နှစ်ယောက်တွဲပုံကို အင်စတာဂရမ်မှာ အတူတူတင်လိုက်တဲ့ ယွန်းယွန်းနဲ့အုပ်စိုးခန့်

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တဲ့ မင်းသမီးချောလေးး ယွန်းယွန်းနဲ့ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိနေတဲ့ နာမည်ကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ အုပ်စိုးခန့်တို့ကတော့ ပြီးခဲ့နှစ်က သီချင်းဗီဒီယို အတူတူ ရိုက်ကူးခဲ့ပြီး အရမ်းကို ရင်းနှီးသွားခဲ့ကြတဲ့ သူနှစ်ယောက်ဖြစ်ပါတယ်။

အုပ်စိုးခန့်ကတော့ သူရဲ့ အင်စတာဂရမ်မှာ သူ့ရဲ့ အမေ၊အစ်မနဲ့ ယွန်းယွန်းတို့ သုံးယောက်ကိုပဲ Follow လုပ်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ချစ်သူရည်းစားတွေပါဆိုတဲ့ ကောလဟာလတွေကိုတောင် ဖြေရှင်းခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ကတော့ မနေ့ညက အင်စတာဂရမ်ပေါ်မှာ နှစ်ယောက်အတူတွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံကို တင်လိုက်တာဖြစ်ပါတယ်။ ယွန်းယွန်းကတော့ “Something different with 👽sk coming soon” လို့ ပရိသတ်တွေ စိတ်ဝင်စားအောင် ရေးသားထားတာဖြစ်ပါတယ်။

READ
သက်ရှိ Disney မင်းသမီးလေး Rapunzel လို့ တင်စားခံရတဲ့ ဆံပင်ရှည်ရှည်နဲ့ ရုရှားသူလေး

ပရိသတ် အချို့ကတော့ သီချင်းဗီဒီယို ရိုက်တာလို့လည်း ကောက်ချက်ချပြောဆိုနေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေရော ဘယ်လို ထင်ကြလဲ။

Source:Yoon Yoon And Oak Soe Khant

SHARE