ပညာရှင်တွေ တရားဝင်ထုတ်ပြန်လိုက်ကြတဲ့ ကမ္ဘာ့အကောင်းဆုံး ဝီစကီအမျိုးအစား

YouTube_TheModernRogue

ကမ္ဘာတစ်ဝှမ်းကနိုင်ငံပြောင်းပြီးတော့ ကမ္ဘာ့အကောင်းဆုံးသော ဝီစကီအရက်ရွေးချယ်လာခဲ့တာ ၂၀၁၃ ခုနှစ်ကတည်းကပါပဲ။ လောလောလတ်လတ်ဆိုရင်တော့ ၂၀၁၇ ခုနှစ်တုန်းကတော့ ချီလီကတာဝန်ယူခဲ့ပြီးတော့ ၂၀၁၈ ကျတော့ ဘူဂေးရီးယား၊ ၂၀၁၉ ကျတော့ တရုတ်ပေါ့။

အခုနောက်ဆုံးရွေးချယ်ပွဲကိုတော့ ဘယ်လ်ဂျီယံမှာပြုလုပ်ခဲ့တယ်လို့ Forbes မှာ ဖော်ပြထားခဲ့ပါတယ်။ ၂၀၂၀ အောက်တိုဘာလတုန်းက ရွေးချယ်ခဲ့ကြတာပါ။

ဆိုတော့ ၂၀၂၀ အတွက်အကောင်းဆုံးသော ဝီစကီအရက်ကိုတော့ ရွေးချယ်ပြီးပြီပေါ့လေ။

 

Bellevoye Noir

အဲဒါဘာလဲဆိုတော့ Bellyvoye Noir ပဲဖြစ်ပါတယ်။ Bellyvoye Nior ဆိုတာ ပြင်သစ်တံဆိပ်ဖြစ်ပြီးတော့ Les Bienheureux ရဲ့ အခွဲဖြစ်ကာ Cognac မှာ ထုတ်လုပ်တာပါ။ အထူးသဖြင့် စကော့တလန်၊ အိုင်ယာလန်နဲ့ အင်္ဂလန်တို့ကို တင်ပို့ရောင်းချလျက်ရှိနေပါတယ်။

ခါးခါးချိုချိုအီအီအရသာလေးရှိတဲ့ ဝီစကီထဲမှာမှ Bellyvoye Noir ဟာ ကွဲထွက်ပြီး အရာသာရော၊ အနံ့မှာပါ ပိုပြီးစူးရှတယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ အရက်ချက်ဖို့ ကုန်ကြမ်းတွေကို ၃ နှစ်မှ ၈ နှစ်ထိ အချိန်ပေးပြီး နှပ်တာ၊ စိမ်တာတွေကို ပြုလုပ်ထားခဲ့တာပါ။

READ
ဆင်ထိန်းကို ကျောပေါ်ကနေခါချပြီး ခြေထောက်နဲ့နင်းသတ်ခဲ့တဲ့ ဆင်မလေး
Bellevoye Noir

ဈေးနှုန်းကိုလည်း ဘယ်မှာပဲရောင်းရောင်း ဒေါ်လာ ၃၅ ဒေါ်လာလို့ပဲ အတိကျ သတ်မှတ်ထားတာပါ။ ဒီဝီစကီကတော့ စုစုပေါင်း အမှတ် ၉၈ မှတ်နဲ့ ၂၀၂၀ အတွက်မ္ဘာ့ အကောင်းဆုံး ဝီစကီအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Bellevoye Noir

penny

SHARE