အမျိုးသမီးတွေအသက် ၃၀ကျော်လာရင် ဘာကြောင့် ဆွဲဆောင်မှုရှိကြတာလဲ

အသက် ၂၀ကျော် ငယ်ရွယ်နုပျိုမှုနဲ့ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ မျိုးသမီးကနေ အသက် ၃၀ကျော်မှာ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာတာ ဘာကြောင့်လဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး Shwemom ပရိသတ် ကြီးစိတ်ဝင်စားနေမယ်ထင်ပါတယ်။ဒါကြောင့် အသက်သုံးဆယ်ကျော် အမျိုးသမီးတွေဘာကြောင့်ဆွဲဆောင်မှုရှိနေရလဲ ဆိုတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်သတိမထားမိသေးတဲ့ လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Yes or No

ဒီအရွယ်မှာ ဘ၀အတွေ့အကြုံတွေကလည်း အတော်အသင့်ပြည့်ဝနေပြီ၊ ပေါင်းသင်းဆက်ဆံရေးမှာလည်းလူတွေရဲ့ သဘောထားကို စုံသလောက် အသားကျနေပြီဆိုတော့  တော်ရုံ complainတွေဆိုရင် Yes or No လောက်ပဲ တုန့်ပြန်တော့တယ်။ငယ်ရွယ်တုန်းကလိုအရာရာကို သဘောရိုးနဲ့ အမှန်တရားအတွက်ပတ်ဝန်းကျင်နဲ့ ကန့်လန့်တိုက်ရ တိုက်ရဆိုတဲ့စိတ်ကို ချိုးနှိမ်နိုင်ပြီဖြစ်တဲ့အတွက် ပြဿာနာတွေကိုဖြေရှင်းတဲ့အခါ အေးဆေးတည်ငြိမ်နေတာကလည်း အသက် ၃၀ကျော်အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိနေစေတဲ့အချက်ဖြစ်ပါတယ်။

ပြစ်တင်ဝေဖန်မှုတွေကို တုန်လှုပ်မှုမရှိတော့ဘူး

တခါတလေအမှားအယွင်းတွေကြောင့် မျှော်လင့်ချက်၊ ဆန္ဒတွေကို ခြိမ်းခြောက်မှုခံရတာများလာတဲ့အခါကြောက်ရွံ့မှု၊အား ငယ်မှုတွေက တဖြည်းဖြည်းနဲ့စိန်ခေါ်မှုတွေလိုဖြစ်လာပြီး အသက် ၃၀အရွယ်မှာတော့ စိန်ခေါ်မှုတိုင်းအတွက်အ သင့်ဖြစ်နေပါပြီ။ဘယ်ခရီးက ဘယ်ထီးနဲ့သင့်တော်မယ်ဆိုတဲ့ စဉ်းစားဆုံးဖြတ်နိုင်မှုတွေကြောင့်အခက်အခဲတစ်ခုကြုံ တိုင်း သွေးပျက်နေခဲ့တဲ့အဖြစ်အပျက်တွေက ဒီအရွယ်မှာတော့ ရယ်စရာအမှတ်တရတွေလိုပါပဲ။

READ
ယောက်ျားတစ်ယောက်သင့်ကို စိတ်ဝင်စားရင်လုပ်လေ့ရှိတဲ့အချက်များ

ဗဟုသုတများစွာလည်းစုဆောင်းမိပြီ

စိတ်ထောင်းရင် ကိုယ်ကြေတယ်ဆိုတဲ့ စကားနဲ့ဆန့်ကျင်စွာဘဲ  အရာရာကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံခဲ့တဲ့စိတ်ဓာတ်ကြောင့် လူလည်းတော်တော်ကိုမာနေပြီဆိုရမယ်။ကျန်းမာရေး၊ အလှအပ၊ လူမှုပေါင်းသင်းဆက်ဆံရေးစသဖြင့်ဗဟုသုတပေါင်းစုံ လည်း တော်တော်များများစုဆောင်းမိနေတဲ့အရွယ်လည်းဖြစ်ပါတယ်။တွေ့ကြုံခံစားခဲ့ရတဲ့ ဘ၀ရဲ့ လှုပ်ရှားမှုတွေမှာ တကယ်အသုံးဝင်ခဲ့တဲ့အရာ၊ဆုပ်ကိုင်ထားဖို့ မထိုက်တန်တဲ့အရာတွေကို ကွဲကွဲပြားပြားသိလာတဲ့အတွက် ကိုယ့်အတွက် အရေးမကြီးတဲ့အရာတွေကို ရှင်းထုတ်ပြီး ယုံကြည်မှုအပြည့်နဲ့ လှပ၀ံ့ကြွားစွာနေနိုင်နေပြီဖြစ်လို့ ဒီအရွယ်ဟာဆွဲဆောင်မှု အရှိဆုံးအရွယ်လို့ပြောရင်မှားမယ်မထင်ပါဘူး။

ခေတ်နောက်မကျန်ခဲ့ဘူး

ဒီအရွယ်မှာကိုယ်နဲ့လိုက်ဖက်သင့်တော်ဆုံးဘ၀နေထိုင်မှု၊ဖက်ရှင်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ကောင်းကောင်း ရွေးချယ်နိုင်ပြီ၊ခေတ်ရေစီးကြောင်းအတိုင်းပေါ့။အပေါင်းအသင်းဆိုရင်လည်းအရေအတွက်များများရှိနေဖို့မလိုတော့ဘူး ကိုယ်နဲ့ ထပ်တူ မျှဝေခံစားနိုင်မယ့်သူ အနည်းအကျဉ်းရှိရင်ဘ၀ရဲ့အေးချမ်းမှုအရသာအစစ်အမှန်ကိုခံစားတတ်နေတာကလည်း အသက် ၃၀အရွယ်အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့အရည်အချင်းတစ်ခုပါပဲ။ခေတ်အလိုက်ပြောင်းလဲလာတဲ့ လူတွေရဲ့ သဘောထားအမြင်တွေပေါ်မူတည်ပြီး အလိုက်သင့်တုန့်ပြန်လာနိုင်တဲ့ အရောင်စုံအရည်အချင်းတွေကလည်း အသက် ၃၀အရွယ်အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိစေတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lifehack.org

SHARE