အချိန်အခါနဲ့ မစားသောက်မိလျှင်ဘေးဖြစ်တတ်သော အစားအသောက်များ

ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ် ဆိုတဲ့အစားအစာတွေတောင် သင်အချိန်အခါနဲ့ မစားသောက်မိလျှင် ဘေးဖြစ်တတ်ပါတယ်။ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်များနဲ့ လျော်ညီစွာ အစားအသောက်များကို အချိန်အခါဖြင့် စားသုံးဖို့က အရေးကြီးပါတယ်။အခုဒီမှာတော့ အချိန်အခါနဲ့ စားသုံးသင့်တဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ငှက်ပျောသီး

main36

အစာခြေစနစ်ဆိုင်ရာ ကျန်းမာရေးကျွမ်းကျင်သူ လင်ဒါရဲ့ အဆိုအရ နေ့တာကုန်ဆုံးပြီး ညပိုင်းရောက်လေလေ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစာခြေ အင်ဇိုင်းတွေ နည်းပါးလာလေဖြစ်ပြီး ငှက်ပျောသီးကို ညဘက်ပိုင်းမှာ စားမယ်ဆိုရင် အချဉ်ပေါက်လာပြီး အစာမကြေဖြစ်တတ်တယ်လို့ ဆိုပါတယ်။ငှက်ပျောသီးကို နေ့လည်နေ့ခင်းမှာ စားသုံးတာ အကောင်းဆုံးဖြစ်ပြီး ငှက်ပျောသီးမှာ အယ်ကာလိုင်း PH ဓာတ်နဲ့ ပိုတက်ဆီယမ်ပါဝင်လို့ သဘာဝအစာခြေဆေးအဖြစ်အသုံးဝင်ပါတယ်။

၂။နွားနို့

gettyimages-85642560

နွားနို့ဟာ အရေးပါတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်ဖြစ်ပြီး လေ့ကျင့်ခန်းမလုပ်ရသေးခင်တော့ မသောက်သုံးသင့်ပါဘူး။နွားနို့ဟာ အဆီဓာတ်ကြွယ်ဝပြီး အစာခြေဖို့ရန်နှေးကွေးတဲ့ အတွက် ကြွက်တတ်စေပြီး မအီမသာ ဖြစ်စေတဲ့အတွက်ဖြစ်ပါတယ်။နွားနို့ ပုံမှန်ခွက်တစ်ခွက်မှာ သင်ရဲ့တစ်နေ့တာလိုအပ်တဲ့ ဆိုဒီယမ်ပမာဏ ၆ % ပါဝင်တဲ့ အတွက်လေ့ကျင့်ခန်းလုပ်နေစဉ် ရေငတ်ခြင်းကိုဖြစ်စေပါတယ်။(တစ်နေ့တာလိုအပ်သောဆိုဒီယမ်ပမာဏ = ၃၄၀၀ မီလီဂရမ်= ၃၄ ဂရမ်)နွားနို့ ကို လေ့ကျင့်ခန်းလုပ်အပြီး ညဘက်မှာ သောက်သုံးသင့်ပြီး ကြွက်သားများတည်ဆောက်ရာမှာ ကူညီပေးပြီး အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် သင့်ကို အိပ်ပျော်စေပါတယ်။

READ
ငယ်ရွယ်နုပျိုနေစေဖို့ စားသင့်တဲ့အစားအစာများ

၃။ပန်းသီး

gettyimages-185071735

ပန်းသီးမှာပါဝင်တဲ့ အက်ဆစ်ကြောင့် ညနေဘက်ပိုင်းမှာ စားသုံးရင် သင့်ကို မအီမသာဖြစ်စေပါတယ်။ပန်းသီးကို မနက်ပိုင်းမှာ စားသုံးသင့်ပြီး ပန်းသီးအခွံဟာအသည်းကို အစာခြေရည်ထုတ်ပေးရန်လူံဆော်ပေးတဲ့ Pectin အမျှင်ဓာတ်ပါဝင်တဲ့အတွက် သင်ရဲ့အစာအိမ်ကို အစာခြေဖျက်ဖို့ရန်ကူညီပေးပါတယ်။

၎။အစေ့အဆန်များ။

gettyimages-558892667

မြေပဲ၊သီဟိုဠ်စေ့ကဲ့သို့သော အစေ့အဆန်များဟာ အိုမီဂါ ၃ အက်ဆစ်၊ပရိုတင်းနဲ့ အမျှင်ဓာတ်တွေပါဝင်တဲ့ အတွက် သင့်ရဲ့အစာစားချင်စိတ်ကို လျှော့ပါးပြီး သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အတွက် ညဘက်ပိုင်းမှာ စားသုံးသင့်ပါတယ်။

Lumos (Shwemom)]

Ref : The Sun

SHARE