ကောင်မလေးဘက်က သင့်ကို ချစ်ပေမယ့် လမ်းခွဲရတဲ့ အကြောင်းအရင်း(၅)ခု

Image:freepik.com/jcomp

Relationship တစ်ခု မှာ က မချစ်တော့ပဲ မုန်းသွားမှ လမ်းခွဲခဲ့ကြတာ မဟုတ်ပါဘူး။တစ်ချို့ ချစ်ပေမယ့် လမ်းခွဲလိုက်ရတာတွေ လည်း ရှိပါတယ်။Relationship တစ်ခုမှာက ချစ်တယ် ဆိုပြီး ထိုင်ပြော နေရုံလောက်နဲ့ မရပါဘူး။ကိုယ့်ချစ်သူ ကောင်မလေး ကို ကိုယ့်ကို ချစ်ပေမယ့် နောက်ဆုံးမှာ  ထားခဲ့တာ မျိုးတွေ ကို ခံခဲ့ရ ဖူးတဲ့ သူတွေ ရှိမှာပါ။ဘာကြောင့်လည်း ဆိုတာ ကို တခါ တလေ မှာ ကိုယ်တိုင် တောင် နားမလည် နိုင်တာမျိုး ဖြစ်ဖူးကြမှာပါ။လူဆိုတာ မျိုးက ကိုယ့်မျက် ချေး ကိုယ်ပြန် မြင်တာ မျိုး မဟုတ်တော့ မိန်းကလေး ဘက်က အပြစ်လို့ တောင် ထင်မိ ကောင်းထင်မိကြမှာပါ။မိန်းမ တွေ က ချစ်ပေမယ့် လမ်းခွဲရတဲ့  အကြောင်းအရင်း တွေ ရှိပါတယ်။အဲ့ဒါက တော့ ..

Type၊ရည်မှန်းချက် မတူလို့

Image:.freepik.com/pressfoto

ဒါက တော့ အဓိက အကြောင်းအရင်းပါ။ပိုးခါ စ အချိန် မျိုးတွေ မှာတော့ တစ်ယောက် အကြိုက် တစ်ယောက်က သေချာ မသိ ကြသေးပါဘူး။ကြိုက် ခါ စ မှာလည်း ဒီအတိုင်းပါပဲ။နှစ်ယောက်မှာ တစ်ယောက် ယောက်က အကြိုက် တူသလိုလို ၀ါသနာ တူသလိုလို ၊ရည်မှန်းချက်တွေ ပဲ ထပ်တူ ကျသလိုသလို ကိုယ်တိုင် တောင် မသိ လိုက်ပဲ ဟန် ဆောင် မိ နေတာ မျိုးတွေ ရှိတတ်ပါတယ်။Type တူ တယ် မတူ ဘူး ဆိုတဲ့ ကိစ္စ ကို ယောက်ျားလေးထက် မိန်းကလေးေ တွ က ပိုပြီး အလေးထား ဂရုစိုက် တတ် ကြပါတယ်။ဘ၀ အပေါ်ထားတဲ့ ခံယူချက်၊အကျင့်စရိုက် တွေ က သူမနဲ့ တလွဲစီပဲ၊နှစ်ယောက် က တစ်သက်လုံး ညှိနှိုင်းယူ လို့ မရ နိုင်ဘူး ဆိုတာကို သူမ ဘက်က အရင် သတိထားမိသွားလို့ပါ။

အားကိုးလို့ မရတဲ့ ယောက်ျားမဟုတ်ဘူးဆိုတာ သိသွားလို့

Image:freepik.com/cookie-studio

ဒါက တော့ အမှန်တရား မို့ နည်းနည်း တော့ ခါးချင် ခါးပါ လိမ့်မယ်။ထမင်းရည် အတူ လျက် တယ်ဆိုတာ မျိုးက ဇာတ်ကားထဲတောင်မှ ဟိုး ရှေးကား လောက် မှာပဲ ရှိတာပါ။Relationship ဆိုတာ မျိုး က အစတည်းက အပြန်အလှန် အားကိုး အားထား ပြုရတာ မျိုးပါ။ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေး ပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က ပဲ တစ်ချိန် လုံး လိုက် မှီခို နေရင် ဘယ်လို မှ အဲ့ Relationship က ကြာကြာခံ စရာ အကြောင်းမရှိပါဘူး။မိန်းကလေး ဆိုတာ မျိုး ကလည်း ဘယ်လောက်ပဲ ထက်မြက် တယ်ပဲ ပြောပြော အနည်းနဲ့ အများဆိုသလို သင့် အပေါ် မှာ အားကိုး အားထား လုပ်ချင် ကြပါတယ်။ဥပမာ- သင့် ဘက်က နေ မိန်းကလေး ဘက်ကို တစ်ချိန် လုံး ချေးစားငှားစားလုပ်နေတာမျိုး၊ဘောပွဲ လောင်းလိုက် ရှုံးလိုက်နဲ့ သူဌေး ဖြစ် ခွေး ဖြစ် လုပ်နေတာ မျိုးတွေများလာရင် တော့ စဉ်းစားတွေးေ ခ်ါမှု ဥာဏ် ပညာအရ၊ငွေ ကြေးအရ၊စိတ်ဓါတ် ပိုင်း အရ သင့်မှာ အထင်ကြီး လေးစားစရာ တစ်ခု မှ မရှိရင် တော့ အဲ့ မိန်းကလေးက သေချာ ပေါက် သင့်ကို ထားသွားမှာပါ။

READ
ချစ်သူနှစ်ဦးပြတ်ဖို့နီးလာကြေင်း ပြနေတဲ့လက္ခဏာများ

သင့်နဲ့ နေရတာ စိတ်ဆင်းရဲစရာတွေ များလို့

Image:freepik.com/jcomp

ချစ်သူဘ၀ စိတ်ဆင်းရဲစရာ စိတ်ညစ်စရာတွေ ကို ဖွင့်ဟ တိုင်ပင် တာမျိုး ကတော့ ကောင်းပါတယ်။ဒါပေမယ့် တစ်ချိန်လုံး သင့်ရဲ့ အဆင် မပြေ မှုတွေကိုပဲ တွေ့ တိုင်း ပြော နေမယ် ဆိုရင် တော့ ဒါက အဆင် မပြေ ပါဘူး။သင်နဲ့ တွေ့တိုင်း၊စကားပြောလိုက်တိုင်း သင့်ဆီက နေ စိတ်ဆင်းရဲစရာ၊စိတ်ညစ်စရာ တွေ ကိုပဲ တစ်ချိန် လုံး ကြားေ နမယ်၊သင့်ဘက်က သူ့ အတွက် ပျော်ရွှင်မှုဆိုတာ နည်းနည်းလေး မှ ဖန်တီး မပေးနိုင်တဲ့ အချိန် ကာလ တွေ သိပ် များလာမယ်ဆိုရင် တော့ သူ့ ဘက်က နေ ဘယ်လောက်ပဲ ချစ်ချစ် ထားခဲ့ မှာပါ။

READ
ဘယ်တော့မှ လက်လွှတ်မခံသင့်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းများ

 မျက်နှာ များလို့

Image:freepik.com/galinkazhi

မုန့်ကိုသာ ဝေစားမယ်၊အချစ်ကို ဝေ မစားဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။မိန်းကလေး တစ်ယောက်က အဲ့ယောက်ျားလေးကို ဘယ်လောက် ပဲ ချစ် နေပါ စေ၊သူ့တစ်ယောက်တည်း အတွက် မဟုတ်ဘူးဆိုတာ သိလာရင် တော့ ဘ၀ အတွက် လက်တွဲ ဖို့ ကို ပြန်စဉ်းစားမှာပါ။ဒီနေ့ခေတ် ရှိတဲ့ မိန်းကလေး တော် တော် များများက တစ်ယောက်တည်း လည်း ရပ်တည်နိုင်သူတွေ မို့ မျက်နှာ များတဲ့ ယောက်ျားတစ်ယောက်ကို အိမ်ထောင်ဖက် အဖြစ် ရွေးပြီး အောက်ကျ ခံ ပေါင်း ဖို့ ကို ၀န်လေးတတ်ကြပါတယ်။သင်ချစ်တာ သူတစ်ယောက်တည်းမဟုတ်ဘူး၊သင့်ဘက်က သူ့ အပေါ် သစ္စာမဲ့တာတွေ များလာရင် တော့ ဘယ်လောက်ပဲ ချစ်ချစ် ထားခဲ့ ခံရမှာပါ။

တခြားအချက်များ

Image:freepik.com/beststudio

ကောင်မလေး ဘက်က ချစ်ပေမယ့် ထားခဲ့ရတဲ့ တခြားအ ကြောင်းအရင်းတွေ ကေ တာ့ သင့်ဘက်က သူ့အ ပေါ် သိပ် ချုပ် ချယ် စိုးမိုးလွန်းရင် လည်း သူ့ ဘ၀ လွတ် မြောက် ဖို့ သင့်ကို ထားခဲ့တတ်ပါတယ်။အဲ့လို ပြဿနာတွေ မရှိဘူး၊ဒါပေမယ့် မိန်းကလေး ဘက်က နေ ချစ်ပေမယ့် သင့်ကို ထားသွားတယ်ဆိုရင် တော့  အကြောင်းအရင်းက တစ်ခုပဲ ရှိပါတယ်။အဲ့ဒါကေ တာ့ အချစ်ကို ဖော်ပြ ပုံ မတူလို့ပါ။ကိုယ့်ရည်းစားဘာ လိုချင် လဲ ဆိုတာကို သိအောင် ကြိုးစားထားသင့်ပါတယ်။ ကိုယ့်ရည်းစား က ဘယ်လို မျိုးလေး လုပ်ပေးမှ သူ့ကို ချစ်တယ်၊ဂရုစိုက်တယ်ထင်တာလဲ ဆိုတာကို နားလည် အောင် လုပ်ပါ။အဲ့လို မှ သိမထားရင် တော့ သူ့ အပေါ် သင့်ဘက်က တကယ်မချစ်ဘူး ထင်ပြီး ထားခဲ့တာ ခံရနိုင်ပါတယ်။

#SHWEMOM

SHARE