“အရီးကို ကြည့်ပြီး အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်” ဆိုတဲ့ ဝတ်မှုံရွှေရည်

ရုပ်ရှင် သရုပ်ဆောင် မင်းသွေး ရုတ်တရက်ကြီး ကွယ်လွန်သွားတဲ့ သတင်းကြောင့် အနုပညာအသိုင်းအ၀ိုင်းရော ပရိသတ်တွေပါ ၀မ်းနည်းကြေကွဲနေကြပါတယ်။ ရုတ်တရက်ကြီးဖြစ်ခဲ့ရတာကြောင့် မင်းသွေးရဲ့ မိသားစု၊ မင်းသွေး ကို ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ ပရိသတ်တွေအတွက် လုံးဝ ဖြေမဆည်နိုင်ဖြစ်ခဲ့ရပါတယ်။အနုပညာရှင်တွေက နာရေး အိမ်ကို သွားပြီး သတင်းတွေ မေးကြတာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှ ပဲရစ်က ပြန်လာတဲ့ မင်းသမီး ချောလေး ၀တ်မှုံရွှေရည်ကလည်း နာရေးအိမ်ကို သတင်းမေးသွားခဲ့ပါတယ်။

 

နာရေးအိမ်ကို ရောက်တော့ မင်းသွေးရဲ့ မေမေကို ကြည့်ပြီး အရမ်းစိတ်မကောင်း ဖြစ်မိကြောင်း၊ ရုတ်တရက်ကြီး ထွက် ခွာ သွားတာဆိုတော့ ယူကြုံးမရဖြစ်တဲ့ အကြောင်းကိုလည်း ၀တ်မှုံရွှေရည်က ပြောထားပါတယ်။

READ
ဗီယက်နမ်မလေးလား အထင်မှားသွားရလောက်အောင် လှလွန်းနေတဲ့ နွယ်နွယ်ထွန်း

“မနေ့က ကိုမင်းသွေးအိမ်ကို သွားတော့ အကို့အမေ အရီးကို ကြည့်ပြီး အရမ်းကိုစိတ်မကောင်းဖြစ်မိတယ် လူတိုင်းတနေ့ သွားရမယ့်လမ်း ဆိုတာသိနေပေမယ့် ရုတ်တရက်ကြီး ထွက်သွားတော့ ယူကျိုးမရဖြစ်နေရှာတယ်။
ကိုမင်းသွေးရယ် ကောင်းမှုတွေ အများကြီးလုပ်ခဲ့တာ ကောင်းရာဘုံကို ရောက်မှာပါ။
အကို့ရဲ့ကောင်းမွန်တဲ့စိတ်ထား အားလုံးအပေါ် ဖော်ရွေတတ်တာတွေကြောင့် အကို့ကို အောက်မေ့သတိရနေမှာပါ။
ကောင်းရာသုဂတိလားပါစေ 🙏။ Rest in peace ပါအစ်ကိုရေ…..” ဆိုပြီး မင်းသွေးအတွက်ရော၊ မင်းသွေးရဲ့ မေမေ အတွက်ပါ စိတ်မကောင်းဖြစ်မိကြောင်း ၀တ်မှုံရွှေရည်က ပြောထားပါတယ်။

 

မင်းသွေးကတော့  အောက်တိုဘာ (၃)ရက်နေ့ညပိုင်းက ရုတ်တရက်ကြီး ကွယ်လွန်သွားတာပါ။ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်း အမောဖောက် လဲကျသွားရာကနေ ပါရမီဆေးရုံကို ပို့ဆောင် ကုသနေချိန်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ မင်းသွေးရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ (၄)ရက်နေ့ နေ့လယ်ပိုင်းက စံပြဆေးရုံရေခဲတိုက်ကနေ ရေဝေးသုသာန် အအေးခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးပါပြီ။ (၇)ရက်နေ့မှာ သဂြိုင်္လ်မယ်လို့ သိရပါတယ်။

from ၀တ်မှုံရွှေရည်

SHARE