ကွယ်လွန်သွားတဲ့ ခင်ပွန်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ တပ်ထဲ ၀င်ခဲ့တဲ့ ဇနီးသည်

[email protected] Armed Forces

ဒီအဖြစ်အပျက်လေးကို ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကို ခဏပြန်သွားရပါမယ်။  အိန္ဒိယနိုင်ငံစစ်တပ်မှာ Nayak Deepak Nainwal လို့ အမည်ရတဲ့ စစ်သားတစ်ယောက် ရှိပါတယ်။ Nayak ဟာ မျိုးချစ်စိတ်အပြည့်ရှိတဲ့ စစ်သားတစ်ဦးဖြစ်သလို တိုက်ပွဲတိုင်းလိုလိုမှာလည်း ရွံရွံချွံချွံတိုက်ခိုက်လေ့ရှိတဲ့ စစ်သားတစ်ယောက်ပါ။ ဒီလိုနဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလတုန်းက Kashmir ဒေသ၊Kulgam မြို့ရှိ အကြမ်းဖက်သမားတွေကို နှိမ်နှင်းရတဲ့ စစဆင်ရေးတစ်ခုမှာ Nayak ဟာ ရင်ဘတ်နဲ့ ကျောရိုးတည့်တည့်ဆီကို သေနတ်နဲ့ ၃ ချက်တိတိ အပစ်ခံရပြီး ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီ ဒဏ်ရာတွေကြောင့်ပဲ Nayak ဟာ သေလုမျောပါး ဒဏ်ရာတွေခံစားခဲ့ရပြီး ဆေးရုံတင်ခဲ့ရပါတယ်။

Pixabay-Game_of_pics

Nayak ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာလည်း လုံးဝမလှုပ်နိုင်တော့ပဲနဲ့ Nayak ဟာ ၂၀၁၈ ခုနှစ်၊ မေလမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ Nayak တစ်ယောက် မကွယ်လွန်ခင်မှာ သူ့ရဲ့ နောက်ဆုံးဆန္ဒတစ်ခု ရှိခဲ့ပါတယ်။ အဲဒီဆန္ဒကတော့ ဇနီးသည်ဖြစ်သူ Jyoti Nainwal ဟာ တစ်နေ့ကျရင် အိန္ဒိယစစ်တပ်ထဲကို ဝင်ပေးဖို့ပါပဲ။ အခုဆိုရင်တော့ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ Jyoti ဟာ ခင်ပွန်းသည် Nayak ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါပြီ။ Nayak ဆုံးပြီး ၃ နှစ်ကြာတဲ့ အချိန်မှာ Jyoti ဟာ အိန္ဒိယ စစ်တပ်ကို ဝင်ရောက်ခဲ့ပြီး မကြာခင်အချိန်အတွင်းမှာပဲ Chennai မြို့ရှိ အရာရှိသင်တန်းကျောင်းမှာ Training စဆင်းရတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

READ
ပေါင် (၃)သန်းကျော်ဖိုး လောင်းကစားလုပ်ခဲ့တဲ့ဇနီးကြောင့် ဘဝပျက်ခဲ့ရတဲ့ အမျိုးသား

“Nayak မရှိတဲ့ အချိန်တွေဟာ ကျွန်မအတွက် တော်တော်လေးကို ပင်ပန်းခဲ့ရပါတယ်။ သူ့ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ၃ နှစ်တိတိ သေချာကြိုးစားခဲ့ရပါတယ်။ ၃နှစ်လုံးလုံး မနက် ၃ နာရီခွဲကတည်းက အပြေးလေ့ကျင့်ပါတယ်။ SSC စာမေးပွဲဖြေနိုင်အောင်လည်း စာတွေကို ကြိုးစားခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အိန္ဒိယစစ်တပ်ထဲကို ဝင်နိုင်ခဲ့ပါပြီ။ ကျွန်မအတွက် သူတစ်နေရာရာကနေ ဂုဏ်ယူနေနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်”လို့ Jyoti က TNIE သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pixabay-yogendras31

Pyi Hein Kyaw

SHARE