တရုတ်အစားအစာစစ်စစ်တွေ ချက်ပြုတ်ပြရင်း YouTube စတားဖြစ်လာတဲ့ သူမ

youtube/Souped Up Recipes

Mandy Fu Manli ဟာ ထင်ရှားတဲ့တရုတ်လူမျိုး YouTuber တစ်ဦးဖြစ်ပါတယ်။ အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ Fu ဟာ အမေရိကန်ဖလော်ရီဒါပြည်နယ်က မီးဖိုချောင်လေးတစ်ခုကနေ အလုပ်လုပ်ကာ တရုတ်စာအစားအသောက်တွေရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြသရာမှာ အောင်မြင်မှုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

Souped Up Recipes လို့အမည်ပေးထားတဲ့ သူမရဲ့YouTube ချန်နယ်ထဲမှာ subscriber ၇၃၀,၀၀၀ ကျော်ရှိပါတယ်။ ရှင်းလင်းတဲ့အင်္ဂလိပ်စကားနဲ့ အပြုံးချိုချိုလေးတွေကြောင့် တစ်ကမ္ဘာလုံးက အပျော်တမ်းဟင်းချက်ကြတဲ့ စားဖိုမှုးတွေရဲ့နှလုံးသားကို Fu က သိမ်းပိုက်ထားနိုင်သူလည်း ဖြစ်ပါတယ်။

“ကျွန်မ စစချင်းလုပ်တုန်းက ဒီလောက်ရလဒ်အကြီးကြီးရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကျွန်မက ကြီးကြီးကျယ်ကျယ်တွေမမျှော်မှန်းပါဘူး။ ကျွန်မနှစ်သက်တာလေး တစ်ခုခုပဲလုပ်ချင်မိတာ..။” လို့ဆိုပါတယ်။ Souped Up Recipes ချန်နယ်မှာဆိုရင် တရုတ်စားသောက်ဆိုင်တွေမှာ ချက်ပြုတ်လေ့ရှိတဲ့ ဟင်းလျာချက်ပြုတ်နည်းတွေကို တင်ပေးထားပါတယ်။

READ
သင့်ခန္ဓာကိုယ်မှာပရိုတင်းဓာတ်ပိုမိုစားသုံးဖို့သတိပေးနေတဲ့ကျန်းမာရေးလက္ခဏာများ

ဒီဗီဒီယိုတွေပြုလုပ်ရခြင်းရဲ့ သူမရည်ရွယ်ချက်က ရှင်းပါတယ်။ ဒါကတော့ နိုင်ငံခြားသားတွေကို တရုတ်ဟင်းလျာစစ်စစ်ရဲ့အရသာကို ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်အောင်လို့ အစကနေ တစ်ဆင့်ချင်း ရှင်းလင်းပြသပေးတာပဲဖြစ်ပါတယ်။ Fu ဟာ ပရော်ဖက်ရှင်နယ်ဖြစ်အောင် လေ့ကျင့်သင်ကြားထားတဲ့ စားဖိုမှုးတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အသက် ၁၀နှစ်လောက်မှာပဲ ဟင်းကောင်းကောင်းချက်တတ်အောင် သင်ယူလေ့လာခဲ့တာပါ။ သူမဟာ တရုတ်ဆေးပင်တွေအကြောင်းလေ့လာတဲ့ အဓိကဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူဖြစ်ပါတယ်။

“ကျွန်မက ဟင်းချက်တာကိုသဘောကျတယ်။ ဒါကြောင့်လည်း ဒီချန်နယ်ကိုလုပ်ခဲ့တာပါ။ ကျွန်မရဲ့နိုင်ငံခြားသားမိတ်ဆွေတွေကိုလည်း စစ်မှန်တဲ့တရုတ်ဟင်းလျာဟာ ဘယ်လိုမျိုးလဲ သိစေချင်တယ်။ အမေရိကန်မှာရှိကြတဲ့ တရုတ်စားသောက်ဆိုင်တော်တော်များများက အမေရိကန်ဆန်လွန်းတယ်။ အရသာက အစစ်အမှန်မဖြစ်ဘူး။” လို့ Fu က ပြောပြပါတယ်။

Fu ဟာ သူမရဲ့ချန်နယ်ကို ၂၀၁၇ခုနှစ်အစောပိုင်းမှာစတင်ခဲ့ပြီး ပထမဆုံးသူမချက်ပြခဲ့တဲ့ဟင်းလျာကတော့ သူမအနှစ်သက်ဆုံးဟင်းလျာဖြစ်တဲ့ တရုတ်ဝက်သားကင် char siu ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး Fu ဟာ တရုတ်ဟင်းလျာအရသာစစ်စစ်စားချင်သူတွေ၊ တရုတ်ဟင်းလျာကို ချက်ပြုတ်ချင်သူတွေအတွက် အပတ်စဉ် ပုံမှန်ဗီဒီယိုတွေတင်ဆက်ပေးလျက်ရှိကြောင်း scmp သတင်းကနေ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

READ
ကမ္ဘာတစ်လွှား နိုင်ငံတစ်ချို့ရဲ့ ထင်ရှားတဲ့ မနက်စာပြင်ဆင်မှုများ

ShweMom

SHARE