ရာသီခွင်တို့ရဲ့ တစ်နေ့တာ ကံဇာတာ ဟောစတမ်း ထွက်ရှိလို့လာပါပြီ။
ARIES
March 21 to April 20
ဒီနေ့မှာ သင့်ဟာ အချစ်ဇုံထဲမှာရှိနေပြီး နှလုံးသား ဦးတည်ရာကို လိုက်ပါခြင်းဖြင့် ရလဒ်ကောင်းတွေကို ရရှိနိုင်တယ်။ သင့် အလုပ်က လူတွေကလည်း လက်တွေ့ကျပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်နေပေမယ့် သင့်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။ သင်ဟာ Single တစ်ယောက်ဆိုရင် ဆွဲဆောင်မှုရှိတဲ့ Sagittarius ရာသီဖွားတစ်ယောက်နဲ့ ဆုံစည်းရဖို့ ရှိနေပါတယ်။
TAURUS
April 21 to May 21
ဒီနေ့မှာ အချစ်ရေး၊ စီးပွားရေး အလွန်ထူးခြား ကောင်းမွန်နေပါတယ်။ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း ခိုင်မာတဲ့ သစ္စာစကားတွေကြောင့် စိတ်ခံစားမှုတွေ သိပ်ကောင်းနေလိမ့်မယ်။ အရင်က လက်တွဲလုပ်ကိုင်ဖူးတဲ့ လူတွေကလည်း သင့်အတွက် အကျိုးအမြတ်တွေရရှိဖို့ အကူအညီကောင်းတွေပေးလာနိုင်တဲ့ နေ့ဖြစ်တယ်။
GEMINI
May 22 to June 21
သင့်ရဲ့ အချစ်ရေး ရွေးချယ်မှုတွေနဲ့ ပတ်သက်ရင် သင့်အိမ်၊ မိသားစု အနေနဲ့ တစ်ခါတလေ ဘယ်လိုမှ နားမလည်နိုင်ကြဘူး။ ဒါက သင့်ကို ဂရုမစိုက်လို့မဟုတ်ပါဘူး။ အခုချက်ချင်း ဆုံးဖြတ်၊ ဆွေးနွေးညှိနှိုင်းတာတွေထက် အချိန်တစ်ခုကို စောင့်တာ သင့်အတွက်မှန်တယ်ဆိုတာကို သက်သေပြနိုင်မယ်။ အလုပ်မှာတော့ သင့် စိတ်ထဲမှာ တစ်မျိုးဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ မမျှော်လင့်ပဲ ရင်းနှီးကျွမ်းဝင်သွားတာမျိုးတွေ ကြုံရတတ်တယ်။
CANCER
June 22 to July 22
ဒီနေ့မှာ သင့်လုပ်နေကြမဟုတ်တဲ့ အရာတွေကို လုပ်ကိုင်ရမယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စိတ်တွေ မြင့်တက်နေတယ်။ ထူးခြားတဲ့ ဆောင်ရွက်လှုပ်ရှားမှုတွေက အချစ်ရေးနဲ့ မိသားစုရေးမှာ ပျော်ရွှင်မှုတွေကို ရရှိစေလာပြီး အခုထက် ပိုရှာဖို့ သင့်အတွက် စေ့ဆော်မှုကောင်းတွေကို ရရှိပိုင်ဆိုင်ရမယ်။ အိမ်ကို ပြန်လည်ပြုပြင်မယ့် အစီစဉ်တွေကိုရှိနေမယ်၊ အကုန်လုံးကိုလည်း ဖြစ်အောင်လုပ်နိုင်မယ်။ Single တစ်ယောက်ဆိုရင် ဉာဏ်အမြောင်မြင် ရှိတဲ့ သူငယ်ချင်းက သင့်အတွက် ထူးခြားတဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေပေးပါလိမ့်မယ်။
LEO
July 23 to August 23
ဒီနေ့မှာ သင့် စိတ်ကျေနပ်မှုအပြည့်အ၀ရရှိပြီး စီးပွားရေးကိစ္စတွေလည်း တိုးတက်နေမယ်။ အချစ်ရေးခံစားမှုတွေလည်း မြင့်တက်နေမယ်၊ သင့်ရဲ့ ပါတနာနဲ့လည်း အနာဂတ်အတွက်ဆွေးနွေးရဖို့တွေရှိတယ်။ Single တွေဆိုရင် နာမည်မှာ တနလာင်္နံနဲ့စတဲ့သူ၊ “K” နဲ့ စတဲ့သူတွေနဲ့ ဆုံစည်းရဖို့ရှိတယ်။
VIRGO
August 24 to September 22
ဒီနေ့မှာ သင့်ရဲ့ သိုဝှက်တဲ့ ရည်မှန်းချက်တွေရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းက အသက်ဝင်လာပြီး ပန်းချီအနုပညာနဲ့ ဆိုင်တဲ့ ပါရမီရှိရင် သင့်ဟာ ဒီ့အတွက် အသင့်ဖြစ်နေမယ်။ ငွေလည်းတော်တော်လေး အိတ်ထဲကထွက်နေမယ်။ အနီးကပ်ဆုံးသူတွေက ဇိမ်ခံပစ္စည်းတွေထက် တန်ဖိုးရှိတယ်ဆိုတာကို သင့်အနေနဲ့ သတိပြုဖို့လိုတယ်။ အချစ်ရေးမှာတော့ စိတ်ခံစားမှုတွေ အလွန်ကောင်းမွန်နေပေမယ့် သင့်ရဲ့ လက်တွဲဖော်ကိုတော့ နှစ်သိမ့်အားပေးဖို့ လိုနေတယ်။
LIBRA
September 23 to October 23
သင်ဟာ ဘယ်မှာ နေရမလဲဆိုတာအတွက် စိတ်လှုပ်ရှားပြီး ခက်ခဲတဲ့ရွေးချယ်မှုတွေကို ပြုလုပ်ရမယ်။ ဒီနေ့မှာ ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်နေပြီး သင့်ရဲ့ သြဇာအရောင်အ၀ါက ဆုံးဖြတ်ချက်တွေပြင်ဆင်ရာမှာ အလွန်အထောက်အကူပေးနေမယ်။ သင်ဟာ အလုပ်များတယ်လို့ ခံစားနေရတဲ့တိုင် သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆိုတဲ့ ကတိကို အပျက်မခံဘူး။ ဒါပေမယ့် သင့်အနေနဲ့ အချစ်တစ်ခုရဲ့ ဆန်းကြယ်တဲ့ အခိုက်အတန့်တွေနဲ့ လွဲချော်ရဖို့ရှိနေတယ်။
SCORPIO
October 24 to November 22
သင်ပြောချင်တာတွေအတွက် မျိုသိပ်နေမယ့်အစား မှန်ကန်တဲ့ စကားလုံးတွေကိုရွေးချယ်ပြီး စကားစမြည်း စတင်ပြောဆိုပါ။ သင့်ဟာ နောက်တစ်ကြိမ် ထပ်ပြီး ဒိတ်လုပ်ဖို့ ဟန်ပြင်နေတဲ့သူဆိုရင် Pisces ရာသီခွင်တွေဆီကနေ နှုတ်ခွန်းဆက်လာတာကို ကြုံရမယ်၊ သင့်ရဲ့ တကယ့်ပုံစံအမှန်ကို နှစ်သက်မြတ်နိုးသူဖြစ်တယ်။ ဒါဟာ သိပ်အံသြဖွယ်ကောင်းတဲ့ စတင်မှုတစ်ခုဖြစ်တယ်။
SAGITTARIUS
November 23 to December 21
ဒီနေ့မှာ သင့်ရဲ့ အသင်းလိုက်ဆောင်ရွက်မှု၊ ခေါင်းဆောင်ပိုင်းတာဝန်ယူမှု အရည်အသွေးတွေ မြင့်တက်နေပြီး အသင်းဖွဲ့ရဲ့ ရှေ့ဆက်မှုမှာ သင်ဟာ အဓိကသော့ချက်တစ်ခုလိုဖြစ်နေမယ်။ အချစ်ရေးမှာတော့ တူညီတဲ့ ဆွဲဆောင်မှု နှစ်ခုကြားမှာ သင့်အနေနဲ့ ဗျာများနေရမယ်။ ရေရှည်ပျော်ရွှင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြတ်သားတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။
CAPRICORN
December 22 to January 20
ဒီနေ့မှာ သင့်ကိုယ်သင် ခေါင်းဆောင်းတစ်ယောက်လို အတွေးမျိုး၊ စိတ်တွေဝင်မနေဘူးဆိုရင် မျှော်လင့်မထားတဲ့ အစီအစဉ်တွေပွဲတွေမှာ အဲ့ဒီနေရာအတွက် တာဝန်ယူရမယ်။ အောင်မြင်အောင်လည်း လုပ်နိုင်မယ်၊ ဒါကို ကျေနပ်ခံစားပါ။ သင်ဟာ Single တစ်ယောက်ဆို ပျော်ရွှင်မြူတူးနေတဲ့ လူတွေပြည့်နှက်နေတဲ့ နေရာမှာ အချစ်သစ်နဲ့ ဆုံစည်းရမှာပါ။
AQUARIUS
January 21 to February 18
ဒီနေ့မှာ ရပ်နီးရပ်ဝေးက လူတွေနဲ့ စိတ်ချင်းနီးစပ်နေမယ်။ သင့်အလုပ်ကိစ္စနဲ့ ခရီးထွက်ရဖို့ရှိပြီး ဒါက သင့်လိုအပ်နေတဲ့ စွန့်စားမှုဆိုလည်း မမှားပါဘူး။ ဒီနေ့မှာ ချစ်ခြင်းမေတ္တာတွေဟာ မမျှော်လင့်တဲ့နေရာမှာ နွေးထွေးတဲ့ အပြုံးတွေနဲ့ အစချီလာဖို့ရှိတယ်။
PISCES
February 19 to March 20
သင်ဟာ Single တစ်ယောက်ဆိုရင် သင့်အချစ်အကြောင်း စဉ်းစားလိုက်တာနဲ့ သင့်စိတ်ထဲကို မျက်နှာတစ်ခု မမျှော်လင့်ပဲ ရောက်လာလိမ့်မယ်၊ ဒါဟာ ထူးခြားတဲ့ တစ်စုံတစ်ခုရဲ့ လမ်းစပဲဖြစ်တယ်။ မိသားစုနဲ့ ကတိရှိထားတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖြည့်ဆည့်ဖို့ အချိန်ဖြစ်ပြီး အားသိပ်မစိုက်ဘဲ သူတို့အတွက် အကူအညီအများကြီးပေးနိုင်မယ့် အချိန်ဖြစ်တယ်။ ငွေရေးကြေးရေး ကိစ္စတွေကလည်း ဒီနေ့မှာ အထူးကောင်းမွန်နေပါတယ်။
ဆက်ရွှေမွန်