တင်ကြီးတဲ့အမျိုးသမီးတွေအပေါ် ပုရိသတွေရဲ့တုံ့ပြန်မှုကိုစမ်းသပ်ခဲ့သူ

YouTube prank အစီအစဉ်အတွက် ဗွီဒီယိုဖိုင်တစ်ခုကို စမ်းသပ်ရိုက်ကူးရာမှာ တင်ကြီးတဲ့အမျိုးသမီးတွေကို
မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ အမျိုးသားတွေရဲ့ တုန့်ပြန်မှုတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ အချို့သော
ယောက်ျားတွေမှာ ဆိုးဆိုးဝါးဝါး တုန့်ပြန်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာ သရုပ်ဆောင်အမျိုးသမီးဟာ ကြီးမားတဲ့ တင်သားအလှကို ပေါ်လွင်စေဖို့ အလွန်တိုတောင်းတဲ့ ဘောင်းဘီကို ဘရာစီယာဆန်ဆန်အင်္ကျီအတိုတစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်ကာ လူစည်ကားထဲ မြို့တော်ပန်းခြံထဲမှာ ခေါက်တုန့်လူလာ သွားပြခဲ့ပါတယ်။

အဲဒီမြင်ကွင်းကို မြင်တဲ့ အမျိုးသားတွေရဲ့ အပြုအမူတွေကို ဗွီဒီယိုဆရာက မိမိရရမှတ်တမ်းတင်ခဲ့ပါတယ်။ ပထမဆုံး ပန်း
ခြံလမ်းမပေါ်မှာ ရေဘူးကိုင်လာတဲ့ အမျိုးသားဟာ တင်သားအလှအပနဲ့လမ်းလျှောက်လာတဲ့ အမျိုးသမီးကို သိသိသာသာ လည်ပြန် ငေးခဲ့ပါတယ်။

ဒုတိယအမျိုးသားနှစ်ယောက်အနက် တစ်ယောက်က ပန်းခြံမျက်ခင်းပြင်မှာ အလျှားမှောက် နေဆာလှုံနေပြီး၊ ဘေးမှာရှိတဲ့သူငယ်ချင်းက အတိုအပြတ်ဝတ်ကောင်မလေးကို တွေ့လိုက်တဲ့အခါမှာတော့ နေဆာလှုံနေတဲ့ သူငယ်ချင်းကို တကူးတက နှိုးပြီး ပြခဲ့ကာ အချင်းချင်း ရယ်ပွဲဖွဲ့ခဲ့ကြပါတယ်။

READ
လူပုံစံတွေနဲ့တစ်ပုံစံတည်းချွတ်စွတ်တူနေတဲ့ပါပီလေးများရဲ့ချစ်စဖွယ်ပုံလေးများ

စတုတ္ထခုံရှည်ပေးမှာဖုန်းသုံးနေတဲ့ အမျိုးသားကလည်း လှုပ်လှီလှုပ်လှဲ့လျှောက်လာတဲ့ အမျိုးသမီးကို ကင်မရာနဲ့တောင်
မှတ်တမ်းတင်တာမျိုး လုပ်ခဲ့ပါတယ်။ ဒါ့အပြင် အလွန်စိုးဝါးတဲ့ အပြုအမူအဖြစ် သူ့ရဲ့ ငယ်ပါကို လက်နဲ့ညှစ်ပြီး အားမလိုအားရမ အမူအယာကို ပြခဲ့ပါတယ်။

ပဉ္စမအင်္ကျီအပြာနုရောင်နဲ့လူကတော့ အမျိုးသမီးနောက်ကို ထပ်ကြပ်မကွာလိုက်ကာ နောက်ပိုင်းအလှကို ဖုန်းနဲ့ မှတ်တမ်းတင်နေတာကို တွေ့ရပါတယ်။ သူဟာ သစ်ပင်အောက်ရောက်တဲ့အချိန်ထိ မှတ်တမ်းတင် မပြတ်ပါဘူး။

ခြောက်ယောက်မြောက် Wheelcycle စီးလာတဲ့ ကပ္ပလီလည်း Wheelcycle ရပ်ကာ အဲဒီမပေါ့်တပေါ်အမျိုးသမီးကို လည်ပြန်ငေးနေခဲ့ပါတယ်။ သတ္တမမြောက်ကတော့ သမီးရည်းစားနှစ်ယောက်ဖြစ်ပြီး မနာလိုတတ်တဲ့ ချစ်သူကောင်မလေးဟာ သူ့ကောင်လေးက တင်ပါးကိုလှုပ်လှီလှုပ်လှဲ့နဲ့လမ်းလျှောက်လာတဲ့ မိန်းကလေးကိုငေးတာကို တွေ့ပြီး ဒေါသတွေ
ပေါက်ကွဲပြီး စိတ်ကောက်ကာ နေရာကနေ ထွက်သွားတာကို တွေ့ခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)

READ
ရဲစခန်းက ၀ရမ်းထုတ်တဲ့ ပုံမှာ မလှလို့ လှတဲ့ပုံနဲ့ ပြန်ပြောင်းခိုင်းခဲ့တဲ့ တရားခံပြေး

source : thesun.co.uk

SHARE