အမျိုးသမီးတွေအမုန်းဆုံး အမျိုးသားများရဲ့အကျင့်ဆိုးများ

အိမ်ထောင်ရှင်ဇနီးမယားပဲဖြစ်ဖြစ် အိမ်ထောင်မကျသေးတဲ့ အပျိစင်မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားတွေရဲ့ အောက်ပါအ
မူအကျင့်တွေကို အလွန်မုန်းတီးလေ့ရှိပါတယ်။ တစ်ခု ချွင်းချက်အနေနဲ့ ပြောချင်တာက အချိ့သောအမျိုးသမီးတွေဟာ
ဖော်ပြပါအချက်တွေကို ကိုယ်တိုင်လုပ်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ အမျိုးသမီးအများစုဟာ
အောက်ဖော်ပြပါအချက်တွေကို မုန်းတီးလေ့ရှိပါတယ်။

(၁) ဆေးလိပ်သောက်ခြင်း

ချစ်သူအမျိုးသား ဆေးလိပ်သောက်တာကို ကျေနပ်တယ် လက်ခံတယ်ဆိုတဲ့ အမျိုးသမီး တော်တော်ရှားပါတယ်။ အ
ကြောင်းပြချက် အများကြီး မလိုပါဘူး။ တစ်အချက်ကတော့ နမ်းတဲ့အခါ အနံ့အသက်ဆိုးဝါးတယ်၊ နှစ်အချက်ကတော့
ဆေးလိပ်သောက်သူရဲ့ ချွေးနံ့ဟာ မခံရပ်နိုင်အောင် ဆိုးဝါးလွန်းတယ်။ အခြားအကြောင်းပြချက်တွေ အများကြီး ရှိနိုင်ပါ
သေးတယ်။

(၂) အရက်အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွံသောက်တဲ့ ယစ်ထုပ်ကြီးကို ဘယ်သူမှ ချစ်သူအဖြစ် တော်ချင်ကြမှာ မဟုတ်ပါဘူး။ နင်နဲ့ မဖြစ်ခင်က
တည်းက သောက်လာတာကွ-လို့ အကြောင်းပြချက် ယောက်ျားတွေဘက်မှာ ရှိနေရင်တောင် အမျိုးသမီးတွေဟာ သူနဲ့
မွေးရာပါ ကလေးတွေကို ချစ်စိတ်ကြောင့် ဒီယောက်ျားဟာ တစ်နေ့နေ့ အရက်ဖြတ်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

READ
ကိုယ်တိုင်သတိမထားမိဘဲ သင့်ဇနီးကိုစိတ်ထိခိုက်စေသည့်အပြုအမူများ

(၃) မူးယစ်ဆေးဝါးသုံးစွဲခြင်း

အဆိုးဆုံးကတော့ မူးယစ်ကျေးကျွန်ဖြစ်နေတဲ့ အမျိုးသားကို ရွံလည်းရွံ မုန်းလည်းမုန်း ဖြစ်ပါလိ့မ်မယ်။ ပတ်သက်ပြီးသားမို့
သာ အောင့်အည်းသည်းခံနေရတာ ဖြစ်မှာပါ။ နောက်တစ်ခုက မူးယစ်ဆေးဟာ ဥပဒေအရလည်း ကြီးလေးတဲ့ ပြစ်ဒဏ်ကျ
ခံရနိုင်တဲ့အထိ အပြစ်ကြီးပါတယ်။

(၄) ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနည်းပါးခြင်း

ယောက်ျားဆိုတာ ကိုယ့်တန်းဖိုးကိုယ် သိမှဖြစ်မှာပါ။ အဲဒီလိုမှ တန်ဖိုးမသိရင် လူတကာအလည်မှာလည်း အရှက်တကွဲ အကျိုးနည်းရတတ်ပြီး သူနဲ့ပတ်သက်သူတွေကိုပါ စက်ကွင်းထဲ စွဲသွင်းသူတွေ ဖြစ်ပါတယ်။

(၅) ကျန်းမာရေးညံ့ဖျင်းခြင်း

ကျန်းမာရေး ညံ့ဖျင်းလွန်းလှတဲ့ ယောက်ျားဆီက ဘယ်လိုလုပ် အိမ်ထောင်ရေးသုခ ရနိုင်မလဲ။ ဒီတစ်ချက်တည်းနဲ့တင် မ
ဟုတ်ပါဘူး။ အားကိုးရမလားလို့ ယောက်ျားယူမိပါတယ် … ဂိလာနကြီးပြုစုနေရတယ်ဆိုရင် သူတို့အတွက် တွက်ချေနဲ့
မှန်းချေမကိုက်ဖြစ်တတ်ပါတယ်။

READ
သင့်ကိုကောင်မလေးကြိုက်၊မကြိုက် သူပို့တဲ့Messageတဆင့်သိနိုင်မည့်အချက်များ

(၆) မှီခိုလွန်းခြင်း

မိဘ၊ အပေါင်းအသင်း၊ ဆွေမျိုးအပေါ်မှာ မှီခိုလွန်းတဲ့ အမျိုးသားဆိုရင်လည်း အမျိုးသမီးတွေ နှစ်သက်လေ့မရှိပါဘူး။ တစ်
အိုးတစ်အိမ်ထူထောင်တဲ့အခါ တစ်ခုခုဖြစ်လိုက်၊ ကိုယ်စွမ်းကိုယ်စနဲ့ မကြိုးစားပဲ သူများဆီ လက်ဖြန့်ချင်တဲ့ အမျိုးသားအ
တွက် ဇနီးသည်က ကြားထဲက ရှက်နေရမယ့် အဖြစ်မျိုးပါ။

(၇) မညှာမတာရက်စက်လွန်းခြင်း

အမျိုးသမီးတွေဟာ အလွန်နုညံ့သူတွေ ဖြစ်ကြပါတယ်။ ဒီတော့ သူ့တို့အပေါ်မှာ မောက်မာရိုင်းစိုင်းမယ့်သူ၊ ရက်စက်မယ့်
သူ၊ ကျွဲရိုက်နွားရိုက် ရိုက်မယ့်သူဆို သိတာနဲ့ ရှောင်ရှားပါတယ်။

နတ်စည်တော် (Shwemom)

shwemom

source : lovepanky.com

SHARE