Xiaomi ရဲ့ CEO Lei Jun က တော့ အသစ် ထွက်ရှိလာမယ့် Mi 11 ဖုန်းတွေ မှာ charger ပါဝင် တော့မှာ မဟုတ်ဘူး လို့ ဖုန်းသစ် တရားဝင် မိတ် မဆက် ပေးခင် မှာပဲ သူ့ရဲ့ Weibo အ ကောင့် က နေ တရားဝင် အတည်ပြု ကြေညာလိုက်ပါတယ်။သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စ တွေ ကြောင့် အခု လို မျိုး ဖယ်ရှား ပစ်ခဲ့တာပါ။ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက Apple ကနေ Charger မပါတဲ့ iPhone 12 ကို မိတ်ဆက် ပေးခဲ့ပြီး နောက်မှာပဲ Xiaomi ကပါ Charger မပါတဲ့ Mi 11 ကို အခု မိတ်ဆက် ပေးလိုက်တာပါ။ charger တွေ က ပတ်ဝန်းကျင်ကို ၀န်ထုပ် ၀န်ပိုး ဖြစ်စေ၊ ထိခိုက် စေတာကြောင့် အသစ် ထုတ်မယ့် Mi 11 မှာ charger မထည့် တော့တာလို့ Lei Jun က တော့ သူ့ရဲ့ Weibo အကောင့်မှာ တင်ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ theverge မှာ ဖော်ပြထားတာပါ။

Apple ရဲ့ iPhone 12 မှာ charger မထည့် ပေးရတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တခြားပြိုင်ဖက်ကုမ္ပဏီ Samsung အပါအ၀င် ဖုန်း ကုမ္ပဏီ တွေရဲ့ လှောင် ပြောင် တာ မျိုးတွေကို ခံခဲ့ရပါတယ်။Headphone မပါဘူး ဆိုတုန်းကလည်း တော်တော်လေး အလှောင်ခံခဲ့ရပါတယ်။ Samsung က တော့ သူ့မှာ Charging ပါ တယ်ဆိုပြီး ကြော်ငြာ ခဲ့ကာ Galaxy ကြော်ငြာ ကိုတော့ နောက်ပိုင်း မှာ ပြန်ပြီး ဖျက်ခဲ့ပါတယ်။ဆမ်ဆောင်းရဲ့ Galaxy S21 မှာ တော့ charger မပါ ၀င်ဘူး ဆိုတဲ့ ကောလာဟလ တွေ ကေ တာ့ ထွက် နေပါတယ်။ iPhone 12 မိတ်ဆက် တဲ့ အချိန်မှာတော့ Xiaomi ဘက်ကနေ Mi 10T Pro ရဲ့ ဗီဒီယိုဖိုင်အတိုကို တွစ်တာ မှာ “didn’t leave anything out of the box” ဆိုပြီး တင် ခဲ့ပါတယ်။ Mi 10T box ရဲ့ အထဲမှာ Charger ပါ တယ်ဆိုပြီး ပြခဲ့ပါတယ်။
Don’t worry, we didn’t leave anything out of the box with the #Mi10TPro. pic.twitter.com/ToqIjfVEQX
— Xiaomi (@Xiaomi) October 14, 2020
Xiaomi ရဲ့ အခု အသစ် မိတ်ဆက်လိုက်တဲ့ Mi 11က တော့ Qualcomm ရဲ့ Snapdragon 888 chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းပါ။သူ့ရဲ့ ဒီဇိုင်းပိုင်းနဲ့ specification တွေကို Upgrade လုပ် ထားပါတယ်။ Snapdragon 888 နဲ့ Mi 10 နဲ့ယှဉ်ရင် တော့ ဒီဇိုင်းပိုင်းက နည်းနည်းပဲ ပြောင်း လဲ မှု ရှိပါတယ်။ Front display က တော့ နည်းနည်းပိုကြီးလာပါတယ်။Mi 10 တုန်းက Screen (6.67) လက်မ ရှိပြီး Mi 11 က တော့ (6.81) လက် မ ရှိပါတယ်။ OLED display သစ်မှာတော့ 3200×1440 resolution ၊120Hz refresh rate ပါ ရှိမှာပါ။Mi 10 နဲ့ ယှဉ်ရင် သိသိသာသာ ကွာခြား တာ တစ်ခုက တော့ Mi 11 မှာ under-display fingerprint sensor ပါ ရှိ ပါတယ်။ Mi 11 မှာတော့ rear camera (၃) ခု .. 108 megapixel main sensor, 5 megapixel telephoto, 13 megapixel ultra-wide လည်း ပါဝင် သွားမှာပါ။ Mi 11 မှာလည်း ပို မို မြန်ဆန် တဲ့ 50W wireless charging (အရင် Mi 10 Pro မှာ တုန်းကလို) နဲ့ 4600mAh battery ပါရှိပါတယ်။
Xiaomi Mi 11 Lei Jun signature edition
Price:-
12+256GB at ¥4699 (INR 52,831) pic.twitter.com/DEAO1iUObf— Ankit (@TechnoAnkit1) December 28, 2020
Mi 11 မှာတော့ Snapdragon 888 နဲ့ RAM 8GB ဒါမှမဟုတ် 12GB ဆိုပြီး ရွေးချယ်စရာ ရှိလာ မှာပါ။ Storage အနေနဲ့က တော့ 128GB (သို့) 256GB ရှိပါတယ်။စမတ်ဖုန်း အသစ် တော်တော် များများ မှာလိုပဲ Mi 11 မှာလည်း Wi-Fi 6 နဲ့ 5 G ကို Support ပေး ထားပါတယ်။ Mi 11 ရဲ့ သိသာတဲ့ ပြောင်းလဲ မှု ကြီး charger မပါဝင်တာနဲ့ ပတ်သက်ပြီး Lei Jun က Mi 11 ဟာ Apple နဲ့ Samsung(charger မပါတာ ထုတ်မယ်လို့ သတင်းထွက်နေ) တို့ရဲ့ ခြေရာ ကို လိုက် မယ်ဆိုပြီး အပေါ်မှာ ပြောခဲ့သလို တရားဝင် မိတ်မဆက်ရ သေးခင် တည်းက အတည်ပြု ထားတာပါ။တရုတ် ဗားရှင်း Xiaomi Mi 11 ကို တော့ pre-order စတင်မှာယူ လို့ ရ နေပါပြီ။ကုန်စည်ပို့ ဆောင်မှု shipping ကတော့ ဇန်န၀ါရီ ၁ ရက် နေ့မှ စပို့ မှာပါ။ storage model 8GB RAM/128GB အတွက်က တော့ အမေရိကန် ဒေါ်လာ ($611)ကျ သင့်မှာဖြစ်ပြီး တခြား ဗားရှင်း တွေ အတွက် ဈေးနှုန်းတွေက တော့ မသိရ သေးပါဘူး။
Here’s the official Xiaomi Mi 11 price:
8GB + 128GB – CNY 3,999 (about RM2,480)
8GB + 256GB – CNY 4,299 (about RM2,666)
12GB + 256GB – CNY 4,699 (about RM2,914)55W GaN charger sold separately but Xiaomi is bundling it for free. https://t.co/o4uHECdDoy pic.twitter.com/xgn92wc6ko
— SoyaCincau (@Soya_Cincau) December 28, 2020
Xiaomi Mi official render images leaked #XiaomiMi11 #Xiaomi #Mi11 pic.twitter.com/HEu43bkuLn
— Tech Geek (@Techgeek_360) December 25, 2020
#SHWEMOM