အင်ဒိုတောနက်ထဲမှာသာ တွေ့ရသည့် ဝက်ရုပ်ဆိုးခေါ် ရှားပါးဝက်မျိုးစိတ်တစ်ခု

ကမ္ဘာပေါ်မှာ ပျောက်ကွယ်လုခမန်းဖြစ်နေတဲ့ ရှားပါးတောဝက်မျိုးစိတ်တစ်ခုကို အင်ဒိုနီးရှားတောနက်တစ်နေရာမှာ ကင်မရာထောင်ခြောက်မှတစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ယင်းဝက်မျိုးစိတ်ကို ဝက်ရုပ်ဆိုးလို့ ဒေသခံတွေက အလွယ်ခေါ်ကြပြီး၊ Javan warty pig လို့လည်း ခေါ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းပေါ်မှာ အများအပြာတွေ့ရတဲ့ ဝက်မျိုးဖြစ်လို့ပါ။

ဝက်ရုပ်ဆိုးလို့ ခေါ်ရခြင်းမှာ ၎င်းတို့ရဲ့ နှာယောင်နဲ့ မျက်နှာပြင်ပေါ်မှာ ကြီးမားလှတဲ့ အဖုအပိန့်ပုံစံတွေ ပါဝင်ခြင်းကြောင့် ဖြစ်ပြီး၊ ဒီအမှတ်အသားကပင်လျှင် အခြား တောဝက်တွေနဲ့ မတူညီတဲ့ကွဲပြားမှုကို မြင်သာစေပါတယ်။ နှုတ်သီးကလည်း ခပ်ယောင်ယောင်လေး ရှည်လျှားပြီး အုပ်စုဖွဲ့နေတတ်ကြလေ့ရှိပေမယ့်၊ ဂျာဗားကျွန်းပေါ်မှာပင် ကောင်ရေအလွန်နည်းပါးနေပြီ ဖြစ်ပါတယ်။

(၁၉၈၀)ခုနှစ် နောက်ပိုင်းကတည်းက ဝက်ရုပ်ဆိုးတွေကို ဒေသခံအစိုးရက ရှားပါးဝက်မျိုးစိတ်စာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။ ထိုမတိုင်ခင်ကတည်းက ဝက်ရုပ်ဆိုးကောင်ရေဟာ မုဆိုးတွေလက်ချက်နဲ့ ကြောက်မက်ဖွယ်ရာ ကျဆင်းခဲ့ပြီး၊ အခုဆိုရင် ယင်းဝက်မျိုးမပျောက်ပျက်ရေး ထိန်းသိမ်းနေတဲ့ NGO အဖွဲ့အစည်းတွေလည်း ရှိလာခဲ့ပါပြီ။

မျက်နှာပြင်ပေါ်က အသားဖုပုံစံမှာ အထီးနဲ့အမ နှိုင်းယှဉ်လျှင် မတူညီကြပါဘူး။ အထီးက အဖုအပိမ့် ပိုကြီးပါတယ်။ ဒါ့အပြင် အသက်အရွယ် ကွာခြားချက်ပေါ်မှာလည်း အဖုအရွယ်အစား ကွာခြားသွားကြပြီး၊ အသက်ကြီးလေ အဖုက ပိုကြီးလေဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဗြိတိန်အင်ဒိုအဖွဲ့တွေ ပူးပေါင်းပြီး ဒီရှားပါး တောဝက်ကို ဘယ်လိုရေရှည်ထိန်းသိမ်းရမလဲဆိုတဲ့ သုတေသနလုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။

READ
Archie လေးရဲ့ (၁)နှစ်ပြည့် မွေးနေ့မှာ ပုံပြင်ဖတ်ပြခဲ့တဲ့ Meghan Markle

နတ်စည်တော် (Shwemom)

source : dailymail.co.uk

SHARE