ပိတုန်းတစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် တယုတယမွေးထားတဲ့အမျိုးသမီး

ဖီယိုနာ ပရက်စလီဆိုတဲ့ အမျိုးသမီးဟာ စကော့တလန်နိုင်ငံမှ စာကြည့်တိုက်မှူးတစ်ဦးဖြစ်ပြီး သူမဘဝအတွက် အလွန်ထူးခြားတဲ့ဖြစ်စဉ်ကို ကြုံခဲ့ရပါတယ်။ ဖီယိုနာဟာ သူမရဲ့ ခြံထဲမှာ ပိတုန်းဘုရင်မတစ်ကောင်ကို တွေ့ခဲ့ပြီး ထူးဆန်းတာက ၎င်းပိတုန်းမှာ အတောင်မပါတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့် အတောင်မဖွံ့ဖြိုးနိုင်တဲ့ အနေအထားဖြစ်နိုင်ပြီး အသက်ရှင်နိုင်ချေလည်း နည်းနေတဲ့ ပိတုန်းလေးကို ဖီယိုနာက ကယ်တင်ခဲ့ပါတယ်။

# လူသားနဲ့ ပိတုန်းတို့ကြားက နွေးထွေးတဲ့ရင်းနှီးမှု

Fiona Presly/ Facebook

အကူအညီမဲ့နေရှာတဲ့ သတ္တဝါလေးအတွက် ဖီယိုနာက အုပ်ဆောင်းလေးနဲ့ သီးသန့်ဥယျာဉ်လေးလုပ်ပေးခဲ့ပြီး ပန်းဝတ်ရည်အစားထိုး သကြားရည်ကို တိုက်ကျွေးခဲ့ပါတယ်။ မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ ရင်းနှီးသွားခဲ့ကြပြီး ဥယျာဉ်ဆီသို့ ဖီယိုနာရောက်လာတိုင်း ပိတုန်းလေးဟာ အမြဲထွက်လာပြီး နှုတ်ဆက်တတ်ပါတယ်။ ပိတုန်းလေးကို ဖီယိုနာသယ်ဆောင်လေ့ရှိပြီး ဖီယိုနာလက်ပေါ်မှာနေရရင် သဘောကျနေတတ်ပါတယ်။

Fiona Presly/ Facebook

ပိတုန်းတွေရဲ့ ပျမ်းမျှသက်တမ်းဟာ (၁၈)ပတ်သာ ရှိပေမယ့် ဖီယိုနာရဲ့ နွေးထွေးစွာ စောင့်ရှောက်ထားမှုကြောင့် ပိတုန်းလေးဟာ ပျမ်းမျှသက်တမ်းထက် ပိုပြီးနေသွားရပါတယ်။ နောက်ဆုံးမှာတော့ ပိတုန်းလေး သေဆုံးသွားခဲ့ပြီး ဖီယိုနာအတွက်တော့ မမေ့နိုင်တဲ့ အမှတ်တရဖြစ်ခဲ့ပါတယ်။

READ
လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်တဲ့ (၃)နှစ်အရွယ်ကောင်မလေး

# ပိတုန်းအတွက် သီးသန့်ဥယျာဉ်လေး

Fiona Presly/ Facebook
Fiona Presly/ Facebook

# မိုးရွာတဲ့နေ့တွေဆိုရင် အိမ်ထဲမှာ ခေါ်ပြီး လုံခြုံစွာထားပါတယ်။

Fiona Presly/ Facebook
Fiona Presly/ Facebook
Fiona Presly/ Facebook

# သခင်လက်ပေါ်မှာ နေရတာကြိုက်တယ်ဆိုတဲ့ ပိတုန်းလေး

Fiona Presly/ Facebook

White (Shwemom)

Ref: Bored Panda

SHARE