ဒူဘိုင်းနဲ့ အဘူဒါဘီကို (၁၂)မိနစ်အတွင်း ရောက်အောင်ပို့မယ့် ကမ္ဘာ့အမြန်ဆုံးဥမင်ရထား

ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီကနေ ဒူဘိုင်းကို အချိန် 12 မိနစ်အတွင် ရောက်သွားစေနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး ဥမင်
ရထားကို ပြေးဆွဲနိုင်တော့မှာလို့ သိရပါတယ်။ အဘူဒါဘီမြို့တော်နဲ့ ဒူဘိုင်းဟာ 78 မိုင်နီးပါး ဝေးကွာပြီး ၎င်း အကွာအဝေးကို ဖြတ်သန်းဖို့ 12 မိနစ်ပဲ အချိန်ကုန်မယ်လို့ ဆိုပါတယ်။

ပြေးဆွဲမယ့် ဥမင်ရထားဟာ တစ်နာရီ 760 မိုင်နှုန်း မောင်းနှင်နိုင်မယ့် ရထားဖြစ်ပြီး အထူးမြန်နှုန်းမြင့်စနစ်ကို အသုံးပြုမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အင်္ဂလန်နိုင်ငံ အခြေစိုက် Hyperloop One ကုမ္မဏီနဲ့
ပြီးခဲ့တဲ့ ကြာသပတေးနေ့က သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဒီအတွက် အဆိုပါမြို့နှစ်မြို့ကြားကို ပြေးဆွဲမယ့် မြန်နှုန်းမြင့်ရထားမှာ အသက်အန္တရာယ်လုံခြုံရေးအတွက် အဓိကဦးစား
ပေးထားတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်ထိတော့ ငွေကြေးဆိုင်ရာ ရင်းနီးမြှုပ်နှံမှုပြုမယ့် ကုမ္မဏီတွေ မရှိသေးဘဲ၊ ကမ္ဘာကျော် နည်းပညာကုမ္မဏီ Apple ကတော့ Hyperloop CEO တာဝန်ယူထားတဲ့ Rob Lloyd နဲ့ ဆွေးနွေးမှုတစ်
ချို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

READ
ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်ကြီး တည်ဆောက်မယ့်တရုတ်နိုင်ငံ

အဆိုပါ ဥမင်ရထားဟာ အမြင့်ဆုံး အမြန်နှုန်းအနေနဲ့ တစ်နာရီ 700 မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမြန်နှုန်းဟာ အမေရိကန် လော့စ်အင်္ဂျလိစ်မြို့နဲ့ ဆန်ဖရန်စစ္စကို 35 မိနစ်အတွင်း ရောက်သွားနိုင်တဲ့ မြန်နှုန်းလည်း
ဖြစ်ပါတယ်။

ရထားကို တပ်ဆင်မောင်းနှင်မယ့် အင်ဂျစ်စနစ်ကတော့ Magnetic Levitation စနစ်နဲ့ မောင်းနှစ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘရိတ်စွမ်းအင်ကို အားသွင်းလို့ရတဲ့ ဘက်ထရီစနစ်နဲ့ အသုံးပြုမှာမို့ လုံခြုံရေးပိုင်းမှာ ပိုမိုစိတ်ချရမယ်လို့ ဆိုပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE