အချစ်နဲ့ ဘယ်နေရာမှာ ဆုံမှာလဲ.?(ရာသီခွင်အလိုက်)

အချစ်ဟာနေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာတတ်ပါတယ်။အချစ်နဲ့ ဆုံဆည်းမယ့် နေရာတွေနဲ့ပုံစံတွေဟာ တစ်ယောက်ယောက်နဲ့ တစ်ေ ယာက် မတူနိုင်ပါဘူး။ဘယ်လိုနေရာမှာတွေ ချစ်တဲ့သူနဲ့ဆုံဆည်း မလဲ ဆိုတာကို(ရာသီခွင်အလိုက်)ပြောပြပေးချင်ပါတယ်။ရာသီခွင်အလိုက် သူတို့အပေါ် လွှမ်းမိုးထားတဲ့ စရိုက်လက္ခဏာတွေအပေါ် မူတည်ပြီး ခန့်မှန်းထားတာပါ။

(၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )

ဒီရာသီဖွားတွေကတော့ စွန့်စားရတာကို ကြိုက်သူတွေပါ။ဒါကြောင့် အချစ်နဲ့ဆုံတွေ့မယ့်နေရာတွေကလည်း ခြေလျင်ခရီးနှင်တဲ့ သစ်ေ တာ၊တောင်တန်း၊လယ်ယာ၊ခရီးထွက်ရင်း၊နောက်ဆုံး နေရာအဆန်း အပြားလေးတွေမှာ ဆုံရတတ်ပါတယ်။

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ )

သူတို့ကတော့ လုံခြုံမှု၊တည်ငြိမ်မှုတွေကို တန်ဖိုးထားကြသူတွေပါ။ ဒါကြောင့် အချစ်ကို သဘာဝရှုခင်း၊ဥယျာဉ်၊တစ်ကိုယ်ရည် သီးသန့် နေရာမျိုး၊မိမိနေအိမ်မှာ ဆုံဆည်းရတတ်ပါတယ်။

(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ )

တက်ကြွလှုပ်ရှားတတ်သူတွေ ဖြစ်တာကြောင့် သူတို့ဘ၀ရဲ့ အချစ် ကိုလည်း အားကစားခန်းမ၊ဈေးဆိုင်တန်း အစရှိတဲ့ လူအများအပြား လှုပ်ရှား သွားလာနေကြတဲ့ နေရာမျိုးတွေမှာ တွေ့နိုင်ပါတယ်။

(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂)

သူတို့ကတော့ အချစ်ကို လူတွေအများကြီးရောနှောနေတဲ့ ကလပ်တို့၊ လူထူ တဲ့စားသောက်ဆိုင်တို့ လို စားစရာ၊သောက်စရာတွေနဲ့ လူသူ ထူထပ်တဲ့ နေရာမျိုးမှာ တွေ့နိုင်ပါတယ်။

READ
Scorpio အမျိုးသမီးများရဲ့ ထူးခြားသောဝိသေသ(၈)ခု

(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ သူတို့ကတော့ အချစ်ကို တိရစ္ဆာ န်တွေရှိတဲ့နေရာမျိုး ဥပမာ-တိရစ္ဆာန်ဥယျဉ်၊ဆာဖာရီ အစရှိတဲ့ နေရာမျိုးမှာ တွေ့ရတတ်ပါတယ်။

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ )

ဒီရာသီဖွားတွေကတော့ activities တွေမှာပါရတာကြိုက်သူတွေ ဖြစ်တာကြောင့် အားကစားကွင်း၊အားကစားကျင်းပတဲ့နေရာ ဥပ မာ-ဘေ့စ်ဘောကွင်း၊ဘောလုံးကွင်း၊ရေကူးကန် အစရှိတဲ့ အား ကစား၊activities နဲ့ဆိုင်တဲ့ နေရာတွေမှာ အချစ်နဲ့ တွေ့ရတတ်ပါ တယ်။

(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ )

သူတို့ကလည်း စွန့်စားရတာကို ကြိုက်တဲ့ ရာသီဖွားတွေပါ။လူစီးမီး ပုံပျံစီးရတာ၊ရိုလာကိုစတာ၊ရေငုပ်ရတာ အဲ့ဒီလို စွန့်စားတဲ့ အရာမျိုးကို ကြိုက်သူတွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေကို ဆူ ပွတ်စေတဲ့၊စိတ်လှုပ်ရှားရတဲ့ နေရာမျိုးမှာ ဆုံရတတ်ပါတယ်။ အနီး စပ်ဆုံးဥပမာပေးရရင်တော့ ရိုလာကိုစတာ စီးရင်ဆုံတာမျိုးပါ။

(၈)Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

ဒီရာသီဖွားတွေကတော့ ရှုပ်ထွေးတဲ့(complicated)သမားတွေပါ။ သူတို့ရဲ့ အချစ်စိတ်နဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေဟာ သူတို့ရဲ့ ၀ါသနာ အကြိုက်တွေဆီက လာပါတယ်။ဥပမာ-စာဖတ်ရတာဝါသနာပါရင် စာကြည့်တိုက်လို နေရာမျိုးမှာဆုံတာမျိုးပါ။ဒါကြောင့် အုပ်စုလိုက် Group တွေ့ဆုံပွဲ(ဥပမာ-စာဖတ်ဝါသနာပါသူများ အဖွဲ့)၊fan club တွေ့ဆုံပွဲ အဲ့ဒီလို နေရာမျိုးတွေမှာ အချစ်နဲ့ဆုံရတတ်ပါတယ်။

READ
သြဂုတ် (၉) ရက်နေ့အတွက် ရာသီခွင်တို့ရဲ့ ကံဇာတာ

(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

iသူတို့ကလည်း ရင်ခုန်စိတ်လှုပ်ရှားရတာကို မှ ကြိုက်သူတွေဖြစ် တာကြောင့် အော်ဟစ်ဆူညံအားပေးတဲ့ အားကစားပြိုင်ပွဲ လိုနေရာ မျိုး၊စိတ်လှုပ်ရှားရင်ခုန်ရတဲ့ ပွဲလမ်း၊အခမ်းအနားမျိုးမှာ ဆုံရတတ်ပါတ ယ်။

(၁ဝ)Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ )

သူတို့ကတော့ ကိုယ့်အရည်အချင်းကို ဂုဏ်ယူဝံ့ကြွားတတ် သူတွေပါ။ ဒါကြောင့် နည်းနည်းလည်းအဆင့်မြင့်တဲ့နေရာမျိုး၊အောင်မြင်မှုကို ပြတဲ့နေရာမျိုး ဥပမာ- ကားပြပွဲ၊သမိုင်းပြတိုက် အစရှိတဲ့ နေရာမျိုးမှာ ဆုံရတတ်ပါတယ်။

 

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ )

သူတို့ကတော့ အပေါ်က မကာရရာသီဖွားတွေနဲ့ နဲနဲတော့ ဆင်ပါ တယ်။ပြတိုက်လို နေရာမျိုးမှာ ဆုံရနိုင်ပါတယ်။ဒါပေမယ့် သူတို့ ကေ တာ့ နာမည်ကျော် တိုက်ပွဲပြတိုက်မျိုးမှာ ဆုံနိုင်ပါတယ်။နက်ရှိုင်းတဲ့ သမိုင်းကြောင်းရှိတဲ့ နေရာမျိုး ဥပမာ-စစ်သချီင်္ုင်းလို နေရာမျိုးမှာ ဆုံရတတ်ပါတယ်။

(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

ဒီရာသီဖွားတွေကတော့ တစ်ယောက်တည်းတွေးရ၊ငေးရတာကို ကြို က်သူတွေပါ။လူရှင်းတဲ့ ကော်ဖီဆိုင်၊လက်ဖက်ရည်ဆိုင် အစရှိတဲ့ လူ လည်းရှင်းပြီး အေးချမ်းတိတ်ဆိတ်တဲ့နေရာမျိုးမှာ အချစ်နဲ့ဆုံဆည်းရ တတ်ပါတယ်။

Ref;yourtango

SHARE