ချင်တာမျိုး၊ ကိုယ်အပြင်ရောက်နေပြီဆိုတာနဲ့ နာရီဝက်ခြားတစ်ခါ ဖုန်းဆက်နေတတ်တဲ့ မိန်းကလေးမျိုး၊ ကိုယ်အပြင်သွားမယ်ဆိုတာနဲ့ ပြသနာရှာပြီး ရစ်တတ်တာမျိုးတို့ အစရှိသဖြင့် လုပ်တတ်ကြပါတယ်။

READ
ရန်ဖြစ်တဲ့စုံတွဲတွေအချစ်ရေး ပိုမိုခိုင်မြဲရခြင်း အကြောင်းအရင်း( ၅ )ချက်
Pixabay-Pexels

ဒါ့ကြောင့် အဲဒီလိုနားလည်မှု တော်တော်လေးရှိတဲ့ ချစ်သူမိန်းကလေးကို ပိုင်ဆိုင်ထားရင်တော့ ဘယ်တော့မှ လက်လွှတ်မခံပါနဲ့။ နောက်ပုံစံတစ်ခုကတော့ ကိုယ်ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက်၊ ကိုယ့်အနားမှာ အေးအတူပူအမျှ နေပေးနိုင်တဲ့ မိန်းကလေးပုံစံပါ။ အပင်စိုက်ပြီး အသီးသီးလာမှ ကိုယ့်အနားရောကလာတတ်တဲ့ မိန်းကလေးမျိုးထက် အပင်စစိုက်ကတည်းက ကိုယ်နဲ့အတူ အဲဒီအပင်ကို ရေလောင်း၊ ပေါင်းသင်ပြီး ဂရုတစိုက် အပင်လေးရှင်သန်လာတာကို စောင့်ကြည့်နေတဲ့ မိန်းကလေးမျိုးကိုသာ တန်ဖိုးထားကြပါ။

Pixabay-iqbalnuril

နောက်ဆုံးပုံစံတစ်ခုကတော့ ကိုယ်လိုအပ်တိုင်း ကိုယ့်အနားမှာ အချိန်ပြည့်ရှိပေးခဲ့တဲ့ မိန်းကလေးမျိုးပါ။ လောကမှာ အသက်တစ်ရာ မေရပေမယ့် အမှုတစ်ရာကျော် ကြုံရတတ်ပါတယ်။ အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ ငွေရေးကြေးရေးကိစ္စ အစရှိတဲ့ ကိစ္စတွေနဲ့ စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုး ကိုယ့်အနားမှာ အတူရှိပေးပြီး သူကူညီနိုင်တဲ့ဖက်ကနေ အစွမ်းကုန်ကူညီပေးခဲ့တဲ့ မန်းကလေးမျိုးကိုလည်း ဘယ်တော့မှ လက်လွှတ်မခံပါနဲ့။

READ
သင့် ကောင်မလေး အချစ်တွေပေါ့နေပြီဆိုတာ ထင်ရှားစေမယ့် အချက် (၅) ချက်

Pyi Hein Kyaw

SHARE