ရန်ဖြစ်တဲ့စုံတွဲတွေအချစ်ရေး ပိုမိုခိုင်မြဲရခြင်း အကြောင်းအရင်း( ၅ )ချက်

အချစ်ရေးမှာ ရန်ဖြစ်တတ်ကြတဲ့ စုံတွဲတော်တော်များများက ချစ်သက်တမ်းပိုကြာပြီး  တစ်ခါသတ်ပြီးလို့ ပြန်အဆင်ပြေတဲ့အချိန်တိုင်းမှာ နဂိုရှိရင်းစွဲအချစ်တွေထက် ပိုပြီးချစ်လာကြပါတယ်။ ရန်ဖြစ်ရင်ပိုချစ်တတ်ကြတယ်ဆိုပေမယ့် မိမိချစ်သူကို သွေးထွက်သံယိုလုပ်ပါ ၊ ကြောက်အောင်လုပ်ပါလို့တော့ မပြောဘူးနော်…ရန်ဖြစ်တယ်ဆိုတာက နှစ်ဦးသား စနောက်ကျီစယ်ရင်း စကားများတာတို့ အချစ်စမ်းတာတို့ကို ပြောချင်တာပါ…ကဲ ရန်ဖြစ်တတ်တဲ့ ချစ်သူစုံတွဲတွေ ဘာလို့ အချစ်ရေးမှာ ပိုမိုခိုင်မြဲရလဲဆိုတဲ့ အကြောင်းအရင်း (၅) ချက်ကတော့

(၁) သင်တို့အချစ်က အမြဲတမ်းရှင်သန်နိုင်တယ်။ 

အချင်းချင်း ရန်ဖြစ်ကြပြီး ပြန်ချစ်ကြနိုင်တယ်ဆိုတည်းက သင်တို့နှစ်ယောက်ရဲ့ အချစ်ပမာဏကမသေးပါဘူး။ ဘဝမှာ
ချစ်သူဘဝကထက် ပိုကြမ်းတဲ့ အခက်အခဲတွေတွေ့နိုင်ပါသေးတယ်။ သင်တို့နှစ်ယောက်ဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
ရန်ပွဲတိုင်းကို ကျော်ဖြတ်နို်င်ခဲ့တယ်ဆိုရင် ဒါဟာ သင်တို့အချစ်ကို မှတ်ကျောက်တင်လိုက်သလိုပါပဲ။ နှစ်ယောက်သား
စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပြီးရန်ဖြစ်ကြတယ်ဆိုတည်းက သင်တို့နှစ်ယောက်ကြားထဲက နားလည်မှုက
မသေးပါဘူး။ နှစ်ဦးနှစ်ဖက်ကြား စိတ်ထဲမှာ မြိုသိပ်တာတွေနည်းလာလေလေ တကယ်တော့ ပိုပြီးနီးစပ်လာလေလေ
ပါပဲ။

READ
အိမ်ထောင်သက်တမ်း ကြာရှည်စေဖို့

(၂) ရန်ဖြစ်၊ပြန်ချစ်စုံတွေတွေဟာ တကယ်တော့

တစ်ယောက်အမြင်ကို တစ်ယောက်လေးစားကြလို့ပါ။

နှစ်ဦးသား မတူညီတာတွေရှိမယ်။ ဒါပေမယ့် ရန်ဖြစ်ပြီးနောက် ပြန်လည်ညှိနှိုင်းယူကြတယ်။ တကယ်တော့ ဒါဟာ
တစ်ယောက်အမြင်ကို တစ်ယောက်က လေးစားလို့ပါ။ အဲ့ဒီခြားနားချက်တွေကြောင့် နှစ်ယောက်သား မကွဲသွားပဲ
ရအောင် အဖြေရှာကြတယ်ဆိုတည်းက သင်တို့နှစ်ယောက်ဟာ တစ်ယောက်အမြင်ကို တစ်ယောက်လေးစားပြီး
အရမ်းချစ်ကြလို့ပါ။

(၃) စိတ်သဘောထား အယူအဆတွေကို တူညီစေတယ်။

ချစ်သူစုံတွဲတော်တော်များများဟာ တစ်ခါတစ်ရံ စိတ်သဘောထားမတိုက်ဆိုင်မှု တစ်ချို့ကြောင့် စကားများရန်ဖြစ်
တတ်ကြပါတယ်။ ဒီလိုရန်ဖြစ်လိုက်ခြင်းအားဖြင့် တစ်ယောက်ရဲ့သဘောထားကို နောက်တစ်ယောက်ကို ပိုမိုသိရှိပြီး
ညှိနှိုင်းမှုရယူနိုင်တဲ့အချိန်မှာတော့ ပိုပြီးခိုင်မာတဲ့သံယောဇဉ်တွေကို တည်ဆောက်နိုင်ပါတယ်။I

(၄) အမြဲတမ်းသင်ယူလေ့လာနိုင်ပါတယ်။

ဒါကတော့ ရှင်းပါတယ်။ သင့်ချစ်သူဆီက လူတစ်ယောက်ရဲ့ သဘောသဘာဝကို လက်တွေ့ သင်ယူလို့ရနိုင်တာ
ပဲဖြစ်ပါတယ်။ ဒီလို တစ်ယောက်ဆီက တစ်ယောက် သင်ယူခြင်းအားဖြင့် ချစ်သူနှစ်ဦးရဲ့ အချစ်တွေပိုတိုးလာစေ
ပါတယ်။

READ
သူသင့်ကိုစိတ်မဝင်စားတော့ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

(၅) ချစ်ရတာ ဘယ်တော့မှ ပျင်းစရာမကောင်းဘဲ ဖြစ်နေမှာ မဟုတ်ပါဘူး။

သင့်ချစ်သူနဲ့ အမြဲတမ်းရန်ဖြစ်စကားများနေခြင်းအားဖြင့် အချစ်ရေးဟာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်
ပျင်းစရာကောင်းမသွားဘဲ အမြဲတမ်း စိန်ခေါ်မှုအသစ်တွေ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကို ပိုမိုရှာ
ဖွေရင်း ပျော်စရာကောင်းတဲ့ ချစ်ခရီးကို တူတူဖြတ်သန်းနိုင်ပါမှာ ဖြစ်ပါတယ်။

Myo Ko (shwemom)

SHARE