ဖောက်ပြန်တဲ့လင်ယောက်ျားရဲ့ငယ်ပါကို သေနတ်နဲ့ပစ်တဲ့ဇနီးသည်

အသက် ၆၀အရွယ်ရှိပြီဖြစ်တဲ့ Victoria Reid ဟာ ယောက်ျားဖြစ်သူရဲ့ဝှေးစိကို သေနတ်နဲ့ပစ်လို့ အဖမ်းခံထားရပါ
တယ်။ သူမရဲ့ယောက်ကျားဖြစ်သူကတော့ Jim Reid ဖြစ်ပါတယ်။ သူတို့ဟာ Florida, Melbourneမှာနေထိုင်
ကြတာလည်းဖြစ်ပါတယ်။ 

သူမဟာ ၁၆နှစ်ကြာအောင် သူမယောက်ျားရဲ့ မဟုတ်မမှန်စွပ်စွဲမှုတွေကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီတစ်ခါ
တော့ သူ့ယောက်ျားဖောက်ပြန်တယ်လို့ သူမက စွပ်စွဲရာကနေ နောက်ဆုံးမှာ စကားများခဲ့ကြပါတယ်။ သူမက
သေနတ်နဲ့ သူမယောက်ျားကိုချိန်ထားပြီး ရင်ဘတ်ကိုပစ်မယ်လို့ ချိန်းခြောက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာအိမ်
အခင်းဖြစ်ပွားရာအိမ်

ကတယ့်တကယ်တမ်းမှာတော့သူမဟာ ခြေထောက်ကိုချိန်ပြီးပစ်လိုက်တာ ငယ်ပါကိုထိမတော်တဆထိသွားတယ်လို့
ဆိုပါတယ်။သူမဟာ အသက်သေစေနိုင်လောက်တဲ့ လက်နက်ကိုင်ဆောင်မှု၊ အသက်အန္တာရာယ်ချိန်းခြောက်မှုတွေနဲ့ တရားရင်ဆိုင်ခဲ့ရပြီး Brevard Countyအချုပ်ခန်းမှာ အချုပ်ခံထားရပါတယ်။ ဒဏ်ငွေ35,000ဒေါ်လာလည်း
ဆောင်ရမှာဖြစ်ပါတယ်။

shwemom post photo
source; dailymail

SHARE