ဆိုင်ကယ်စီးလူဆိုးအဖွဲ့ကို လျှင်မြန်စွာ ထိန်းသိမ်းလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်များ

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ဧရိယာထဲမှာ အဝင်အပါဖြစ်တဲ့ မော်စတွန်မှာ ဆိုင်ကယ်နဲ့ပတ္တရောင်လှည့်နေတဲ့ ရဲကင်းအဖွဲ့ဟာ ဆိုင်ကယ်စီးရာဇဝတ်ဂိုဏ်းသားတွေလို့ ယူဆရတဲ့ ဆိုင်ကယ်သမားတွေကို မီးပွိုင့်တစ်နေရာမှာပင် ယာဉ်ကြောပိတ်ဆို့ကာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို အနီးအနားက ကားတစ်စီးရဲ့ Dashcam နဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

NWESFLARE

အဆိုပါ သံသယရှိသူ (၃)ဦးအနက် တစ်ဦးက ဆိုင်ကယ်တစ်စီး၊ အခြားနှစ်ဦးက ဆိုင်ကယ်တစ်စီး အသီးသီးမောင်းနှင်လာကြတာဖြစ်ပြီး၊ မီးပွိုင့်တစ်ခုမှာ မီးစိမ်းလို့စတင်မောင်းနှင်ဖို့ ကြိုစားနေချိန်မှာပင် ရဲတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ဆိုင်ကယ်တွေက လမ်းကိုအတင်းပိတ်ရပ်ကာ ဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။

NWESFLARE

သံသယရှိသူ ဆိုင်ကယ်သမားတစ်ဦးကတော့ ဆိုင်ကယ်ကို စွန့်ပစ်ကာ ချက်ချင်းပဲနေရာကနေ ထွက်ပြေးသွားပေမယ့်၊ တစ်စီးတည်းနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်သမားနှစ်ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အင်္ဂလန်နိုင်ငံဟာ လက်တလောမှာ အုပ်စုလိုက်ဆိုင်ကယ်များစီးနင်းကာ ရာဇဝတ်မှုတွေကျူးလွန်မှုပမာဏ မြင့်တက်လာနေပြီ ဖြစ်ပါတယ်။

NWESFLARE

တစ်ခါတလေမှာ ပစ္စည်းလုယူဓားပြတိုက်ခြင်း၊ နေအိမ်ဆိုင်ခန်းများ ဖျက်ဆီးခြင်းနဲ့၊ တစ်ခါတရံမှာ အုပ်စုဖွဲ့အနိုင်ကျင့်ရိုက်နက်ခြင်းတွေ၊ တိုက်ခိုက်ခံရမှုကြောင့် လူသေမှုတွေ၊ ဒဏ်ရာရရှိမှုတွေဟာ တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အခုလို ရဲတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို အင်္ဂလန်တစ်ဝှမ်းက အလွန်သဘောကျနေကြပါတယ်။

READ
ထူးဆန်းပြီး အလွန်အန္တရာယ်များတဲ့ ကျွန်းတစ်ကျွန်း အမေရိကန်မှာ ပေါ်ပေါက်
NWESFLARE

မေလအတွင်းက စာရင်းဇယားများအရ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တစ်ခုတည်းမှာပင် မော်တော်ဆိုင်ကယ်ဖြင့် ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုပေါင်း (၅၀)ကျော် ရှိခဲ့ကြောင်း သိရပါတယ်။ (၂၀၁၇)ခုနှစ် ဇူလိုင်မှာတော့ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ဟာ ဆိုင်ကယ်ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့အတွက် ဆိုင်ကယ်စီးပတ္တရောင်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။

အဆိုပါအဖွဲ့ကို Safer Roads Targeting Team (SRTT) ဆိုပြီး အမည်ပေးခဲ့ပြီး၊ ဝရမ်းထုတ်ထားတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ စက်ဘီး စတဲ့ယာဉ်တွေကို စောင့်ကြည့်ထိန်းသိမ်းရပြီး၊ နောက်ယောင်ခံလိုက်ခြင်း၊ ဖမ်းဆီးပြီး အတည်ပြုခြင်း၊ ရှောင်တခင်တားဆီးစစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE