ကမ္ဘာ့ ပထမဆုံး ဖောက်ထွင်းမြင်နိုင်တဲ့ TV အကြည်ကို Xiaomi မိတ်ဆက်

Image:Xiaomi

Xiaomi က တော့ ဖုန်းဆိုရင်လည်း တစ်မျိုးပြီး တစ်မျိုး မရိုး ရ အောင် ဖန်တီး တတ်သလို တခြား အသုံး အဆောင် လျှပ်စစ် ပစ္စည်း အမျိုး အစားတွေကိုလည်း ပုံစံ အမျိုးမျိုး နဲ့ လည်း ဖန်တီးတက် ပါတယ်။ဒီတစ်ခါ မှာ တော့ ဖောက် ထွင်း မြင် နိုင်တဲ့ TV ကို ဖန်တီးခဲ့ပါတယ်။ဒီအ ကြောင်းကိုေ တာ့ Asia One မှာ ဖော်ပြထားတာပါ။

Image:Xiaomi

Samsung ရဲ့ vertical TV ၊ The Sero နဲ့ တခြား TV မျိုးစုံ က တော့ ဈေးကွက် ထဲမှာ နေရာယူ ပြီးသား ပါ။ဒီတစ်ခါ ထုတ် တဲ့ Xiaomi ရဲ့  TV က တော့  ဖောက် ထွင်း မြင်နိုင်တဲ့ TV  ပါ။ကမ္ဘာ့ ပထမဆုံး ဖောက် ထွင်းမြင်နိုင်တဲ့ TV  အကြည်ပါ။ Mi TV LUX OLED Transparent Edition ကို တော့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အ နေနဲ့ ဖန်တီး ထုတ်လုပ်တာပါ။ကမ္ဘာ့ ပထမ ဆုံး ဖောက် ထွင်း မြင်နိုင်တဲ့ TV ကြီးပါ။ တစ်ဖက် နဲ့ တစ်ဖက် ဖောက် ထွင်း မြင် နေရတဲ့ TV ကြီး က တော့ တောက်ပတဲ့ မျက်နှာ ပြင် Display က နေ  ပုံရိပ်တွေ ကို လေထဲမှာ ဆိုင်းငံ့ ထားသလို မျိုး ဖြစ် နေ စေမှာပါ။

READ
ဗဟိုဘဏ်တွေမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုလာကြတော့မှာလား...
Image:Xiaomi

TV ရဲ့ အထူ က တော့ 5.7mm ၊ အရွယ်အစား က တော့  (၅၅)လက်မ  Full HD OLED panel  ဖြစ်တာ ကြောင့် ကြည် လင်ပြတ် သားစွာ မြင် တွေ့ ရ မှာပါ။2 x 8W sound system  ပါရှိပြီး Dolby Digital Plus, DTS-HD နဲ့  Dolby Atmos decoding တို့ ကို Support ပေး ထားပါတယ်။120Hz refresh rate, a static contrast ratio of 150000:1, နဲ့ 1ms response time ပါ။

READ
ကလေးဆော့စရာ အရုပ်ကားပုံစံတီထွင်ထားတဲ့ ရာသီဥတုဒဏ်ခံ PodRide လျှပ်စစ်ကား
Image:Xiaomi

ဒီ TV  နဲ့ ပတ်သက်ပြီး ကုမ္ပဏီ က တော့  “ဒီ TV က အိမ် အတွက်တင် မဟုတ်ပဲ ၊ galleries, ပြတိုက်၊shopping mall နဲ့ ရုပ်ရှင် ရုံ တွေ အတွက်ပါ သင့်တော်တယ်.” လို့ ပြောခဲ့ပါတယ်။ ဈေးနှုန်း က တော့ ($9,875) လောက် ရှိနိုင်ပါတယ်။လက် တ လောမှာ တော့ တရုတ် မှာပဲ အရင် ဖြန့် မှာပါ။သြဂုတ် (၁၆) ရက်နေ့က စပြီး အော်ဒါ မှာယူ လို့ ရပါပြီ။

#SHWEMOM

SHARE