တရားစခန်းဝင်ခဲ့တုန်းက ပုံလေးတွေကို ဝေမျှ ပေးလိုက်တဲ့ ၀တ်မှုံရွှေရည်

မင်းသမီးချောလေး ၀တ်မှုံရွှေရည်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက တရားစခန်းဝင်နေခဲ့ပါတယ်။ ၀တ်မှုံရွှေရည်က အဓိဌာန် ၀င် ခဲ့ပြီး အခုဆိုရင်တော့ အဓိဌာန်အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ပရိသတ်တွေ အတွက် သူမတရားစခန်း ၀င် တုန်းက ပုံလေးတွေကို အခုလိုဝေမျှပေးခဲ့ပါတယ်။

“တရားစခန်းဝင်နေတုန်း ပုံလေးတွေ ကြည့်ချင်နေကြတယ်ဆို လို့ အိမ်ကကောင်မလေး မရိုက်တတ်ရိုက်တတ် နဲ့ ရိုက်ပေးထားတဲ့ snap လေးတွေတင်ပေးလိုက်တယ်နော်။
အားလုံးပဲ အေးချမ်းပျော်ရွှင်ကြပါစေနော်…”

 

ဝတ်မှုံရွှေရည် တရားအားထုတ်ခဲ့တဲ့ နေရာလေးကတော့ ရန်ကုန်တိုင်း မှော်ဘီမြို့ အောင်ဇမ္ဗူတောရ ကျောင်းတိုက် မှာပါ။ နေတိုးတို့ မိသားစုလည်းအဲ့ဒီကျောင်းတိုက်မှာပဲ တရားရိပ်ကို ခိုလှုံနေကြတာပါ။ ၀တ်မှုံရွှေရည်ကတော့ တရားတွေ လည်း အားထုတ် ခဲ့သလို၊လုပ်အားဒါနနဲ့လည်း ကုသိုလ် ယူခဲ့ပါတယ်။ ဘုရားရောင်တော်ဖွင့် ရွှေမိုးငွေမိုး ရွာသွန်းပေးတာ ကိုလည်း တွေ့ရသလို အာရုံဆွမ်း ကပ်လှူခဲ့တာကိုလည်း တွေ့ရပါတယ်။

READ
ဘုရင်မကြီး ဖိတ်ကြားတဲ့ပွဲမှာ နန်းဆန်စွာ လှနေတဲ့ ဂျိုလီ

from ၀တ်မှုံရွှေရည်

SHARE