ကလေးကိုကိုက်သွားတဲ့ခွေးကို ကားအနောက်မှာတရွတ်တိုက်ဆွဲပြီး ကလဲ့စားချေတဲ့အမျိုးသမီး

ခွေးတစ်ကောင်က ကလေးတစ်ယောက်ကို ကိုက်လိုက်တဲ့အတွက် လည်ပင်းမှာ ကြိုးချည်ပြီး ကားအနောက်မှာ သေတဲ့အထိ တရွတ်တိုက်ဆွဲမောင်းသွားတဲ့ တိရိစ္ဆာန် နှိပ်စက်ညှင်းပန်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

Tyson အမည်ရှိ အဆိုပါခွေး သေဆုံးသွားပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်များက ၄င်းအမျိုးသမီးနှစ်ဦးကို ယခုအခါ စုံစမ်းရှာဖွေနေပြီလို့ သိရှိရပါတယ်။

Photo source: Internet

အဆိုပါ စိတ်ညစ်ညူးစရာဗွီဒီယိုအရ နှိပ်စက်ညှင်းပန်းသူအမျိုးသမီးရဲ့ ခွေးရဲ့ လည်ပင်းကို ကြိုးဖြင့်ချည်နှောင်ပြီး ကားမောင်းထွက်သွားတဲ့ မြင်ကွင်းကို တွေ့ရှိရပါတယ်။

ပါရာဂွေးနိုင်ငံ အလယ်ပိုင်း ဆန်ပီဒရိုမြို့ရဲ့ ဒေသတစ်ခုတွင် နေထိုင်သူ အမျိုးသမီးက သူမရဲ့ ကလေးကို ပေါင်ပေါ်တင်ကာ မောင်းထွက်သွားတဲ့ ကားအနောက်ဘက်မှာ ကြောက်လန့်တကြားဖြစ်နေတဲ့ ခွေးလေးက တရွတ်တိုက်ပါသွားပြီး သေဆုံးသွားတယ်လို့ သိရှိရပါတယ်။

Photo source: Internet

ပါရာဂွေးအစိုးရ ရှေ့နေက အဆိုပါခွေး သေဆုံးရတဲ့အကြောင်းရင်းနှင့် အခြေအနေများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဒီနေ့မှာ ကြေငြာလိုက်တယ်လို့ သိရှိရပါတယ်။

Photo source: Internet

အဆိုပါဖြစ်ရပ်ကို ဒေသခံများက ဗွီဒီယိုရိုက်ကူးပြီး သတင်းမီဒီယာ နှင့် အာဏာပိုင်များကို ပေးပို့ခဲ့ခြင်းပဲဖြစ်ပါတယ်။

အစိုးရ ရှေ့နေရုံးရဲ့အဆိုအရ အဆိုပါအမျိုးသမီးနှစ်ဦးမှာ ခွေးကိုက်ခံရတဲ့ ကလေးရဲ့ မိခင်နှင့် အဖွားဖြစ်သူတို့ဖြစ်ကြောင်း သိရှိရပါတယ်။

READ
ဆိုင်ကယ်စီးရင်းနဲ့အိမ်စာလုပ်နေတဲ့ ကျောင်းသားလေးရဲ့ဗီဒီယို နာမည်ကြီးနေ

ဗွီဒီယို ကြည့်ရှုသူတို့က အဲ့ဒီလို ရက်စက်စွာ တိရိစ္ဆာန်နှိပ်စက် ညှင်းပန်းမှုအပေါ်ဒေါသထွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ Renzo Batura Escobar အမည်ရှိ အဆိုပါ ဗွီဒီယို ကြည့်ရှုသူတစ်ဦးက “သူတို့က ဘယ်သူတွေလဲ? ဘယ်လိုလူတွေက ဒီလိုလုပ်ရက်ကြတာလဲ? သူတို့နာမည်ကို ပြောပြကြပါ” လို့ ရေးသားထားတာကို တွေ့ရှိရပါတယ်။

စုံစမ်းစစ်ဆေးမှုများကိုလည်း စတင်နေပြီလို့ သိရှိရပါတယ်။

SiThu (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE