ARIES
March 21 to April 20
ဒီနေ့မှာ သင့်ရဲ့ အိုင်ဒီယာတွေ တိုးတွက်နေမယ်။ ဒါတွေကို မပြောခင် သင့်အနေနဲ့ အသေအချာ တွေးဖို့တော့လိုတယ်။ ဒီလိုအိုင်ဒီယာတွေကနေ ငွေကြေးတွေကို ဖန်တီးနိုင်မယ်။ အချစ်ရေးမှာတော့ ကတိတွေပေးနေတာထက် လက်တွေ့ သက်သေပြဖို့လိုနေပါတယ်။
TAURUS
April 21 to May 21
ဒီနေ့မှာ သင်အနေနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ ပါတနာရဲ့ သဘောထားတွေ၊ စိတ်နေစရိုက်တွေကို မြင်ရဖို့ရှိတယ်။ ဒါဟာ တကယ်လေးနက်ပြီး သင့်အတွက် ငွေရေးကြေးရေးကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အကူအညီကောင်းတွေရရှိမယ်။ အချစ်ရေးအတွက်လည်း အိုင်ဒီယာအသစ်တွေရရှိလာမယ်။ အချစ်သစ်ကို ရှာဖွေနေသူဆိုရင် ဘ၀မှာ ခရီးတွေထွက်နေရတာနဲ့ ပြည့်နေတဲ့ သူကို စောင့်စားရဖို့ရှိတယ်။
GEMINI
May 22 to June 21
ဒီနေ့မှာ ထူးဆန်းတဲ့ ဆွဲဆောင်မှုတွေကနေ အချစ်ရေးမှာ ဦးစားပေး ဆက်သွယ်စရာတွေဖြစ်လာမယ်။ ဒါကြောင့် လူသစ်တိုင်းကို အချိန်ပေးပြီး စကားပြောဖို့လိုတယ်။ ကံကောင်းမှုတွေကလည်း ကြီးစိုးနေပြီး အလုပ်မှာလည်း အဆင်ပြေပြေရှိနေမယ်။ ဒီနေ့မှ ဈေးနှုန်းတွေ၊ တန်ဖိုးတွေကို ဂရုတစိုက် စစ်ဆေးမယ်ဆို အဓိကကျတဲ့ အရာတွေကို ရှာဖွေတွေ့ရှိမယ်။ ၆၊ ၃ စတဲ့ ဂဏန်းတွေက သင့်ရဲ့ ကံကောင်းခြင်းနံပါတ်တွေဖြစ်ပါတယ်။
CANCER
June 22 to July 22
ဒီနေ့မှာ ကံအားတွေတက်နေပြီး ဒါကို အသုံးချဖို့လိုပြီး မဟုတ်ရင် အလကားဖြစ်သွားမယ်။ သင် တကယ်လုပ်ကိုင် လိုတဲ့အလုပ်နောက်ကို လိုက်ပါ။ စဉ်းစားတွေးတောနေတာထက် ပိုပြီး အလွယ်ဆုံးနဲ့ ရရှိနိုင်ပါတယ်။ ယှဉ်ပြိုင်မှုတွေကို တခြားဘာမှ မတွေးဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါ။ အချစ်ရေးမှာလည်း တိုးတက်မှုတွေဟာ ဖြည်းဖြည်းညင်းညင်းဖြစ်ပေါ်နေမယ်။
LEO
July 23 to August 23
ဒီနေ့ လုပ်ငန်းကိုင်ငန်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ရှိတယ်။ သင့် ပထမဆုံးစလုပ်မယ့် အရာတွေနဲ့ ပတ်သက်ပြီးလည်း ကံကောင်းမှုတွေရှိနေတယ်။ ဒါကပဲ သင့်ကို ယုံကြည်မှုတွေ၊ ခွန်အားတွေ တိုးစေမယ်။ ဒီနေ့မှာ စိတ်ဆန္ဒပြင်းပြတဲ့သူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်လမ်းမှာ တွေ့ရဖို့ရှိတယ်။
VIRGO
August 24 to September 22
ဒီနေ့မှာ ဒုတိယအကြိမ်အဖြစ် အခွင့်အရေးတွေရရှိဖို့ရှိပြီး တကယ်လည်း အလုပ်ဖြစ်နေတာကို တွေ့ရမယ်။ Single တစ်ယောက်ဆို ခံစားမှုတွေဟာပြောင်းလဲနေပြီး သူငယ်ချင်းသံယောဇဉ်တွေကနေ အချစ်သံယောဇဉ်တွေအဖြစ်ပြောင်းလဲသွားနိုင်တယ်။ ပြောတဲ့စကားတွေမှာလည်း ရှေ့ဆက်လို့ ဖြစ်ပါ့မလားဆိုတဲ့ ခံစားမှုတွေ ရောထွေနေတာတွေကို တွေ့ရမယ်။
LIBRA
September 23 to October 23
ဒီနေ့မှာ စီးပွားရေးကိစ္စ သဘောတူညီမှုတွေဖြစ်ပေါ်လာဖို့ရှိဖို့ အိမ်ခြံ၊ မြေတွေကို ၀ယ်ယူဖို့ ဆုံးဖြတ်ချက်ချဖို့တွေရှိလာနိုင်တယ်။ ဒီနေ့မှာ သင့်လိုပဲ အလုပ်ပေါ်မှာ တန်ဖိုးထားတဲ လူတွေနဲ့ အတူ အချိန်တွေကို ကုန်ဆုံးပါ။ အချစ်ရေးမှာ အဆင်ပြေမှုတွေရှိနေပြီး သင့်အနေနဲ့ ပြိုင်ဆိုင်မှုတစ်ချို့နဲ့ ကြုံရဖို့ရှိတယ်။
SCORPIO
October 24 to November 22
ဒီနေ့မှာ ပြောဆိုဆက်ဆံရေးတွေ သိပ်ပြေပြစ်နေမယ်။ ကိုယ်ပုံစံအတိုင်းပဲ လုပ်ကိုင်တဲ့ အလုပ်တွေဟာ အောင်မြင်မှုတွေရရှိနေမယ်။ အချစ်ရေးမှာတော့ လျှို့ဝှက်တဲ့ ဆွဲဆောင်မှုတွေက သင်နဲ့ သင့် သူငယ်ချင်းတွေကို အံ့အားသင့်စေမယ်၊ ကံကောင်းမှုတွေကလည်း သင့်ကို စောင့်ကြိုနေတယ်။
SAGITTARIUS
November 23 to December 21
ဒီနေ့မှာ အလိုလိုသိတဲ့ စိတ်နဲ့ တခြားသူတွေရဲ့ ခံစားချက်တွေကို ကောင်းကောင်းကြီး ဖတ်ရှုနိုင်နေမယ်။ အလုပ်မှာ ယုံကြည်မှုတွေကို ပိုရရှိနိုင်ပြီး လက်ရှိသင့်ရဲ့ စိတ်ကူးတွေကို ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်မယ်။ Single ဆိုရင်တော့ ကော်ဖီဆိုင်မှာ တန်းစီရင် အပြုံးတွေနဲ့ အချစ်တစ်ခု စတင်လာဖို့ရှိတယ်။
CAPRICORN
December 22 to January 20
ဒီနေ့မှာ ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ ရည်ရွယ်ထားရင် သိပ်ကောင်းပါတယ်။ သင့် စိတ်ထဲမှာ ရှိတဲ့တိုင်း၊ နှလုံးသားဆန္ဒအတိုင်း ချစ်ခြင်းများကို ဖော်ဆောင်နိုင်မယ်။ အရင်က အလုပ်တူတူလုပ်ဖူးတဲ့ သူဆီက ဆက်သွယ်မှုတွေရရှိမယ်။ ဒါက သင့်ရဲ့ လုပ်ငန်းကို ကျယ်ပြန့်စေမှာဖြစ်ပြီး အလောမကြီးဖို့တော့လိုတယ်။
AQUARIUS
January 21 to February 18
ဒီနေ့မှာ ရှိလာမယ့် အဆိုပြုချက်တွေကို စဉ်းစားရဖို့ရှိတယ်၊ မိတ်ဆွေနဲ့ အတူတူလုပ်ဖို့ရှိတဲ့ အလုပ်တွေမှာလည်း စီးပွားရေးအောင်မြင်မှုတွေရှိမယ်။ မမျှော်လင့်တဲ့ ဧည့်သည်တွေရောက်လာမယ်။ တခြားသေား အံအားသင့်စရာတွေလည်း ရောက်လာဦးမယ်၊ စိတ်လှုပ်ရှားမှုတွေ အများကြီးဖြစ်ပေါ်နေမယ့် နေ့တစ်နေ့လည်းဖြစ်တယ်။
PISCES
February 19 to March 20
ဒီနေ့မှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ လုပ်နည်းကိုင်နည်းတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတစ်ချို့ရှိနေပြီး သင်ကိုယ်တိုင်ကလည်း ဆောင်ရွက်ဖို့ အသင့်ဖြစ်နေတယ်။ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလဲဆိုတာတော့ စောင့်ကြည့်ပါ။အချစ်ရေးမှာ ဆုံးဖြတ်စရာရှိတာတွေ အတွက် ပြတ်သားခိုင်းမာနေပေမယ့် သင့် ပါတနာအတွက်ကတော့ အချိန်အများကြီးလိုနေပါသေးတယ်။ ဒီနေ့မှာ ဘာလုပ်လုပ် သည်းခံစိတ်လေးမွေးဖို့လိုနေပါတယ်။