ကျန်းမာရေးနဲ့ညီညွတ်ဖို့ တွဲစားသုံးပေးသင့်သော အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်ပြီး ကျန်းမာရေးအလေ့အကျင့်ကောင်းများအဖြစ် စားသုံးပေးသင့်တဲ့အစားအစာတွေနဲ့ပတ်သက်ပြီး သုတေသနပညာရှင်တွေက နောက်ဆုံးရှာဖွေတွေ့ရှိချက်ဖြစ် ထုတ်ပြန်ထားပါတယ်။ဘယ်လိုလိုအစားအစာတွေလဲဆိုတာ ကျန်းမာရေးဗဟုသုတအဖြစ် Shwemomပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

ဆယ်လ်မွန်ငါးနှင့် ၀ိုင်တစ်ခွက်

ဝိုင်ချစ်သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ ၀ိုင်က နှလုံးကျန်းမာရေးအတွက်ကောင်းမွန်သလိုအိုမီဂါ၃အဆီပါတဲ့ ငါးကလည်းဦးနှောက်ဖွံ့ဖြိုးမှုအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။သွေးဖိအားမြင့်တက်လေ့ရှိတဲ့အမျိုးသမီးတွေအနေနဲ့ဝိုင်အနည်းငယ်သောက်သုံးပေးနိုင်သလိုဆယ်လ်မွန်ငါးလိုအိုမီဂါ၃အဆီမြင့်တဲ့အစားအစာတွေကိုစားသုံးပေးနိုင်ပါတယ်။အမျိုးသားတွေအတွက်ကတော့တစ်နေ့ကိုဝိုင်နှစ်ခွက်ခန့်သောက်သုံးပေးနိုင်သလိုအိုမီဂါ၃ကိုလည်းအလားတူစားသုံးပေးနိုင်ပါတယ်။ဒီလိုစားသုံးခြင်းကြောင့်ရရှိတဲ့ကျန်းမာရေးကောင်းကျိုးလက္ခဏာတွေကိုဘီယာနဲ့တခြားယမကာသောက်သုံးသူတွေမှာမတွေ့ရဘူးလို့လည်း သိပ္ပံပညာရှင်တွေကဆိုပါတယ်။

ခရမ်းချဉ်သီးနှင့်သံလွင်ဆီ

ခရမ်းချဉ်သီးမှာပါဝင်တဲ့lycopeneဟာခန္ဓာကိုယ်ရောင်ရမ်းခြင်းကိုသက်သာစေသလို ရောဂါခုခံမှုစနစ်ကိုလည်းအားကောင်းစေပါတယ်။ဒါ့အပြင်သံလွင်ဆီကတော့အာဟာရစုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေတဲ့အတွက်ရောဂါကိုခုခံကာကွယ်နိုင်တဲ့္ဓ antioxidantsဓာတ်ကိုသံလွင်ဆီကနေရရှိနိုင်ပါတယ်။ဒါကြောင့်ခရမ်းချဉ်သီးကိုသံလွင်ဆီနဲ့ရောပြီးဟင်းလျာအဖြစ်စီမံနိုင်ပါတယ်။

အသားနှင့်ဆေးဖက်ဝင်သစ်ဥသစ်ဖုများ

ခနာကိုယ်မှာလိုအပ်တဲ့အာဟာရအတွက် အသားစားပေးဖို့လိုပါတယ်။အသားကိုပုံစံမျိုးစုံပြုလုပ်စီမံပြီးစားသုံးတဲ့အခါ အသားဟာလတ်ဆက်ဖို့လိုသလို ဆေးဖက်ဝင်အသီးအရွက်များနှင့်စီမံချက်ပြုတ်မယ်ဆိုရင်ကျန်းမာရေးအတွက်သင့်တော်တဲ့ အာဟာရကိုရရှိမှာဖြစ်ပါတယ်။ဥပမာ အသားကိုကင်မယ်ဆိုရင် ဆေးဖက်ဝင်ကြက်သွန်ဖြူကိုထည့်နိုင်သလို အမွှေးနံ့သာအတွက်ပူစီနံရွက်အသုံးပြုတာမျိုးစသဖြင့်လိုသလိုစီမံချက်ပြုတ်ခြင်းကသာမန်အသားငါးဟင်းလျာထက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာကိုရရှိမှာဖြစ်ပါတယ်။

ပန်းသီးနှင့်ချောကလက်

ပန်းသီးကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးတွေရရှိစေနိုင်သလို အနက်ရောင်ချောကလက်မှာလည်း ခနာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေများစွာပါဝင်နေပါတယ်။အထူးသဖြင့်အနက်ရောင်ချောကလက်ဟာ နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ပန်းသီးကတော့အသားအရေလှပစေပါတယ်။ဒါကြောင့်ပန်းသီးနဲ့ချောကလက်ကိုတွဲဖက်စားသုံးခြင်းအားဖြင့် နှလုံးသွေကြောပိတ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ငှက်ပျောသီးနှင့်နွားနို့

နွားနို့၊နို့ထွက်အစားစာတွေဟာအရိုးကျန်းမာရေးအတွက်အထူးကောင်းမွန်သလိုသွားနဲ့ကြွက်သားလုပ်ငန်းစဉ်တွေအတွက်လည်းသင့်လျော်ပါတယ်။ငှက်ပျောသီးကတော့ခနာကိုယ်အတွက်လိုအပ်တဲ့သတ္ထုဓာတ်ကိုလုံလောက်စွာပေးနိုင်ပါတယ်။ငှက်ပျောသီးနဲ့နွားနို့ဟာ အရသာရှိသလို ကျန်းမာရေးအတွက်လည်းအထူးကောင်းမွန်တဲ့  တွဲဖက်အစားအစာဖြစ်ပါတယ်။

ChoChoThan(Shwemom)

ref:mirror.co.uk

SHARE