သူမနာမည်ကတော့ Laura Palladino ပါ။ Laura ဟာ သူမအားလပ်ချိန်တိုင်း ထူးထူးဆန်းဆန်း အကျင့်တစ်ခုနဲ့ အပမ်ဖြေလေ့ရှိပါတယ်။ အဲဒါကတော့ live streaming ရိုက်လွှင့်နေတဲ့ တိရိစ္တာန်လေးတွေကို ကြည့်တာပါပဲ။

တစ်နေ့တော့ Laura ဟာ မွေးမြူရေးလယ်တောတစ်ခုထဲ မွေးထားတဲ့ ဝက်လေးတစ်ကောင်ရဲ့ live video တစ်ခုကို ထိုင်ကြည့်နေခဲ့ပါတယ်။ ဝက်လေးဟာ ဗိုက်ကြီးနေတာလည်းဖြစ်ပြီးတော့ သူ့ဟာသူ သူ့ခြံလေးထဲမှာပဲ အိပ်လိုက်၊ လမ်းလျှောက်လိုက်၊ ဆော့လိုက်နဲ့နေနေခဲ့တာပါ။

ဒါပေမဲ့ ရုတ်တရက် နွေးအောင်အပူပေးထားတဲ့ မီးချောင်းလေးကို ဝက်လေးဟာ ဖင်နဲ့တိုက်ချလိုက်ပါတော့တယ်။ ပြုတ်ထွက်လာတဲ့မီးလုံးကို ကောက်ရိုးခြောက်တွေနဲ့ ယက်ပြီးဖုံးနေပါတော့တယ်။ မီးအပူနဲ့ ကောက်ရိုးခြောက်တွေနဲ့ တွေ့သွားခဲ့တဲ့အတွက်ကြောင့် မီးထလောင်တော့တာပေါ့။ တမဟုတ်ချင်းပဲ မီးတောက်တွေတက်လာခဲ့ပြီးတော့ ခြံထဲမှာရှိနေတဲ့ ဝက်ကလေးလည်း ဘယ်ပြေးလို့ပြေးရမှန်းကို မသိ ယောက်ယက်ခတ်နေခဲ့ပါပြီ။

ဒါကို live အနေနဲ့ ကြည့်နေရတဲ့ တစ်ယောက်တည်းကြည့်နေခဲ့တဲ့ Laura တစ်ယောက် live video တင်နေတဲ့ June Farm ကို ဖုတ်းဆက်ခဲ့ပေမယ့် ဘယ်သူမှမကိုင်တာကြောင့် ရဲဌာနကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတော့တယ်။ Laura ကြောင့် ကိုယ်ဝတ်သည်ဝက်လေးလည်း ဝက်ကင်ဖြစ်ရမယ့်ဘေးက လွတ်မြောက်ခဲ့ပြီး Jun Farm တစ်ခုလုံးလည်း မီးဘေးအန္တရာယ်မှ လွတ်ကင်းခဲ့ပါတော့တယ်။


မွေးမြူရေးခြံ့တာဝန်ခံက Laura ကို ကျေးဇူးတင်လွန်းလို့ အခု သူမကယ်ခဲ့တဲ့ ဝက်မလေးရဲ့ ဗိုက်ထဲက မွေးလာမယ့် ဝက်ပေါက်လေးရဲ့ နာမည်ကို Laura လို့ ပေးမှာပါတဲ့။
ဒါကတော့ Laura ကို interview လုပ်ထားတဲ့ ဗီဒီယိုလေးပါ။
penny