မိန်းကလေးတွေ လိုချင်တဲ့အရာကဘာလဲလို့ယောက်ျားလေးတွေကို မေးရင်များသော အားဖြင့်ကတော့ ရုပ်ရည်၊
ပိုက်ဆံ စတာတွေပဲ ဖြေပါလိမ့်မယ်။ ဒါကမမှန်ဘူးလားဆိုတော့ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမယ့်
တကယ်တော့ အပြည့်အစုံမမှန်ပါဘူး။ မိန်းကလေးတွေမှာလည်း အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့် အခု
ဖော်ပြပေးမယ့် အချက်တွေကတော့ မိန်းကလေးတွေအားလုံး ယောက်ျားလေးတွေဆီကနေလိုချင်လေ့ရှိပါတယ်။
(၁)ကိုယ့်ကိုယ်ကိုယုံကြည်မှု (Confidence)
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေက သဘောကျလေ့မရှိပါဘူး။ မိန်းကလေး
တွေက Confidenceရှိတဲ့ ယောက်ျားလေးတွေကို Sexyကျတယ်လို့ ထင်လေ့ရှိပါတယ်။ Over Confidence
တော့ မဖြစ်စေနဲ့ပေါ့။
(၂)ရည်မှန်းချက်ရှိတဲ့သူ
ပိုက်ဆံအများကြီးမချမ်းသာရင်နေပါစေ ရည်မှန်းချက်ကြီးကြီးမားမားရှိပြီး ထိုရည်မှန်းချက်အတွက် ကြိုးစားနေရင်ကို
မိန်းကလေးတွေက သဘောကျလေ့ရှိပါတယ်။ သူတို့တစ်ဘလုံး လက်တွဲသွားမယ့်သူဟာ ကလေကချေမဟုတ်ဘူး
ဆိုတာကို သူတို့သိချင်ကြပါတယ်။
(၃)ဟာသဥာဏ်
မိန်းကလေးတစ်ယောက်ကိုရယ်မောအောင် လုပ်နိုင်ရင် သူနဲ့ခင်မင်ဖို့ပိုပြီး လွယ်ကူသွားတတ်ပါတယ်။ ဟာသဥာဏ်
ရှိတဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေက ပိုပြီးသဘောကျလေ့ရှိပါတယ်။ Shwemom ပရိသတ်ယောက်ျား
လေးတို့ရေဟာသလေးတွေ ပြောတတ်အောင်လေ့ကျင့်ကြနော်။
(၄)ဂရုစိုက်မှု
မိန်းကလေးတွေက ဂရုစိုက်ခံရတာကို ကြိုက်နှစ်သက်လေ့ရှိပါတယ်။ သူတို့က ဂရုစိုက်ခံရတာကို ဂုဏ်ယူတတ်ကြ
ပါတယ်။ ဒါ့ကြောင့် ဂရုစိုက်ပါ။ သူတို့ကိုတစ်လောကလုံးမှာရှိတဲ့ အမျိုးသမီးတစ်ယောက်ထဲလို့ သင်မှတ်ယူပါ။ သူ
တို့ က အသေးအဖွဲလေးက အစဂရုစိုက်ခံချင်ပါတယ်။
(၅)အချိန်ပေးမှု
တကယ်စိတ်ဝင်စားရင် ကောင်မလေးတစ်ယောက်အတွက် အချိန်ပေးနိုင်ရပါမယ်။ သင်အချိန်မပေးနိုင်ရင် သူတို့က
သင့်ကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ရည်းစားမဖြစ်ခင်တောင် အချိန်မပေးနိုင်ရင် ရည်းစားဖြစ်ပြီးရင် ပိုဆိုးပြီပေါ့။
(၆)လုံခြံမှုပေးနိုင်စွမ်း
ဗလတောင့်ဖို့မလိုပါဘူး။ သူ့အတွက်ဆိုရင် ရှေ့ကနေကာကွယ်ပေးချင်တဲ့စိတ်ပဲလိုတာပါ။ ငွေရေးကြေးရေးအားဖြင့်
လည်း သူ့ကိုလုံခြံအောင်ထားနိုင်ဖို့လိုပါတယ်။ ပိုက်ဆံတစ်ပြားမှမရှိတဲ့သူတစ်ယောက်ကိုတော့ လက်ထပ်ဖို့ဆိုတာ
မဖြစ်နိုင်သလောက်ပါပဲ။
(၇)သစ္စာရှိမှု
သင့်ရဲ့မျက်လုံးတွေက သူမအတွက်ပဲဖြစ်ပါစေ။ သင့်ရဲ့အချစ်တွေ၊ သင့်ရဲ့အချိန်တွေကလည်း သူမအတွက်ပဲဖြစ်ပါ
စေ။
မိန်းကလေးတစ်ယောက်ချင်းပေါ်မူတည်ပြီး သူတို့ယောက်ျားလေးတွေဆီက လိုချင်တဲ့အရာတွေကွဲပြားပါလိမ့်မယ်။
ဒါပေမယ့် အထက်ပါအချက်(၇)အချက်ကတော့ မိန်းကလေးတိုင်းလိုချင်တဲ့အချက်ဖြစ်ပါတယ်။
ShweMom Team