ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်ပွားရာ ဝူဟန်မှာ စစ်ဆေးရေး လုပ်ဆောင်နေပြီဖြစ်တဲ့ WHO

youtube/The Straits Times

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ကိုဗစ်ကပ်ရောဂါစတင်ပြန့်ပွားခဲ့ရာ နေရာတွေကို သွားရောက်စစ်ဆေးတော့မှာဖြစ်ကြောင်း straitstimes သတင်းအရ သိရပါတယ်။ WHO အဖွဲ့ဟာ တရုတ်လူမျိုးသိပ္ပံပညာရှင်တွေနဲ့ ဇန်နဝါရီ ၂၉ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပြီး ဝူဟန်မြို့က သုတေသနခန်းတွေ၊ ဈေးတွေနဲ့ ဆေးရုံတွေဆီသွားလည်ပတ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

WHO အဖွဲ့ဟာ တရုတ်နိုင်ငံထဲရောက်ရှိပြီးနောက် နှစ်ပတ်ကြာ ကွာရန်တင်းဝင်ခဲ့ရာ ကြာသပတေးနေ့မှာတော့ ကွာရန်တင်းကာလပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ အခုအခါမှာတော့ WHO အဖွဲ့ဟာ ဝူဟန်မြို့လယ်က ဟိုတယ်တစ်ခုကို ပြောင်းရွှေ့နေထိုင်နေပြီးဖြစ်ပါတယ်။ နယ်သာလန် Erasmus University Medical Centre က ဗိုင်းရပ်စ်လေ့လာရေးပညာရှင် Marion Koopmans ကတော့ ပထမဆုံးလုပ်ဖော်ကိုင်ဘက်တွေနဲ့ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးမယ်။ ဝူဟန်ကို လေ့လာရေးလာရောက်တဲ့အစီအစဉ်တွေကို ဆွေးနွေးမယ်ဆိုပြီး ၄င်း တွစ်တာမှာ တွစ်ထားခဲ့ပါတယ်။

READ
ဖခင်မဲ့သွားတဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ သားလေးကို surprise ပြုလုပ်ပေးကြတဲ့ ရဲသားကြီးများ

 

WHO အဖွဲ့ဟာ တရုတ်နိုင်ငံမှာ နောက်ထပ် ရက်သတ္တပတ်၂ပတ်ကြာနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ပင်လယ်စာဈေးကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်တဲ့အပြင် ဝူဟန်ဗိုင်းရပ်စ်သုတေသနတက္ကသိုလ်ကိုလည်း ဝင်ရောက်လေ့လာမှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ အစိုးရသုတေသနခန်းက လွတ်ထွက်လာတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပေမယ့် တရုတ်ဘက်ကတော့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

READ
အိမ်မှာ အနားယူရင်း အမိုက်စား တင်းနစ်ရိုက်ကွက်တွေကို ပြသခဲ့တဲ့ Roger Federer

WHO ကတော့ လူတွေမျှော်လင့်ထားတဲ့ အဖြေမျိုးတွေပေးနိုင်ဖို့တော့ အာမမခံဘူးလို့ ဆိုလိုက်ပါတယ်။ WHO က အခုလို ဝူဟန်ထဲဝင်ရောက်ပြီး စစ်ဆေးဖို့ကိစ္စဟာ ရောဂါတွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိနေခဲ့တာပါ။ တရုတ်နဲ့ အမေရိကန်ကြားမှာလည်း ငြင်းခုံမှုတွေအချေအတင်ရှိခဲ့ပြီး တရုတ်ဟာ ကနဦးဗိုင်းရပ်စ်ဖြစ်ပွားရာအကြောင်းကို လျှို့ဝှက်ထားတယ်ဆိုပြီးတော့လည်း သတင်းတွေထွက်နေခဲ့တာ ဖြစ်ပါတယ်။

WHO အဖွဲ့က ဒိန်းမတ်လူမျိုးအဖွဲ့ဝင်ဖြစ်တဲ့ Thea Fischer ဆိုသူကတော့ အဖွဲ့ရဲ့ရည်ရွယ်ချက်အတိုင်း ရာနှုန်းပြည့်အောင်မြင်ဖို့ဟာ သင့်တော်တဲ့ သတင်းအရင်းအမြစ်တွေရရှိတဲ့အပေါ် မူတည်ကြောင်းနဲ့ အဖွဲ့အနေနဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား  တရုတ်ရဲ့ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်မှာဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါသေးတယ်။

ShweMom

SHARE