ဘာကြောင့် စပျစ်သီးရေခဲမုန့် လုပ်ဖို့ အင်မတန် ခက်ခဲရတာလဲ …

Freepik_Santabanta

အသီးအနှံတွေနဲ့ ရေခဲမုန့်ကို ပြုလုပ်ရာမှာ စိတ်ကြိုက်အသီးအနှံတွေကို ထည့်ပြီး ပြုလုပ်လေ့ရှိကြပေမယ့်လို့ စပျစ်သီးးရေခဲမုန့်ကတော့ ရေခဲမုန့်တွေထဲမှာ အင်မတန်ရှားပါးလှတဲ့ ရေခဲမုန့်ပဲဖြစ်ပါတယ်။ လိမ္မော်၊ စပျစ်၊ ချောကလတ်၊ ဒူးရင်းသီး၊ သစ်ခွဆိုပြီး အမယ်စုံတဲ့ ရေခဲမုန့်တွေ့ ရှိကြပေမယ့် စပျစ်သီးရေခဲမုန့်ကတော့ အင်မတန်ရှားပါးလှပါတယ်။

Freepik_SNAP

ဘာကြောင့် စပျစ်သီးရေခဲမုန့်တွေက လုပ်ဖို့ အင်မတန်ခက်ခဲပြီး ရှားပါးနေသလဲဆိုတော့ – 

စပျစ်သီးမှာ ရေဓာတ်အများအပြား ပါဝင်ခြင်း

စပျစ်သီးက ရေဓာတ်အင်မတန်များတဲ့ အသီးအနှံတစ်ခုဖြစ်ပြီး ရေခဲမုန့်ပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုဖို့ကတော့ တကယ့်ကို စွန့်စားခန်းတစ်ခုပဲဖြစ်ပါတယ်။ စပျစ်သီးတစ်လုံးထဲမှာ ရေဓာတ် ၈၁% ပါဝင်ပါတယ်။ ဒီလို ရေဓာတ်အင်မတန်များပြားလွန်းတဲ့အတွက်ကြောင့်လည်း အင်မတန် အေးခဲသွားတဲ့အချိန်မှာ လုံးဝကို ရေခဲအတိဖြစ်သွားလေ့ရှိပါတယ်။ ဒီလို ရေခဲအင်မတန်ဖြစ်လွယ်လွန်းတဲ့အတွက်ကြောင့်လည်း ရေခဲမုန့်လုပ်လိုက်ချိန်မှာ မူလအရသာပျက်သွားမှာ ဖြစ်ပြီး ရေခဲမုန့်တစ်ခုလို ပုံစံရရှိမှာ မဟုတ်ဘဲ ရေခဲတုံးတွေလိုဖြစ်သွားမှာပါ။ 

မိမိအိမ်မှာပဲ စပျစ်သီးရေခဲမုန့်ကို လုပ်စားကြမယ်ဆိုရင်လည်း တွေ့နေမြင်နေကျ ရေခဲမုန့်တွေလို ရရှိမှာမဟုတ်ဘဲ ရေခဲအဖတ်လိုက်ကပ်နေတဲ့ ရေခဲမုန့်တစ်ခုလိုဖြစ်ဖို့ ရာခိုင်နှုန်းများလှပါတယ်။ 

စပျစ်သီးရေခဲမုန့်တွေက ဘယ်တော့မှ နာမည်ကြီးလာမှာ မဟုတ်ပါဘူး

READ
ကမ္ဘာပေါ်က အလွန်အမင်း ဈေးကြီးတဲ့ အချိုပွဲ (၆) ပွဲ

အသီးအနှံတွေထဲမှာ ရေဓာတ်များလွန်းတဲ့ အသီးအနှံ့တွေလည်း ရှိပြီး ရေခဲမုန့်ပြုလုပ်ပြီး စားသောက်လေ့ရှိကြပါတယ်။ ဥပမာဆိုရရင် ချယ်ရီသီးမှာဆိုရင် ရေဓာတ် ၈၂ % ရှိနေတဲ့ အခြေအနေတောင်မှ ချယ်ရီရေခဲမုန့်တွေက ကမ္ဘာမှာ အင်မတန်နာမည်ကျော်ကြားလှပါတယ်။

ရေခဲမုန့်စားတော့လို့ တွေးလိုက်တိုင်း ဘယ်သူမှ စပျစ်သီးရေခဲမုန့်စားမယ်လို့မတွေးမိကြပါဘူး။ ဒါဟာ ဈေးကွက်အတွင်းမှာ အလွယ်တကူရရှိနေတဲ့ တခြားအရသာမျိုးစုံကြောင့်သာဖြစ်ပြီး တကယ်လို့ စပျစ်သီးရေခဲမုန့်ကို  မဖြစ်ဖြစ်တဲ့ နည်းနဲ့ ထုတ်လုပ်ရောင်းချမယ်ဆိုလည်း အောင်မြင်နိုင်ဖို့ အခွင့်အလမ်းနည်းပါးလှပါတယ်။

Freepi_KNKX

စပျစ်သီးအရသာနဲ့ ဘယ်လိုလုပ် စားမလဲ

စပျစ်သီးအရသာ ရေခဲမုန့်ကို စားဖို့ဆိုတာမဖြစ်နိုင်တဲ့ အရာတစ်ခုလို့ ဆိုကြပေမယ့်လို့ စပျစ်သီးကို နောက်တစ်မျိုးပြောင်းလဲပြီး စားလို့ရပါသေးတယ်။ သူ့ရဲ့ ပင်ကိုယ်သဘာဝကြောင့် စပျစ်သီးတွေက ရေခဲများပြီး အလွန်အေးခဲမြန်တဲ့ အသီးတွေဖြစ်တဲ့အတွက်ကြောင့် ရေခဲချောင်းအဖြစ် လုပ်စားတာက အသင့်တော်ဆုံးပဲဖြစ်မှာ အသေအချာပါပဲ။

Ye Yint Kyaw

SHARE