အောင်မြင်သူတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ YG Producer, Teddy Park

IG/yosoyteddypark

YG Entertainment ကို သိတယ်ဆိုရင်တော့ Teddy Park အကြောင်းလည်း သိဖို့ လိုပါတယ်။ သူကတော့ နာမည်ကြီး Producer တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော်ပါတယ်ဆိုတဲ့ သီချင်းတွေကို ဖန်တီးထားသူလည်း ဖြစ်ပါတယ်။ Channel Korea ကနေ ဖော်ပြထားတဲ့ သူ့အကြောင်းတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။ အနုပညာ နာမည်က Teddy Park ဖြစ်ပေမယ့် နာမည်ရင်းကတော့ Park Hong-jun ဖြစ်ပါတယ်။ ညီမတစ်ယောက် ရှိပြီး တောင်ကိုရီးယားမှာ မွေးပြီး အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ မွေးခဲ့သူမို့ အခုဆို ၄၁ နှစ် ရှိနေပါပြီ။

အရည်အချင်းများ

အင်္ဂလိပ်စာနဲ့ ဘွဲ့ရခဲ့ပေမယ့်လည်း သူ့ရဲ့ ဝါသနာက ဂီတနဲ့ ပတ်သတ်သမျှ အရာတွေချည်းပဲ ဖြစ်ပါတယ်။ ဂီတာတီးတယ်၊ rap ရွတ်တယ်၊ hip hop သီချင်းတွေကို နားထောင်တယ်။ ဖန်တီးတယ်။ ဒီလို အနုပညာနဲ့ ပတ်သတ်သမျှမှာ သူကလည်း ပေါက်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

 

လူငယ်ဘဝ

လူငယ်ဘဝမှာ သူက Hip Hop အဖွဲ့တစ်ခုဖြစ်တဲ့ 1TYM မှာ Oh Jin-hwan, Song Baek-kyoung နဲ့ Danny Im တို့နဲ့ အတူ သီချင်းတွေကို ဖန်တီးခဲ့ကြပါတယ်။ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ် များဆီအထိ သူတို့က ဂီတတွေလည်း ဖန်တီးပြီး ဆုတွေလည်း အများအပြား ရရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။

READ
ဆေးရုံတက်နေတဲ့ ကလေးတွေကို Xbox ဂိမ်းစက်တွေပေးပြီး surprise လုပ်ခဲ့တဲ့ The Rock

 

ပရိုဂျူဆာ ဘဝ

သူကတော့ ကိုယ်တိုင် Hip Hop သီချင်းတွေကို ဖန်တီးခဲ့ရုံတင် မဟုတ်ဘဲ YG အောက်က တခြားသော အနုပညာရှင်တွေအတွက်လည်း Hip Hop သီချင်းတွေကို ဖန်တီးခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး အေဂျင်စီ သုံးခုထဲက တစ်ခု ဖြစ်တဲ့ YG Entertainment ရဲ့ ပရိုဂျူဆာ တစ်ယောက် ဖြစ်ပါတယ်။ ပရိုဂျူဆာအဖြစ်နဲ့ သူအလုပ်လုပ်ခဲ့သမျှမှာ Big Bang ရဲ့ သီချင်းတွေ၊ PSY ရဲ့ သီချင်းတွေအပြင် 2NE1 နဲ့ Black Pink တို့ရဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။

 

View this post on Instagram

 

A post shared by Teddy Park (@yosoyteddypark) on

အချစ်ရေး

၂၀၁၃ မှာ သရုပ်ဆောင် မင်းသမီး Han Ye-seul နဲ့ စတင် ချစ်ကြိုက်ခဲ့ကြပြီးတဲ့နောက် ၂၀၁၆ ဇွန်မှာ နှစ်ယောက် လမ်းခွဲတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် Han Ye-seul ဘက်က ပြောရေးဆိုခွင့်ရှိသူက သတင်းအမှားတွေ ဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့ပါတယ်။ လအနည်းငယ်ကြာတဲ့နောက်မှာတော့ Han Ye-seul အေဂျင်စီကနေ သူတို့နှစ်ယောက်က အလုပ်တွေ များလို့ လမ်းခွဲခဲ့ကြောင်းနဲ့ သူငယ်ချင်းတွေလို ဆက်ရှိသွားမယ်ဆိုတဲ့ အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အတိအလင်း တရားဝင် ၂၀၁၆ အောက်တိုဘာမှာ လမ်းခွဲဖြစ်ခဲ့ကြပါတယ်။

READ
လနဲ့ချီကြာမြင့်အောင်ဖန်တီးခဲ့ရတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းနေတဲ့ မအေးသောင်း

ကောလဟာလများ

၂၀၁၈ နှစ်ကုန်ပိုင်းမှာတော့ Black Pink အဖွဲ့က Jennie နဲ့ Teddy Park တို့ တွဲနေပါတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း အသက်ကွာလို့ မဖြစ်နိုင်ပါဘူးလို့ ထင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ YG ကနေ ဒီသတင်းက အမှား ဖြစ်ကြောင်းနဲ့ ဒီလို မဟုတ်မမှန်တဲ့ သတင်းတွေ ဆက်ဖြန့်နေမယ်ဆိုရင် တရားစွဲဆိုသွားမှာ ဖြစ်တဲ့ အကြောင်းကို ကြေညာခဲ့ပါတယ်။

 

 

View this post on Instagram

 

Today I am nostalgic #BLACKPINK#FOUReverWithBLACKPINK#ROSÉ#JENNIE#LISA#JISOO#TEDDYPARK

A post shared by @ _behind_the_artists on

ကြွယ်ဝမှုများ

tvN ရဲ့ အစီအစဉ် တစ်ခု ဖြစ်တဲ့ The List မှာ ဖော်ပြခဲ့တဲ့ သတင်းအရဆိုရင် Teddy က သီချင်းမူပိုင်ခွင့်တွေကနေ ရရှိထားတဲ့ ဝင်ငွေကတင် တောင်ကိုရီးယားဝမ် သန်း ၉၅၀ ( အမေရိကန် ဒေါ်လာ ၈ သိန်းခွဲခန့်) ရရှိထားပါတယ်။ Hongdae အရပ်မှာ ရှိတဲ့ အမေရိကန် ဒေါ်လာ ၉ သန်းတန် အဆောက်အဦး တစ်ခုကို ဝယ်ယူပြီး ကော်ဖီဆိုင်နဲ့ Studio ကို တွဲဖွင့်ထားပါတယ်။ ၂၀၁၆ တုန်းက Hyundai အုပ်စု တည်ထောင်သူရဲ့ တူဆီကနေလည်း ဟန်နမ်ဒုံမှာ ရှိတဲ့ အမေရိကန် ဒေါ်လာ ၆ သန်းခန့် တန်ဖိုးရှိတဲ့ အိမ်ကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။

လက်ရှိ

ဘာအရှုပ်အရှင်းမှာမှ ပါဝင်ခဲ့ခြင်း မရှိဘဲ သူ့ရဲ့ အလုပ်တွေပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ Han Ye-seul နဲ့ လမ်းခွဲပြီးကတည်းက ဘယ်သူနဲ့မှ မတွဲဖြစ်ခဲ့ပါဘူး။ လက်ရှိမှာတော့ ချစ်သူ မရှိတဲ့ လူပျိုကြီး တစ်ယောက် ဖြစ်ပါတယ်။

Kham

SHARE