ဆေးလိပ်သောက်သူနဲ့ ကိုဗစ်ရောဂါသည်ရဲ့အဆုတ် ကွာခြားပုံကိုယှဉ်ပြထားတဲ့ ဓာတ်မှန်များ

twitter/Markie Martin

ကြောက်စရာကောင်းလှတဲ့ကိုဗစ်ဗိုင်းရပ်စ်နဲ့ လူသားတွေတိုက်ခိုက်လာခဲ့တာ တစ်နှစ်နီးပါးရှိပြီဖြစ်ပေမယ့် ယနေ့အထိ ၄င်းဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မရေရာမသေချာမှုတွေက ရှိနေဆဲပါပဲ။ ကိုဗစ်ကူးစက်ခံလိုက်ရပြီဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေအများကြီးရှိနိုင်ကြောင်း ပညာရှင်တွေက ဆိုကြပါတယ်။

မကြာသေးခင်ကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ဆရာဝန်တစ်ယောက်က ကိုဗစ်နဲ့ပတ်သက်ပြီး အဖိုးတန်အချက်အလက်တွေမျှဝေခဲ့တာကို boredpanda သတင်းမှာ တွေ့ရပါတယ်။ ၄င်းဆရာဝန်ဟာ ကျန်းမာတဲ့လူရဲ့အဆုတ်၊ ဆေးလိပ်သောက်သူရဲ့အဆုတ်နဲ့ ကိုဗစ်လူနာရဲ့အဆုတ်တို့ကို X-ray ပုံတွေနဲ့ ယှဉ်ပြခဲ့တာဖြစ်ပါတယ်။

READ
အမျိုးသမီးတွေအဖြစ်များဆုံး ကင်ဆာရောဂါများနှင့်ကြိုတင်ကာကွယ်နည်းများ

ဒေါက်တာကတော့ Texas Tech University Health Sciences Center မှာ အလုပ်လုပ်နေတဲ့ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ Brittany Bankhead-Kendall ဆိုသူပါ။ ဒေါက်တာ Brittany ကတော့ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဖြစ်လာတဲ့အဆုတ်ဟာ ဆေးလိပ်အလွန်အကျွံသောက်သူရဲ့အဆုတ်ထက်တောင် အများကြီးဆိုးဝါးနေတဲ့ပုံတွေကို တွစ်တာပေါ်မျှဝေခဲ့တာဖြစ်ပါတယ်။

အဆုတ်ကျန်းမာတဲ့လူတစ်ယောက်ရဲ့ဓာတ်မှန်မှာတော့ အဆုတ်ဟာ ထင်ရှားနေတာကို တွေ့ရမှာပါ။ အဆုတ်ထဲ နေရာလပ်တွေအပြည့်ရှိတဲ့အတွက် လေတွေအများကြီးကိုရှူသွင်းနိုင်ပါတယ်။

twitter/Markie Martin

ဆေးလိပ်သောက်သူရဲ့အဆုတ်မှာတော့ မထင်မရှားဖြစ်နေကာ အမာရွတ်တွေနဲ့ အဆုတ်ဟာပြည့်ကျပ်နေတာကို တွေ့ရမှာပါ။

twitter/Markie Martin

ဓာတ်မှန်တတိယပုံကတော့ ကိုဗစ်ရောဂါသည်ရဲ့ဓာတ်မှန်ဖြစ်ပါတယ်။ အဆုတ်တစ်ခုလုံး ဖြူဖွေးလုနီးနီးဖြစ်နေပြီး အဆုတ်ဟာ ဆိုးဆိုးဝါးဝါးပျက်စီးနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာ Brittany ကတော့ ကိုဗစ်ရဲ့ဆိုးဝါးလှတဲ့နောက်ဆက်တွဲပြဿနာတွေကို မကြုံတွေ့ရစေဖို့ မဖြစ်ခင် ကာကွယ်ကြဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

twitter/Markie Martin

ShweMom

SHARE