ပရိသတ်တွေ သဘောကျနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်စရာစုံတွဲပုံလေးတွေ

ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးလေး ဧငြိမ်းဖြူနဲ့ အောင်မြင်တဲ့ လူငယ် အဆိုရှင်တစ်ယောက်ဖြစ်တဲ့ ရဲရင့်အောင်တို့ကတော့ ပရိသတ်တွေတိုင်းချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်ပါတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ နှစ်ယောက်သား အရမ်းချစ်ကြတဲ့ စုံတွဲလေးလည်း ဖြစ်လို့ ပရိသတ်တွေတိုင်း အားကျရတဲ့ စုံတွဲလေးတစ်တွဲ ဖြစ်ပါတယ်။

စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူတဲ့ သူတို့နှစ်ဦးကတော့ ပရိသတ်တွေကြားမှာ အမိုက်စား စုံတွဲလေး တစ်တွဲအဖြစ်လည်း ရေပန်းစားပါတယ်။ သူတို့နှစ်ယောက်က ဒီကနေ့မှာလည်း ချစ်စရာကောင်းတဲ့ စုံတွဲဓါတ်ပုံလေးတွေနဲ့ ပရိသတ်တွေအားကျအောင်လုပ်လိုက်ပြန်ပါပြီ။ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့နှစ်ယောက်ကတော့ လိုက်လိုက်ဖက်ဖက် အတွဲညီညီနဲ့ ဓါတ်ပုံလေးတွေ ရိုက်ကူးထားတာ အရမ်းကို ကြည့်လို့ကောင်းလွန်းနေပါတယ်။

ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Shane Photography

SHARE