သူမနဲ့ ပုံစံတူ ဂိမ်းဇာတ်ကောင် ဖန်တီးထားတယ်ဆိုပြီး ဂိမ်းကုမ္ပဏီကို စွပ်စွဲခဲ့တဲ့ အမျိုးသမီး

[email protected]_nie League of Legends/YouTube

League Of Legends, Mobile Legends, PUBG အစရှိတဲ့ ဂိမ်းတွေဟာ ယနေ့ခေတ်မှာ လူတော်တော်များများ ဆော့ကစားနေကြတဲ့ ဂိမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Andriod Version နဲ့ ထွက်ရှိလာခဲ့တဲ့ League Of Legends ဂိမ်းဟာ Andriod Gamer တွေကြားထဲမှာ တော်တော်လေး ခေတ်စားနေတဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အမျိုးသမီးတစ်ယောက်ဟာ LOL ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Riot Games ကုမ္ပဏီကို စွပ်စွဲမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ LOL ဂိမ်းထဲက Seraphine အမည်ရ ဇာတ်ကောင်ဟီးရိုးဟာ သူမရဲ့ ပုံကို အခြေခံပြီး တည်ဆောက်ခဲ့တာဖြစ်ကြောင်း စွပ်စွဲခဲ့တယ်လို့ Insider သတင်းဌာနရဲ့ ဖော်ပြချကအရ သိရှိရပါတယ်။

အဆိုပါ အမျိုးသမီးကတော့ Stephanie အမည်ရ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Stephanie ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၁၂.၁၁.၂၀၂၀) တုန်းက သူမရဲ့ Twitter အကောင့်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်ထဲမှာတော့ LOL ဂိမ်းထဲက ဇာတ်ကောင် Seraphine ဟာ သူမရဲ့ ရုပ်ရည်ပုံစံကို အခြေခံပြီး ရေးဆွဲထားတာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ခုကတော့ ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက Stephanie ဟာ Riot Game ကုမ္ပဏီက ဝန်ထမ်းတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ဖူးကြောင်း၊ ဒါပေမယ့် အဆင်မပြေမှုများစွာကြောင့် (၃) လကြာသာတွဲခဲ့ဖူးပြီး သူမကိုယ်တိုင်က အဆိုပါ အမျိုးသားကို ဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

READ
သမ္မတနေရာဟာ အမျိုးသမီးတစ်ယောက်အတွက် မဟုတ်ဘူးလို့ ဆိုတဲ့ Duterte

 

ဒါပေမယ့် Stephanie ပြောပြချက်အရ သူမတွဲ့ခဲ့ဖူးတဲ့ Riot Games ကုမ္ပဏီက John အမည်ရ အမျိုးသားဟာ Seraphine ဇာတ်ကောင် ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းမဟုတ်ပေမယ့် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဂိမ်းဒီဇိုင်းနာတော်တော်များများနဲ့ ရင်းနှီးကြောင်း ပြောခဲ့ပါတယ်။ Stephanie ဟာ ဒီအကြောင်းတွေနဲပ ပတ်သတ်ပြီး Riot Games ကုမ္ပဏီကို တိုင်ကြားစာတွေ ပို့ခဲ့ပေမယ့် Riot Games ကုမ္ပဏီဖက်က ဘာမှအကြောင်း မပြန်ခဲ့တဲ့အပြင် အဆိုပါ ကိစ္စတွေဟာ မဖြစ်နိုင်ကြောင်းသာ ငြင်းဆိုခဲ့ပါတယ်။

READ
ဘဝနေဝင်ချိန်မှာ ချစ်သူနဲ့လက်ထပ်သွားချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ခဲ့သူ
[email protected]_nie

“Seraphine ဂိမ်းဇာတ်ကောင်ဟာ ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဖန်တီးခဲ့တာပါ။ ပြီးတော့ Seraphine ဇာတ်ကောင်မှာ သူ့ဟာနဲ့သူ ဇာတ်အိမ်ဆိုတာ ရှိပါတယ်။ ဒါကို Stephanie အမည်ရ အမျိုးသမီးက သူ့ပုံကို ကြည့်ပြီး Seraphine ဇာတ်ကောင်ကို ဖန်တီးခဲ့တယ်လို့ ပြောတဲ့အပေါ်မှာ ကျွန်တော်တစ်ကယ်နားမလည်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ သူ့ကို သိလည်း မသိသလို မြင်တောင် မမြင်ဖူးပါဘူး”လို့ Seraphine ဇာတ်ကောင်ကို ထုတ်လုပ်ခဲ့တဲ့ Riot Games ကုမ္ပဏီရဲ့ ဂိမ်းဒီဇိုင်နာ Bethany Higa က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE