(၂၀၂၁)ခုနှစ်ထဲ အင်္ဂလန်မှာ ဖွင့်ဖို့စီစဉ်နေတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားပျံလေဆိပ်

Hyundai / Urban Air Port

အင်္ဂလန်က Coventry မြို့ဟာ မကြာခင်မှာ လျှပ်စစ်ကားပျံတွေအတွက် ကမ္ဘာ့ပထမဆုံးလေဆိပ်ဖြစ်လာတော့မှာဖြစ်ကြောင်း unilad သတင်းအရ သိရပါတယ်။ Coventry မြို့ကိုတော့ တောင်ကိုရီးယားကားထုတ်လုပ်ရေး Hyundai နဲ့ ဗြိတိသျှကုမ္ပဏီ Urban Air Port တို့က ကားပျံ၊ လေကြောင်းတက္ကစီတွေနဲ့ အလိုအလျောက်ဒရုန်းစက်တွေ အဝင်အထွက်ပြုလုပ်ရာ လေဆိပ်နေရာအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ မကြာခင် လူသားတွေရဲ့ခေါင်းပေါ်မှာ ကားပျံတွေတွေ့နိုင်ဖို့က သိပ်မဝေးတော့တဲ့အနာဂတ်မှာ သေချာသလောက်ရှိနေပါပြီ။

Hyundai / Urban Air Port

လေဆိပ်အမည်ကိုတော့ Air-One လို့အမည်ပေးထားပြီး ယခုနှစ်နိုဝင်ဘာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးစီးမယ်လို့ သိရပါတယ်။ ဒီပရောဂျက်ဟာ UK Research and Innovation’s Future Flight Challenge ကနေ ပေါင် ၁.၂သန်းထောက်ပံ့ကြေးရရှိပြီးနောက် အင်္ဂလန်အစိုးရရဲ့ သဘောတူညီချက်ရရှိခဲ့တာပါ။ Coventry မြို့ကောင်စီနဲ့ ဒေသခံအာဏာပိုင်တွေက အစီအစဉ်တွေ ရေးဆွဲပြီးနေပါပြီ။ အကျယ်အဝန်း ၁၄မီတာအချင်းရှိတဲ့ လေဆိပ်နေရာကတော့ အရင်က ကားပါကင်ဟောင်းကြီးဖြစ်တယ်လို့လည်း သိရပါတယ်။

READ
ဆိုဝါးလှတဲ့ရောဂါကြောင့် တစ်ကိုယ်လုံး အာလူသီးပုံစံ အကြိတ်များပေါက်နေတဲ့ အမျိုးသား

လေဆိပ်နေရာကို တည်ဆောက်ဖို့နဲ့ တစ်စစီဖြုတ်ထုတ်ဖို့ ရက်ပိုင်းမျှသာ ကြာမှာဖြစ်တဲ့အပြင် ဘယ်လိုမြို့ ဘယ်နေရာမှာမဆို လေဆိပ်ကိုအလွယ်တကူနေရာရွှေ့လို့ရအောင်လည်း စီမံထားတယ်ဆိုပါတယ်။ လေဆိပ်ဟာ သာမန် ဟယ်လီကော်ပတာလေဆိပ်တွေထက်တော့ အနည်းငယ်ကျဉ်းပါတယ်။ လေဆိပ်မှာတော့ အားသွင်းဖို့အတွက် လေယာဉ်ရုံတွေ၊ လေယာဉ်အတက်အဆင်းနဲ့ လေယာဉ်ပြေးလမ်းတွေ၊ ခရီးသည်နားနေခန်းတွေ၊ မပျံနိုင်တဲ့ လျှပ်စစ်ယာဉ်တွေအတွက် အားသွင်းရုံတွေလည်း ပါဝင်တည်ဆောက်သွားမှာဖြစ်ပါတယ်။

Hyundai / Urban Air Port

ပျံသန်းနိုင်တဲ့ လျှပ်စစ်ယာဉ်တွေကိုတော့ eVOTL လို့ခေါ်ဝေါ်မှာဖြစ်ပြီး ၄င်းတို့ဟာ နောက်လာမယ့်ဆယ်စုနှစ်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အထူးတွင်ကျယ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ NASA ကတော့ မြို့ပြလေကြောင်းရွေ့လျားမှုနည်းပညာဟာ လာမယ့်အနာဂတ်မှာ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းတင် ဘီလီယံဒေါ်လာ သန်း၅၀၀ လောက်တန်လိမ့်မယ်ဆိုပြီးလည်း ခန့်မှန်းထားပါသေးတယ်။

ShweMom

SHARE