၂၀၂၁ ခုနှစ်မှာ ပြုလုပ်ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်နေတာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ကာလကြီးဖြစ်နေတာကြောင့် ဂျပန်နိုင်ငံအနေနဲ့ ဒီအိုလံပစ်ပြိုင်ပွဲကို ကျင်းပဖို့ တော်တော်လေး အခက်တွေ့နေတာတော့ အမှန်ပါပဲ။ တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျပန်နိုင်ငံဟာ COVID 19 မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ များစွာ ပြုလုပ်ထားတာကြောင့် တစ်ကယ်တမ်းလက်တွေ့မှာ ကျင်းပဖို့အခက်အခဲဖြစ်နေရင် ဂျပန်နိုင်ငံအနေနဲ့ တော်တော်လေး နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။
View this post on Instagram
ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Shinzo Abe ကလည်း ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဝန်ကြီးချုပ်နေရာက အနားယူသွားတာကြောင့် လက်ရှိအချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ တော်တော်လေးကို အခက်တွေ့နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း ဂျပန်နိုင်ငံရဲ့ အိုလံပစ်ဥက္ကဌဖြစ်သူ Yoshiro Mori ကနေပြီးတော့ ဂျပန်အိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ကိစ္စနဲ့ ပတ်သတ်ပြီး ပညာသားပါပါပြောကြားခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
.@Tokyo2020 here we come! #RioToTokyo pic.twitter.com/cyidw24TVr
— Olympic Channel (@olympicchannel) August 22, 2016
“၂၀၁၆ ခုနှစ်တုန်းက Rio de Janeiro မြို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အိုလံပစ်ကွင်းပိတ်ပွဲမှာ Abe တစ်ယောက် Super Mario လို ဝတ်ပြီး ပွဲတက်လာတာကိုတော့ တော်တော်များများ တွေ့ခဲ့ကြမှာပါ။ Super Mario ဂိမ်းထဲမှာဆိုရင် Super Mario ရဲ့ တွဲဖက်က Yoshi ပါ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက Abe က Mario ဆိုရင် ကျွန်တော်က Yoshi ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်နာမည်မှာ Yoshi ပါတယ်လေ။ အဓိက ပြောချင်တာကတော့ ဂိမ်းထဲမှာ Mario နဲ့ Yoshi က တွဲဖက်ဖြစ်သလို မကြာခင် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း Abe နဲ့ ကျွန်တော်က Mario နဲ့ Yoshi လိုပါပဲ။ ဒီအိုလံပစ်ပြိုင်ပွဲကို အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ ကျင်းပနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
何かあった時、画像の如く安倍マリオに乗り捨てられることがないようご注意下さいませとしか言いようがない。https://t.co/kDvrQvsWRN
森喜朗会長「安倍マリオと森ヨッシーのように助け合いながら」五輪へ安倍前首相との共闘誓う : スポーツ報知 https://t.co/etDyfO3c4s pic.twitter.com/mQnt6Znprl— 真夜中のナラティ(喪中) (@midnightnaraty) November 16, 2020
森喜朗会長今後も“安倍マリオ”と協力「安倍マリオと森ヨッシーのように助け合い」(デイリースポーツ) https://t.co/zy7EpQbo3u
【マリオにはヨッシーという頼れる仲間がいました。私の名前は喜朗でありまして、ヨッシーであります。これからも安倍マリオと森ヨッシーのように助け合いながら、】 pic.twitter.com/X60xGpEwTx
— さもありなん (@931784474221rev) November 16, 2020
အိုလံပစ် ဥက္ကဌဖြစ်သူ Yoshiro ရဲ့ စကားကို နားထောင်လိုက်ရင် လူတော်တော်များများက သဘောပေါက်ကြမှာက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လက်တွဲပြီး အိုလံပစ်ပွဲတော်ကြီးကို ကျင်းပဖို့ ပြောကြားတယ်လို့ ထင်မှာပါပဲ။ ဒါပေမယ့် Yoshiro ပြောချင်တဲ့စကားရဲ့ အနောက်မှာ အဓိပ္ပာယ်တစ်ခု ပါပါတယ်။ ဒီအဓိပ္ပာယ်ကိုတော့ Gamer တော်တော်များများသာ နားလည်ကြမှာပါ။ Super Mario ဂိမ်းထဲမှာ Mario က Yoshi ကို စီးပြီး အန္တရာယ်တွေကို ကျော်ဖြတ်ရတာပါ။ မတော်တဆ Mario က သွားနေရင်းနဲ့ ချောက်ထဲကျသွားရင်တောင်မှ Yoshi ကို ကန်ပြီး Mario က ချောက်ထဲကနေ ပြန်ခုန်တက်လာတာကိုတော့ Super Mario ဂိမ်းကစားဖူးတဲ့လူ တော်တော်များများ သိရှိကြမှာပါ။
【五輪・森会長】「安倍マリオと森ヨッシーで力尽くす」https://t.co/kmwzNMJ7Sh pic.twitter.com/WXr2TVLtZm
— (・ε・) (@puppuku) November 16, 2020
အခုလည်း အဲဒီလိုပါပဲ။ ဂျပန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Shizo Abe ဟာ COVID 19 ဖြစ်နေတဲ့ ကာလကြီးအတွင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လထဲမှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဝန်ကြီးချုပ်နေရာကနေ အနားယူသွားခဲ့တာပါ။ အဲဒီတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကင်းမဲ့နေတဲ့ ဂျပန်အိုလံပစ်ပြိုင်ပွဲရဲ့ ကိစ္စအဝဝ အားလုံးဟာ Yoshiro ရဲ့ ခေါင်းပေါ်ကိုပဲ ကျရောက်လာခဲ့တာပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေကို Super Mario ဂိမ်းနဲ့ ခိုင်းနှိုင်းသွားတဲ့ Yoshiro ရဲ့ စကားတွေကတော့ တော်တော်လေးကို ပညာသားပါတယ်လို့ ပြောရပါမယ်။ ပရိသတ်ကြီးကော…ဘယ်လိုထင်ကြလဲဗျ ?
安倍マリオと森ヨッシー pic.twitter.com/WnClnbcVx0
— 黒幕@SMM2 (@kur0mac_smm2) November 16, 2020
Pyi Hein Kyaw