Toni အမည်ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ ကားခိုးဖို့လာတဲ့ခေါင်းစွပ်နဲ့လူဆိုးနှစ်ယောက်ကို iPhone ကိုင်ပြီးပြန်လည်တိုက်ခိုက်ခဲ့တဲ့အကြောင်းကို The Sun သတင်းစာမျက်နှာမှာဖော်ပြထားတာတွေ့ရှိရပါတယ်။

အသက်၂၀၀န်းကျင် အာရှတိုက်သားတွေလို့ခန့်မှန်းရတဲ့ လူဆိုးနှစ်ယောက်ဟာ Toni အိမ်ထဲကနေထွက်လာစဉ်မှာ သူမရဲ့ Meercedes A-Class ကားသော့ကို လုယူဖို့ကြိုးစားခဲ့ကြတာပါ။ Toni ပြောပြချက်အရ သူမဆီကိုလာတဲ့လူဆိုးနှစ်ယောက်ဟာ ကားမဟုတ်ပဲ သူမဆီကဖုန်းကိုလုမယ်ထင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

လူဆိုးတွေကသူမကို “သော့ပေး၊ သော့ပေး” ဆိုပြီးအော်ဟစ်ခဲ့ကြပါတယ်။ ဓာတ်ပုံထဲမှာဆိုရင်လည်း လူဆိုးတစ်ယောက်က ကလေးနှစ်ယောက်မိခင် Toni ကိုအရှေ့တံခါးပေါက်ဆီ ပြင်းပြင်းထန်ထန်တွန်းလိုက်တာကိုတွေ့ရမှာပါ။

Toni ဟာ သူမကိုတွန်းခဲ့တဲ့လူဆိုးကို လက်ထဲမှာရှိတဲ့ iPhone နဲ့အချက်ပေါင်းများစွာ ရိုက်နှက်နေခဲ့ပါတယ်။ တဖန်လူဆိုးက သူမရဲ့ လည်ဂုတ်ကိုကိုင်ပြီး အင်္ကျီကိုအတင်းဆွဲခဲ့ပါသေးတယ်။ CCTV တပ်ထားကြောင်း Toni ကအော်ဟစ်ခဲ့တဲ့အခါမှာတော့ လူဆိုးတွေကကသုတ်ရို်က်ထွက်ပြေးသွားခဲ့ကြပါတယ်။
အဆိုပါအဖြစ်အပျက်ကို Toni ကရဲကိုပြောပြခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အခင်းဖြစ်ပွားပုံ CCTV မြင်ကွင်းကိုတင်ခဲ့ပါတယ်။ Toni ရဲ့သူငယ်ချင်းတွေကတော့ သတ္တိကောင်းလှတဲ့သူမကို ၀ိုင်းဝန်းချီးကျူးနေကြကြောင်းသိရှိရပါတယ်။
လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။