ဆူဆိုက်ဒ်လုပ်ခါနီးလူကို သီချင်းဆိုပြပြီး အောင်မြင်စွာအသက်ကယ်ခဲ့တဲ့ အမျိုးသမီး

Twitter/Orange County Sheriff's Office

ယနေ့ခေတ်မှာ အလွန်အမင်းစိတ်ပင်ပန်းမှုဒဏ်၊ စိတ်ဖိစီးမှုဒဏ်ကို သည်းမခံနိုင်ကြတော့တဲ့သူတွေဟာ ဆူဆိုက်ဒ်ပြုလုပ်ခြင်းဖြင့် လောကကြီးကို အရှုံးပေးကျောခိုင်းသွားကြပါတယ်။ ဆူဆိုက်ဒ်ပြုလုပ်ခဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာလည်း သူတို့ဆီမှာ စိတ်ဆင်းရဲစရာကိစ္စတွေက အကြောင်းရင်းတစ်ခုထက် ပိုနေတာတွေလည်း ရှိတတ်ပါတယ်။ သို့ပေမယ့်လည်း အခုအခါ လူတွေအနေနဲ့ ဆူဆိုက်ဒ်သားကောင်တွေနဲ့ ကြုံလာခဲ့ရင် ဘယ်လို ပညာပေးနှစ်သိမ့်မှုတွေ ပြုလုပ်ပေးရမလဲဆိုတာ သိလာနေပြီဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်နေ အမျိုးသမီးတစ်ဦးဟာလည်း ကံကောင်းထောက်မစွာနဲ့ တံတားပေါ်က ခုန်ချမယ့် အမျိုးသားတစ်ဦးကို အောင်မြင်စွာ အသက်ကယ်နိုင်ခဲ့ကြောင်း  သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ ခရစ္စတီးနားဆက်တာနီဆိုသူပါ။ တစ်နေ့တော့ ခရစ္စတီးနားဟာ ကားမောင်းလာရင်း တံတားစွန်းမှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်ကို သူမက သတိထားလိုက်မိပါတယ်။

Twitter/Orange County Sheriff’s Office

အမှန်က ခရစ္စတီးနားဟာ အဲ့ဒီနေ့တုန်းက အလုပ်နောက်ကျနေခဲ့တာပါ။ ဒါကြောင့် ခါတိုင်းသွားနေကြလမ်းကနေ မသွားပဲ အခြားလမ်းတစ်လမ်းကနေ ကားမောင်းလာခဲ့ရာက ဆူဆိုက်ဒ်လုပ်ဖို့ ကြိုးစားနေတဲ့ အမျိုးသားနဲ့ ဆုံခဲ့တာ ဖြစ်ပါတယ်။ ပထမတော့ ကိုယ့်ကိစ္စမဟုတ်တာကြောင့် ကားမရပ်ပဲ ဆက်မောင်းသွားဖို့ ပြင်ခဲ့ပေမယ့် နောက်တော့ စိတ်ပြောင်းပြီး ကားရပ်လိုက်ကာ ထိုအမျိုးသားရှိရာဆီ လျှောက်လာခဲ့ပါတယ်။

ခရစ္စတီးနားက “ကျွန်မ ဘာကြောင့် ကားရပ်ခဲ့သလဲဆိုတော့ သူ့နေရာကို ကိုယ်ချင်းစာလို့ပါ။ တံတားအစွန်းမှာ ရပ်နေရတဲ့ ခံစားချက်၊ သေခြင်းတရားသည်သာ ကိုယ့်ရဲ့တစ်ခုတည်းသော ရွေးချယ်စရာဆိုတဲ့ ခံစားချက်မျိုးကို ကျွန်မသိတယ်။ ဒီအချိန်မှာ သူ့အနေနဲ့ သူ့ကို အကူအညီပေးနိုင်တဲ့သူတစ်ယောက်တော့ အမြန်ဆုံးလိုအပ်နေတာပါ…” လို့ နောက်ပိုင်းပြန်ပြောပြခဲ့ပါတယ်။

READ
မိသားစုတစ်စုမှအိမ်တွင်း ပိုးသတ်ဆေးဖြန်းခဲ့ရာတွင် ကလေး ၄ ဦးသေဆုံးမူဖြစ်ပွား

သူမဟာ အဆိုပါအမျိုးသားနားဆီသွားကာ အားပေးစကားတွေ ပြောခဲ့ပါတယ်။ သူမက Linkin Park ရဲ့ One More Light သီချင်းထဲက “Who cares if one more light goes out? Well, I do” ဆိုတဲ့ စာသားလေးကို ရွတ်ဆိုပြခဲ့တာပါ။ အလင်းလေးတစ်ပွင့်မှိတ်သွားတာကို ဘယ်သူများအရေးစိုက်ပါ့မလဲ။ ငါကတော့ ဂရုစိုက်ပါတယ်… ဆိုတဲ့စာသားလေးကို ကြားရပြီးနောက် ထိုအမျိုးသားဟာ မျက်ရည်တွေစီးကျရင်း ဆူဆိုက်ဒ်မလုပ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ထို့နောက် အခင်းပေါ်ပေါက်ရာ တံတားနေရာကို ရဲတွေရောက်လာပြီးတဲ့နောက် ထိုသူကို ကူညီဖေးမကာ ဘေးလွတ်ရာဆီ ခေါ်ထုတ်သွားခဲ့ပြီး ဖမ်းဆီးအရေးယူမယ့်အစား စိတ်ကျန်းမာရေးဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ခရစ္စတီးနားရဲ့ မြင့်မြတ်သောလုပ်ရပ်ကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ Linkin Park အဖွဲ့ဟာ ဟာ အခင်းဖြစ်စဉ်က ဗီဒီယိုဖိုင်အတိုလေးကို ပြန်လည်မျှဝေပြီး တွစ်တာပေါ်တင်ခဲ့ကြောင်းလည်း သိရပါတယ်။

READ
ရည်းစားနဲ့သဘောမတူတဲ့မိဘတွေကို သတ်ပစ်ဖို့ကြံစည်ခဲ့တဲ့သားမိုက်

 

လင်းလင်း (ShweMom)

SHARE