ကျောင်းနေဖက်သူငယ်ချင်းတွေ ကောင်းမှုကြောင့် ထောင်နန်းစံရဖို့ သေချာနေတဲ့ အမျိုးသမီး

FBI

တလောတုန်းက ထရန့်ကိုထောက်ခံသူတွေ အားလုံးပေါင်းပြီးတော့ အိမ်ဖြူတော်ကိုဝင်စီးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ အားလုံးလည်း သိကြမယ်ထင်တာပဲ။ ယခုအချိန်မှာတော့ သမ္မတဖြစ်မယ့်သူက Joe Biden ဖြစ်သွားခဲ့တဲ့အတွက်ကြောင့် အားလုံးမကျေမနပ်ဖြစ်ကုန်ခဲ့ကြတာပါ။

FBI

တော်တော်လေးကို ရုန်းရင်းဆန်ခတ်နဲ့ သွေးထွက်သံယိုတွေဖြစ်သွားခဲ့ကြပြီးတော့ အရပ်သားဖက်မှာရော၊ ရဲဖက်မှာရောကို သေဆုံးသူတွေပါရှိနေခဲ့တာပါ။ ဒါကြောင့် ဆန္ဒပြတဲ့လူတွေ အယောက် ၁၂၀ လောက်ကို ဖမ်းဆီးဖို့ ဝရမ်းတွေထုတ်ထားခဲ့ကြပါတယ်။

ဒီခေတ်မှာကဘာလုပ်လုပ် Facebook ပေါ်တင်တဲ့ခေတ်ဆိုတော့ ရဲတွေအနေနဲ့ social media တွေကို အဓိက ပစ်မှတ်ထားပြီးတော့ ပါဝင်တဲ့လူတွေကို ရှာဖွေနေခဲ့ကြပါတယ်။ အဲဒီအထဲ လုံးဝဟိုးလေးတစ်ကျော်ဖြစ်စွားခဲ့တဲ့ ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ သူငယ်ချင်းတွေကြောင့် ထောင်နန်းစံလိုက်ရတဲ့ အမျိုးသမီးရဲ့အဖြစ်ပါ။

FBI

သူမနာမည်ကတော့ Emily Hernandrz ပါ။ Missouri ရဲ့ Sullivan မှာ နေထိုင်ပါတယ်။ သူမဟာ ဇန်နဝါရီလ ၁၅ ရက်ရဲ့ အကြမ်းဖက်ဆန္ဒပြပွဲမှာ ပါဝင်ကာ အိမ်ဖြူတော်ထဲဝင်ပြီးတော့ အစိုးရပိုင်ပစ္စည်းတွေဖျက်ဆီးခဲ့ပါသေးတယ်။ သူမဖျက်ဆီးခဲ့တဲ့ နာမည်ပြားဆိုရင်  ဒေါ်လာ ၈၇၀ တောင် တန်ပါတယ်တဲ့။ သူမရဲ့ပုံတွေ social media မှာ တက်လာခဲ့ပြီးနောက်မှာတော့ ဒါဟာ Emily Hemandrz မှ Emily Hemandrz ပဲဆိုပြီးတော့ FBI ကို သတင်းပေးမှုတွေ ရှိလာခဲ့ပါတယ်။ သတင်းပေးတဲ့သူတေါကတော့ သူမရဲ့ အထက်တန်းကျောင်းတုန်းက အတူတူတက်ခဲ့ကြတဲ့ ကျောင်းနေဖက်တွေပါတဲ့လေ။ အခုထိတော့ Emily တစ်ယောက် ထောင်ထဲ မဝင်ရသေးပေမယ့်လို့ ထောင်နန်းစံဖို့အတွက် သေချာသလောက်ဖြစ်နေပါပြီ။

READ
ရည်းစားဖြစ်သူရဲ့လုပ်ငန်းခွင်ထိလာပြီး ခုချက်ချင်းလက်ထပ်ပေးဖို့ပြောခဲ့တဲ့ အမျိုးသမီး

penny

SHARE