လက်ဖ၀ါးပြင်ပေါ်မှာရှိတဲ့ လမ်းကြောင်းတွေကလည်း သင့်ရဲ့ အိမ်ထောင်ရေး ကံကြမ္မာကို ပြောပြပေးနိုင်ပါတယ်။လူတွေရဲ့ လက်ဖ၀ါးပြင်ပေါ်ကမှာ အိမ်ေ ထာင်ရေးလမ်းကြောင်း၊ပညာရေးလမ်းကြောင်း၊ကျန်းမာရေးနဲ့ကံလမ်းကြောင်း စသဖြင့် လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ဒီတစ်ခါမှာပြောပြပေး ချင်တာ ကတော့ အိမ်ထောင်ရေး လမ်းကြောင်းရဲ့ အကြောင်းပါ။လမ်းကြောင်း အရှည် ကြီးကို ကြည့်ရမှာ မဟုတ်ပါဘူး။ လက်သန်းအောက် ရေပြင်ညီလိုင်းတွေကို ရှာပြီး ကြည့်ရမှာပါ။တကယ်လို့ လက်သန်းအောက်မှာ နှစ်ကြောင်းနဲ့အထက်ရှိ တယ်ဆိုရင် အရှည်ဆုံး လိုင်းကို ကြည့်ရမှာပါ။
1.ပင်ရင်း လမ်းကြောင်းမကြီးနဲ့အရမ်းကပ်နေရင်
Lines တွေက နှစ်ကြောင်း (သို့)နှစ်ကြောင်း အထက်ရှိတယ်ဆိုရင် အရှည်ဆုံး ကို ရွေးပါ။ပုံထဲက အတိုင်း လမ်းကြောင်း ရှည်ကြီးနဲ့အရမ်း ကပ်နေရင်တော့ သင်ဟာ အသက်ငယ်ငယ်နဲ့ လက်ထပ်ရနိုင်ပါတယ်။(သင့် အသက် ၂၀ ၀န်းကျင်လောက်တည်းက အိမ်ထောင်ကျနိုင်ပါတယ်)
2. လက်သန်းအောက်ခြေက လမ်းကြောင်းနဲ့ ကပ်နေရင်
ဒါကတော့ ပုံမှန်ပဲ လက်ထပ်ရမှာပါ။အသက် (၃၀)နဲ့(၅၀)ကြားေ လာက်မှာ လက်ထပ်ရနိုငပါတယ်။
3. အလယ်လောက်မှာဆိုရင်..
အဲ့ဒါဆိုရင်တော့ သင့်အသက်(၃၀)၀န်းကျင်လောက်မှာ လက်ထပ်ရနိုင်ပါတယ်။
4. လမ်းကြောင်းတွေ အရမ်းများနေ၊ရှုပ်နေရင်…
ဒါဆိုရင်တော့ ချစ်သူတွေ များနေ၊၀ိုင်းဝိုင်းလည်နေမယ့် သူမျိုးပါ။အဲ့ဒီလို Lines တွေ အများကြီးထဲကမှ တစ်ကြောင်းထဲက သိသိသာသာ တို နေရင် ဒါဟာ အိမ်ထောင်ရေး ကံကောင်းမယ့်သူမျိုးပါ။
5.တစ်ကြောင်းထဲရှိတယ်၊သိသိသာသာရှည်တယ်ဆိုရင်….
သင့်ချစ်သူမှ အဲ့ဒီလို လိုင်းမျိုးရှိရင်တော့ စိတ်ကူးမလွဲပါနဲ့ အပိုင်သာ ဆုပ်ကိုင် ထားလိုက်ပါ။ဒီလိုလက္ခဏာ ပိုင်ရှင် ဟာ ဘ၀မှာ တစ်ယောက်တည်းကိုပဲ ချစ်မယ့်သူမျိုးပါ။ဒီလူတွေ လက်ထပ်တဲ့ လက်ထပ်ပွဲဟာလည်း လူတွေ အားလုံးက ၀ိုင်းပြီး ကောင်းချီးပေးခံရမယ့် လက်ထပ်ပွဲမျိုးပါ။
6.လိုင်းပေါ်မှာ ကြယ်ပုံရှိမယ်၊လမ်းကြောင်းက ဆက်နေမယ်ဆိုရင်..
အဲ့ဒီလိုဆိုရင်တော့ ကံကောင်းမယ့် လက္ခဏာပါ။ဒါပေမယ့် တစ်ယောက်တည်း ကိုပဲ ချစ်ပြီး ညားမယ့်သူမျိုးတော့ မဟုတ်ပါဘူး။ relationship သစ်နဲ့ ဆုံဆည်းရမယ့်ကံပါ။နောက်တစ်ကြိမ်လက်ထပ်တာမျိုးနဲ့ ကြုံရနိုင်ပါတယ်။
7.အပေါ်ကို တတ်နေရင်..
ပျော်ရွှင်မှုကို ရှာနေသူဖြစ်ပြီး၊တစ်ကြိမ်ထက် မက လက်ထပ်ချင်တဲ့ ဆန္ဒရှိသူပါ။
8. အောက်ကို ကျနေရင်…
တွက်ချက်တတ်သူပါ။အချစ်ကြီး သက်သက် အလိုရှိနေသူမဟုတ်ပဲ အချစ်ကို တွက်ချက် ပြီးမှ ရှာတတ်၊ချစ်တတ်သူပါ။
Ref;.littlechurchmouse