ကမ္ဘာ့ပထမဆုံး နက်မှောင်လွန်းတဲ့ကောင်းကင်ပြင်ရှိရာ ပစိဖိတ် ကျွန်းနိုင်ငံလေး

instagram/niueisland

Niue အမည်ရတဲ့ ပစိဖိတ်ကျွန်းလေးဟာ ကမ္ဘာပေါ်မှာ ကြယ်ကြည့်ဖို့အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ ဒီကျွန်းဟာ ပိုလီနီးရှန်းကျွန်းလေးတစ်ကျွန်းဖြစ်ပြီး ဖီဂျီနဲ့ ကွခ်ကျွန်းစုတွေကြားမှာ တည်ရှိပါတယ်။ Niue ကျွန်းဟာ International Dark-Sky Association (IDA) အသိအမှတ်ပြု ကြယ်ကြည့်ဖို့အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာလေးဖြစ်တာကို CNN အရ သိရပါတယ်။

IDA က သတ်မှတ်ထားတဲ့ ကမ္ဘာတစ်ခွင်မှာ ကြယ်ကြည့်ဖို့အကောင်းဆုံးနေရာတွေများစွာရှိပါတယ်။ ဥပမာပြောရရင် အမေရိကန်နိုင်ငံက Grand Canyon အမျိုးသားဥယျာဉ်လိုမျိုးပါ။ ဒါပေမဲ့ Niue ကတော့ အခြားနိုင်ငံတွေလို ကြယ်ကြည့်ဖို့ကောင်းတဲ့နေရာ တစ်ခုတစ်လေပဲ ကွက်ပြီးဖော်ပြထားခံရတာမျိုးမဟုတ်ပဲ နိုင်ငံတစ်ခုလုံးအနေနဲ့ ပထမဆုံးဖော်ပြခြင်းခံရတာ ဖြစ်ပါတယ်။

Niue ခရီးသွားလုပ်ငန်းရဲ့ အလုပ်အမှုဆောင်ဥက္ကဌ ဖီလစ်စီတီဘိုလန်ကတော့ ကြယ်တွေနဲ့ ညကောင်းကင်ပြင်ဟာ Niue ကျွန်းသူကျွန်းသားတွေရဲ့ အသက်ရှင်နေထိုင်မှုဘ၀၊ ယဉ်ကျေးမှုနဲ့ ကျန်းမာရေးနဲ့ သဘာဝရေးရာတွေပါ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ Niue ကျွန်းနိုင်ငံလေးဟာ အလင်းရောင်ညစ်ညမ်းမှုကို တော်တော်ကြီးလျော့ချထားတဲ့အတွက် တစ်နိုင်ငံလုံးမှာ မီးအလင်းရောင်တွေနဲ့ရှုပ်ထွေးမှုမရှိတဲ့ နက်မှောင်နေတဲ့ ကောင်းကင်ပြင်ကြီးကို တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။

https://www.instagram.com/p/BCPiWMhEkJe/?utm_source=ig_web_copy_link

ကျွန်းကလေးပေါ်မှာ လမ်းမီးတိုင်တွေမသုံးပဲ စွမ်းအင်သက်သာတဲ့ မီးသီးလေးတွေသာ သုံးထားပါတယ်။ ကျွန်းပေါ်မှာ လူဦးရေ (၁,၆၀၀) သာရှိပြီး ကမ္ဘာ့လှည့်ခရီးသည်တွေအနည်းဆုံးလာရောက်ကြတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကျွန်းလေးဟာ စတုရန်းမိုင် (၁၀၁) မိုင်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပါတယ်။ ကျွန်းသူကျွန်းသားတွေဟာ နယူးဇီလန်နိုင်ငံသားအဖြစ်ရရှိထားကြပြီး နယူးဇီလန်နိုင်ငံနဲ့ သံတမန်ရေးရာဆက်နွယ်မှုတွေလည်း ရှိပါတယ်။

View this post on Instagram

Niue is the world’s first country to become an official Dark Sky Place! We’ve received formal accreditation from the @idadarksky as an International Dark Sky Sanctuary and International Dark Sky Community, covering the whole country with Dark Sky protection and recognition and deeming it a ‘dark sky nation’. The stars and night sky have a huge significance to the Niuean way of life, from a cultural, environmental and health perspective. Niueans have a long history of star navigation and a life regulated by lunar cycles and star positions. The knowledge of the night skies, held by the elders in the community, has been passed down through the generations. Niuean elders now hope the passion to learn the cultural history of the stars is re-ignited in younger generations. Visitors to Niue can view the spectacle of an unspoilt night sky in our temperate tropical climate, with guided Astro-tours led by trained Niuean community members. Niue now has formal protection for its sky, land and sea with the IDA International Dark Sky designations adding to the existing measures including a marine reserve which encompasses 40% of Niue's exclusive economic zone and the Huvalu Forest Conservation Area which contains some of the most threatened flora and fauna in the world. . . . #Niue #NiueIsland #idadarksky #darksky #DarkSkyNation #DarkSkyPlace #DarkSkySanctuary #astrophotography #naturephoto #travelphotography #nightphotography #astrophotography #nightscape #nightlandscape #nightshots #milkywaygalaxy #astropy #milkyway #nightsky #stargazer #stargazing #bestdarkphoto #nightskyphotography #nightphotograpy #nightphotos #milkywayphotography #astro_photography #natgeospace #SouthPacific #NowhereLikeNiue

A post shared by Niue Tourism (@niueisland) on

ခရီးသွားအများစုကတော့ Niue ကိုလာချင်တဲ့အခါ နယူးဇီလန်ကနေပဲ လာကြပါတယ်။ နယူးဇီလန် Auckland မြို့ကနေ Niue ကို တစ်ပတ်မှာ လေယာဉ်(၂) ကြိမ်ပျံသန်းပါတယ်။ Niue ကိုအလည်လာကြသူတွေဟာ ဒေသခံတိုးဂိုက်တွေကို ငှားရမ်းနိုင်ပြီး နေ့ဘက်မှာ ရေကူး၊ ရေငုပ်နဲ့ ဒိုင်ဗင်ထိုးတာစတာတွေနဲ့ အပန်းဖြေနိုင်သလို ညဘက်မှာတော့ ပိန်းပိတ်အောင်မှောင်နေတဲ့ကောင်းကင်ပြင်က ကြယ်တွေကို ကြည့်ရှုခံစားနိုင်ကြောင်းလည်း သိရပါတယ်။

https://www.instagram.com/p/BycMCtkHGeF/?utm_source=ig_web_copy_link

လင်းလင်း (ShweMom)

SHARE