ဆံပင်စတိုင်သစ်လေးနဲ့ အရမ်းကို လှနေတဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ မင်းသားကြီး လွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ ချစ်စရာ သမီးချောလေးတစ်ယောက်ပါ။ ပြုပြင်စရာ မလိုပဲ နဂိုသဘာဝ ပြီးပြည့်စုံတဲ့ အလှအပကို ပိုင်ဆိုင်ထားသူလေးပါ။မြန်မာနိုင်ငံက အမျိုးသားထုကြီးရဲ့ ချစ်ခင်နှစ်သက် အားပေး မှုကို အပြည့်အ၀ ရထားသူလေးပါ။ရုတ်တရက်ထွက်ပေါ်လာတဲ့ သူမရဲ့ မင်္ဂလာပွဲကြောင့် အမျိုးသားပရိသတ်တွေ တော် တော် များများ အသည်းကွဲခဲ့ကြပါသေးတယ်။

ယွန်းဝတီလွင်မိုးနဲ့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်တို့ဟာ ဇန်နဝါရီလ (၄) ရက်မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပါတယ်။ မင်္ဂလာပွဲ မတိုင်ခင် ရက်ပိုင်းအလိုတည်းက သူတို့ချစ်သူနှစ်ဦးရဲ့ မင်္ဂလာဖိတ်စာဟာ အွန်လိုင်းမှာ ပျံ့ခဲ့တာပါ။ မင်္ဂလာလက်မှတ် ရေးထိုးပွဲ MEL IA Hotel Yangon မှာ ကျင်းပပြုလုပ်ခဲ့ပြီး မင်္ဂလာညစာ စားပွဲကိုလည်း အဲ့ဒီနေ့ ညမှာပဲ ကျင်းပခဲ့ပါတယ်။ မင်္ဂလာဦး ဆွမ်းကျွေးကိုတော့ ဇန်န၀ါရီလ(၈)ရက်နေ့က တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

READ
ရိုက်ကွင်းပေါ်က အမိုက်စားဗီဒီယိုဖိုင်တွေကို Kendall Jenner ဝေမျှ

ယွန်းဝတီလွင်မိုးတစ်ယောက် ကိုယ်ဝန်ရနေပြီလားဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါသေးတယ်။သူမရဲ့ မိခင် ဖြစ်သူ ဒေါ်မေသူ တင်လိုက်တဲ့ Post တစ်ခုကြောင့်ပါ။ပုံထဲမှာ ဗိုက်ထွက်နေတာကြောင့် အားလုံးက ယွန်းလေး တစ်ယောက် ကိုယ်ဝန်ရနေပြီလားဆိုပြီး ထင်ကြေးပေးခဲ့ကြတာပါ။ကိုယ်ဝန်သတင်းတွေ ထွက်ပြီး ရက်အနည်းငယ်မှာပဲ ယွန်း လေးတစ်ယောက် ဆံပင်ညှပ်လိုက်ပါတယ်။ဆံပင်ဆံတိုင်သစ်လေးနဲ့ ပုံလေးတွေကို လည်း fb မှာ တင်ထားပါတယ်။ နောက်ဆုံး တင်ထားတဲ့ ပုံလေးမှာတော့ ခေါင်းလျှော်ပြီးခါစ ပုံလေးဖြစ်ပြီး သူမရဲ့ မိတ်ကပ်ချယ်သ မထားတဲ့ မျက်နှာ လှလှ လေးကို တွေ့ရမှာပါ။

from ယွန်းဝတီလွင်မိုး

SHARE