ယခုနှစ်အစောပိုင်းမှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဒီဇိုင်းအပြင်အဆင်နဲ့ အခြေခံအချက်အလက်တချို့ကို ပြင်ဆင်သွားမယ်လို့ ကြေငြာထားခဲ့ပါတယ်။ စမတ်ဖုန်းနဲ့ Desktop ကွန်ပျုတာတွေအတွက် ၄င်းတို့ရဲ့ အမြင်ပိုင်းဆိုင်ရာပုံရိပ်တစ်ချို့နဲ့ နောက်ကွယ်က အယ်ဂိုရစ်သမ်တချို့ကို ပြင်ဆင်ဖို့ လုပ်နေပါတယ်။ သူတို့ ကြေငြာထားခဲ့တဲ့အတိုင်း ဖေ့စ်ဘွတ်ခ်ရဲ့ ပြင်ဆင်မှုများကိုအသုံးပြုသူတွေ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
Facebook Desktop အတွက် Dark Mode ဟာ အရင်ဆုံးထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ယခုလက်ရှိမြင်တွေ့နေရတဲ့ White Mode နဲ့ Dark Mode ကို လိုသလို ပြောင်းလဲနိုင်ပြီး Dark Mode ဟာ Desktop အတွက် ပထမဆုံး ပြောင်းလဲခြင်းတစ်ခုလည်းဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မိုဘိုင်းဖုန်းတွေအတွက်တော့ Dark Mode ပါဝင်လာခြင်းမရှိသေးပါဘူး။ Desktop အတွက် Dark Mode ရရှိပြီးမှသာ ဖေ့စ်ဘွတ်ခ်မိုဘိုင်းအတွက်ရရှိလောက်ပါတယ်။

Facebook Desktopအတွက် Dark Mode ဟာ အခုအချိန်မှာတော့ လူတိုင်းမရရှိသေးပါဘူး။ အခုအချိန်မှာ စမ်းသပ်ဆဲ ကာလဖြစ်တာကြောင့် စမ်းသပ်နေတဲ့အဖွဲ့တချို့ရဲ့ လူမှုကွန်ရက်စာမျက်နှာများမှာပဲ အသုံးပြုနိုင်ပါသေးတယ်။ Testing Group ထဲ ပါဝင်နေတဲ့ သူတွေဟာ တွစ်တာစာမျက်နှာမှာ Facebook Desktop ရဲ့Dark Mode အဖြစ် မြင်ရတဲ့ ကနဦးပုံစံတွေကို တင်ရှိခဲ့ပါတယ်။
တင်ထားတဲ့ဓာတ်ပုံတွေအရ မီးခိုးရောင်နဲ့ အမည်းရောင်တို့နဲ့ ဖွဲ့စည်းထားတဲ့ Facebook Desktop Dark Mode မှာ စာလုံးတွေဟာ အဖြူရောင်စာသားတွေအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ Android Police ရဲ့ အဆိုအရ Facebook Dark Mode ဟာ လိုအပ်ချက်တွေ၊ အပြစ်အနာအဆာတွေရှိနေသေးတယ်လို့ဆိုပါတယ်။ အထူးသဖြင့် Facebook မှာ မြင်တွေ့ရမယ့် စာသားတွေနဲ့ ပတ်သက်တဲ့ အရောင်ချိန်ညှိမှုမှာ ပြဿနာတွေများစွာရှိနပေါတယ်။ ဒါကြောင့် Facebook Desktop Dark Mode ဟာ စမ်းသပ်ဆဲအဆင့်ဖြစ်တာကြောင့် လူတွေကြားထဲ ရောက်ရှိလာဖို့ဆိုတာ အချိန်တစ်ခုအထိ စောင့်ရဦးမှာပဲဖြစ်ပါတယ်။
Facebook testing new Design in the UK @9to5mac #facebook pic.twitter.com/TdS05QwEFn
— Martin Eastwood (@Dude64Mac) October 13, 2019
iOS 13 ၊ Android 10 နဲ့ Facebook ကုမ္ပဏီပိုင်ဆိုင်တဲ့ Instagram တို့မှာလည်း Dark Mode ရရှိနေပြီဖြစ်တာကြောင့်လည်း Desktop အတွက် Facebook ရဲ့ Dark Mode ပြောင်းလဲခြင်းက သိပ်ပြီး အထူးအဆန်း မဟုတ်တော့ပါဘူး။ Facebook ကုမ္ပဏီပိုင်ဆိုင်တဲ့ WhatsApp မှာလည်း Dark Mode ရရှိတော့မှာဖြစ်ပြီး ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ပြောင်းလဲသွားမယ်ဆိုတာတော့ မကြေငြာသေးပါဘူး။ Dark Mode ပြောင်းလဲမှုဟာ အခုအချိန်မှာ ခေတ်စားလာတဲ့ trend တစ်ခုဖြစ်ပြီး ညအချိန် အသုံးပြုသူတွေအတွက် မျက်လုံးထိခိုက်မှုကို လျော့ကျစေတဲ့ အပြင် ဖုန်းရဲ့ ဘတ္တရီအားကိုလည်း သက်သာစေပါတယ်။
YYK